Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ခြေထောက်နှစ်ဖက်လုံး ဆုံးခဲ့ရပေမယ့် ဇွဲမလျော့ပဲ ဧဝရတ်တောင်ထွဋ် ရောက်အောင်တက်ခဲ့သူ

Image



တရုပ်နိုင်ငံက တောင်တက်သမား Xia Boyu ဆိုသူဟာ ခြောထောက်နှစ်ဖက်မရှိပဲ ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ဧဝရတ်တောင်ထွဋ်ဖျားထိ တက်နိုင်ခဲ့ပါတယ်။

Xia Boyu ဟာ အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ဧဝရတ်တောင်ကို တက်ဖို့ ကြိုးစားရင်း ခြေထောက်နှစ်ဖက်စလုံး စွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။

Xia ရဲ့ ပထမဦးဆုံး ဧဝရတ်ခရီးစဉ်က ၁၉၇၅ ခုနှစ်ကဖြစ်ပြီး တရုပ်တောင်တက်အဖွဲ့နဲ့အတူ ဧဝရတ်တောင်ထိပ်ရောက်အောင် တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတုဒဏ်ကြောင့် တောင်ထွဋ်ဖျားနဲ့ မီတာ ၂၅၀ ထိသာ ​ရောက်ခဲ့ကြပါတယ်။

တောင်ပေါ်မှပြန်အဆင်းမှာတော့ ၂ ရက်နဲ့ ၃ ည ပိတ်မိနေခဲ့ပါတယ်။ အဲဒီလို ရာသီဥတုဆိုးရွားချိန်မှာ Xia က သူ့ရဲ့ အိပ်ယာလိပ်ကို အခြေအနေဆိုးရွားသည့် အဖွဲ့ဝင်တစ်ဦးအား ကိုယ်ကျိုးစွန့်ပြီး ကူညီခဲ့ပေးအပ်ခဲ့သည်။

အဲဒီအတွက် နောက်ဆုံးရလဒ်ကတော့ သူ့ရဲ့ခြေဖျားတွေ နှင်းကိုက်ဒဏ်ကြောင့် ခြေဖျားနှစ်ချောင်းလုံး ဖြတ်ပစ်ခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်မှာ သွေးဖြူဥပြဿနာကို ကုသနေရင်း သူ့ရဲ့ခြေထောက် နှစ်ဖက်စလုံးကို ဒူးအောက်ကနေ ဖြတ်လိုက်ရပြန်ပါတယ်။ တောင်တက်သမားတစ်ယောက်အတွက် မျှော်လင့်ချက် အိမ်မက်တွေ လုံးဝ ဆိတ်သုဉ်းသွားရတဲ့အချိန်ပါ။

ဒါပေမယ့် ခေါင်းမာပြီး ဇွဲနပဲကြီးတဲ့ Xia က ခြေထောက်ဖြတ်ပြီး ၂ နှစ်လောက်အကြာမှာ တောင်တက်ဖို့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းခဲ့ပါတယ်။ သူ့ရဲ့ အိမ်မက်က ဧဝရက်တောင်ရဲ့ တောင်ထွဋ်ဖျား ကမ္ဘာ့အမြင့်ဆုံးနေရာထိ ရောက်နိုင်ဖို့ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဧဝရတ်တောင်ကို ပြန်သွားခဲ့ပေမယ့် နှစ်နှစ်စလုံး သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ပါတယ်။ ပထမတစ်နှစ်မှာ ရေခဲတောင် ကျောက်တုံးတွေ ပြတ်ကျလာတာကြောင့် တောင်တက်သမား ၁၆ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယတစ်နှစ်မှာ ငလျင်လှုပ်ခဲ့တာကြောင့် အကုန်လုံး ဖွတ်ဖွတ်ညက်ညက်ကြေကာ လူ ၉၀၀၀ နီးပါး အသက်ဆုံခဲ့ရပါတယ်။

ဇွဲမလျော့တဲ့ Xia က ၂၀၁၆ ခုနှစ်မှာ ထပ်သွားပြန်ပါတယ်။ ဒီတစ်ခါတော့ တောင်ထိပ်ရောက်ပြီး တောင်ထွဋ်ဆီရောက်ဖို့ မီတာ ၁၀၀ အလိုမှာ ရာသီဥတုအခြေအနေကြောင့် ချက်ခြင်းပြန်ဆင်းဖို့ ညွှန်ကြားခံရတာမို့ သူ့ရဲ့ဆန္ဒနဲ့ လက်မတင်လေး လွဲခဲ့ရပြန်ပါတယ်။

“အဲဒီအချိန်မှာ ကျွန်တော်တစ်ယောက်ထဲ ဖြစ်နေမယ်ဆိုရင် နှစ် ၄၀ လောက်စောင့်ခဲ့ရတဲ့ အိမ်မက်ကို ဖြစ်ချင်ရာဖြစ် နောက်မဆုတ်ပဲ ရအောင် တက်ဖြစ်မှာပါ၊ ဒါပေမယ့် နောက်ပြန်လှည့်ကြည့်တဲ့အခါ ကျွန်တော့်အဖော် ၅ ဦးက ကျွန်တော့်ကို ကြည့်နေတယ်၊ သူတို့မှာ မိသားစုကိုယ်စီနဲ့လေ ဒါနဲ့ပဲ စိတ်လျှော့ပြီး ပြန်ဆင်းလာရတယ်” လို့ Xia က အဲဒီတုန်းက အဖြစ်ကို ပြောပြပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ Xia ရဲ့ ဆန္ဒအိမ်မက်တွေ ပြည့်ခဲ့ပါပြီ ပင်လယ်ရေမျက်နှာပြင်ကနေ မီတာ ၈၈၄၈ အမြင့်ရှိတဲ့ ဧဝရတ်တောင်ထွဋ်ဖျားကို မတ်လတုန်းက အရောက်တက်နိုင်ခဲ့ပါတယ်။ Xia ဟာ ဧဝရတ်တောင်ထွဋ်ဖျားကို ခြောထောက်နှစ်ဖက်စလုံးမရှိပဲ ရောက်အောင် တက်နိုင်တဲ့ ဒုတိယမြောက်လူဖြစ်ပြီး အသက်အကြီးဆုံး တောင်တက်သမားအဖြစ် မှတ်တမ်းတင်သွားခဲပါတယ်။

(ပထမဦးဆုံး ခြေနှစ်ဖက်မရှိပဲ တောင်ထွဋ်ဖျားရောက်ခဲ့သူက နယူးဇီလန်နိုင်ငံမှ Mark Inglis ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကအောင်မြင်ခဲ့တာပါ)

ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာလည်း ရှုံးနိမ့်မှုတွေ ကြုံတွေ့ရတိုင်း Xia ရဲ့ အကြောင်းကို ပြန်တွေးရင်း အဖန်တလဲလဲကြိုးစားမှုနဲ့ မိမိယုံကြည်ရာပန်းတိုင်ကို အရောက်လှမ်းနိုင်ကောင်းပါရဲ့...။

ဖိုးသူတော် (www.phothutaw.com)

Credit: popolay.

#

Tags:
  • ,

Latest Comments

Leave a Comment