Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ချောက်တွင် (၁၃) နှစ်အရွယ်ကျောင်းသူကို ခိုးယူပေါင်းသင်းမှုဖြစ်

Image



မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ် (၅) နယ်မြေ တွင် ဧပြီ လ ၉ ရက် ည က အသက် (၁၄) နှစ်အရွယ်ကျောင်းသူမိန်းကလေးကို တစ်ရပ်ကွက်ထဲနေသူ အမျိုးသားက ခိုးယူပေါင်းသင်းမှု ဖြစ်ပွားခဲ့ကြောင်း ချောက်မြို့မရဲစခန်းထံမှသိရှိရသည် ။

အမှတ် ၅ နယ်မြေတွင်နေထိုင်သော အသက်(၂၄) နှစ်အရွယ် အမျိုးသားနှင့် သူ၏ ညီမဖြစ်သူ တို့သည် ခိုးယူပေါင်းသင်းခံရသော မိန်းကလေး၏ နေအိမ်သို့လာရောက်၍ ဘုရားပွဲသို့ကြည့်ရှုမည် ဟု ဆိုကာ မိန်းကလေး ကို လာခေါ်သဖြင့် ဖခင်နှင့် ဦးလေးဖြစ်သူထံ ခွင့်တောင်းပြီးလိုက်သွားခဲ့ရာ လမ်းခုလတ်အရောက်၌ ညီမဖြစ်သူက ၄င်း ၏ နေအိမ်သို့ အနွေးထည် သွားယူလိုက်အုန်းမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားစဉ် အကိုဖြစ်သူ ၂၄ နှစ် အရွယ် အမျိုးသား က '' ဒီအချိန်ကြီးဆို ပွဲသွားလို့မကောင်းတော့ဘူး လိုက်မပို့တော့ဘူး ။ သူ့ညီမကို အိမ် ပြန်တော့လို့ပြောတယ် ၊ သမီး ကို ဒီအချိန် နင်ပြန်ရင် နင့်အမေ နင့်အစ်ကိုတွေက ရိုက်မှာလို့ သူ့ကို ကြိုက်ရင် ရှာကျွေးမှာ ဟု ပြောဆိုကာ သူ၏ အိမ်သို့ခေါ်ဆောင် သွားကြောင်း၊ ယင်းအမျိူးသား၏ မိခင်ဖြစ်သူက မိန်းကလေး ကို နေအိမ် ပြန်ပို့ပေးရန်စေခိုင်းသဖြင့် ဇောတိက ရပ်ကွက် ရှိ သူငယ်ဖြစ်သူ၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည် ဟု ၁၃ အရွယ် မိန်းကလေး ဖြစ်သူ က ပြန်လည်ပြောပြသည်။

ကျောင်းသူ မိန်းကလေး၏ မိခင်ဖြစ်သူက နေအိမ်သိုပြန်ရောက်သည့် အချိန်တွင် သမီးဖြစ်သူ ကို မတွေ့ရှိသောကြောင့် စုံစမ်းကြည့်ရာတွင် သင်ကာမကင်း သဖြင့် အမှတ်(၅) မော့တန်းလျား ရပ်ကွက် ရာအိမ်မှူး နှင့် ရပ်ကွက်နေပြည်သူများ၏ အကူအညီ ရှာဖွေခဲ့ရာ ဇောတိက ရပ်ကွက် နေအိမ်သို့ တွေ့ရှိသဖြင့် ချောက် မြို့မ ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ချောက်မြို့မ ရဲစခန်း (ပ) ၉၆/၂၀၁၈ အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရှိဘဲ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်း နေထိုင်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: Thevoice

Tags:

Latest Comments

Leave a Comment

Related News