Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ခြင်ကြောက်သော ခန္ဓာကိုယ်အနံ့ကိုဖြစ်စေသည့် အစားအစာများ

Image



ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ယင်းတို့တွင် Allicin Compound ပါ၀င်ပြီး စားပြီးသည် နှင့် ချွေးပေါက်များမှ ယင်းအနံ့များ ထွက်လာတတ်သည်။ အလားတူ Allicin အနံ့ကိုထွက်စေသော အခြားအရာများမှာ ကြက်သွန်မိတ်၊ shallots ခေါ် ကြက်သွန်နီကလေး၊ chive ကြက်သွန်မိတ်ကဲ့သို့သော ဟင်းခတ်အပင်များသည်လည်း စား ပြီးလျှင် ချွေးပေါက်မှ အလားတူ အနံ့များထွက်စေသည်။

ပန်းသီးဗနီကာ (Apple cider vinegar)

မိမိ၏ခန္ဓာကိုယ် အနံ့ကို ပြောင်းလဲစေသည်။ သို့သော် သူတပါးကို အနှောင့်အယှက်ပေး လောက်သည့်အခြေအနေမျိုး မဖြစ် ချေ။ ပန်းသီးဗနီကာ စားပွဲဇွန်း (၁) ဇွန်းကို ပျားရည်နှင့် ရော၍ တနေ့ လျှင် အနည်းဆုံး (၁) ကြိမ် သောက် ပေးပါ။ ဟင်းချိုများ၊ ဟင်းသီး ဟင်းရွက်သုပ်များ၊ အဖျော်ယမကာ များတွင်လည်း ထည့်သွင်းစားသုံးနိုင် သည်။

စပါးလင်

စပါးလင်ဆီကို လိမ်းခြင်းဖြင့် လည်း မိမိကို ခြင်းများမကိုက်ကြချေ။ စပါးလင်ကို စားခြင်းဖြင့်လည်း အလားတူ အကျိုးရရှိစေသည်။ ဟင်း ချိုများ၊ ဟင်းများ၊ ဘာဘီကရူး (barbecue) အသားကင်များတွင် အသုံးပြု စားသုံးနိုင်သည်။

ခရမ်းချဉ်သီး

ဗီတာမင် B1 ဟု လူသိများ သော thiamine ပါ၀င်သဖြင့် ခရမ်းချဉ်သီးစားသူများ အနားကို ခြင်သိပ်မကပ်ပဲရှိမည်။ ခြင်ကိုက် သောနေရာကို ခရမ်းချဉ်သီးနှင့် ပွတ်ခြင်းဖြင့် ယားယံမှုကို ရပ်တန့်စေ သည်။ အသုပ်တွင်ထည့်သုပ်ခြင်း၊

ခရမ်းချဉ်သီးဟင်းချို ချက်စားနိုင် သည်။

ဂရိတ်ဖရု (Grapefruit)

ဗီတာမင် C ကြွယ်၀ပြီး အင်တီအောက်ဆီးဒင့်ကို တိုးစေ သည်။ ခြင်အပြင် ကြမ်းပိုး၊ ခေါင်းမှ သန်းများပင် မကပ်နိုင်ချေ။ အဓိက မှာ grapefruit ၌ပါ၀င်သော nootkatone ကြောင့်လည်း သဘာ၀ ပိုးမွှား ကာကွယ်နိုင်စွမ်းကိုဖြစ်စေ သည်။ နေ့စဉ်စားသုံးပေးပါ။

ငရုတ်သီး

အပူကိုထုတ်သော capsaicin ကြောင့် ခြင်ကဲ့သို့ အင်းဆက်ပိုးမွှား ကိုက်ခြင်းကို ကာကွယ်နိုင်သည်ဖြစ် ရာ ငရုတ်သီးစားခြင်းဖြင့် မိမိခန္ဓာ အနားသို့ ခြင်များကပ်ခြင်းကို ကာကွယ်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)

Credit:Health Updates Journal

#

Tags:
  • ,

Latest Comments

Leave a Comment