Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ချဲလ်ဆီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ရဲ့ ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် ...!

Image



ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) အဖြစ် ဇယားထိပ်မှာရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ဟာ စနေနေ့ည မြန်မာစံတော်ချိန် ည (၉း၃၀) နာရီတွင် စတမ်းဖို့ဒ်ဘရေချ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး (၁၂) ပွဲမှာ (၁၁) ပွဲအထိ အနိုင်ရရှိခဲ့ပြီး ပေးဂိုးမပေးခဲ့ရသည့်ပွဲ (၇) ပွဲအထိရှိလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်တဲ့အပြင် အသင်းရဲ့စုစည်းမှုလည်း အားကောင်းနေပါတယ်။

ဆွမ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲမှာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး တစ်ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။ ဆွမ်ဆီးအသင်းဟာ တန်ဆင်းဇုန်အန္တာရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပွဲကို ကစားသမား အစုံအလင်နဲ့ ပွဲထွက်ကစားလာနိုင်မှာ ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၈) ပွဲမှာ (၄) ပွဲအနိုင်ရရှိထားခဲ့သလို (၄) ပွဲရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေခဲ့ပေမယ့်လည်း ဝုလ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွင် ဂိုးပေါက်ပြန်တွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်၊ ဖာဖရီဂတ်စ်၊ ဝီလီလျံတို့လို ကစားသမားတွေကြောင့် ဆွမ်ဆီးအသင်းရဲ့ ခံစစ်ကို ဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ရေပန်းစားနေတဲ့ ချဲလ်ဆီးအသင်းနဲ့ တန်ဆင်းဇုန်ကနေ ရုန်းထွက်ဖို့ သူတို့နှစ်သင်းရဲ့ အားပြိုင်မှုကိုစောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် ချဲလ်ဆီး (၃-၁) ဆွမ်ဆီး

ဖိုးသူတော် (www.phothutaw.com)

Credit:Momolay

#

Latest Comments

Leave a Comment

Related News