Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့အကြောင်း ထုတ်ပြောလိုက်တဲ့ ရွှေထူး

Image



ချစ်သူသက်တမ်း ခြောက်နှစ်ကျော်ရှိနေခဲ့ပြီး Long Distance Relationship  ကို ပိုင်ဆိုင်ထားခဲ့တဲ့ အဆိုတော် ရွှေထူးရဲ့ အချစ်ရေးက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ Long Distance Relationship ကိုပိုင်ဆိုင်ပြီး သာယာတဲ့ အချစ်ရေးကြောင့် ပရိသတ်တွေ အားကျခဲ့ရတဲ့ သူတို့စုံတွဲလေးက လမ်းခွဲလိုက်တာကြာပြီလို့ ရွှေထူးကိုယ်တိုင် အတည်ပြုလုပ်ပါပြီ။

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သူတို့နှစ်ယောက် Relationship နဲ့ ပတ်သက်လို့ Live လွှင့်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ Relationship က ပြီးသွားတာ ကြာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ လမ်းခွဲလိုက်ကြတာပါ။ အဲ့ဒါကို အကုန်လုံးကို ပြောပြချင်လို့ Live လိုက်တာပါ။ ကျွန်တော့်ကို ချစ်တဲ့သူတွေ ကျွန်တော့်သီချငး်တွေ ချစ်တဲ့သူတွေအားလုံး ကျွန်တော့်ကို ဆက်ချစ်ပေးပါ။ကျွန်တော့်တို့ Relationship ကို ချစ်တဲ့သူတွေအားလုံးကိုတော့ ကျွန်တော့်ကို ချစ်ပါလို့ မတောင်းဆိုပါဘူး။ကျွန်တော်တစ်ခါမှ ဒီလိုမပြောဖူးဘူးဆိုတာ အားလုံးသိမှာပါ။ ကျွန်တော်တို့ လမ်းခွဲလိုက်ပါပြီ။ ကျွန်တော့်ဘက်က အတိအလင်းပြောပြတာပါ။ မီဒီယာတွေ အကုန်လုံးကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း ခဏလောက်ဘယ်သူမှ မမေးပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်ဝမ်းမနည်း ပါဘူး။ ဒီတိုင်းပဲ အလုပ်ဆက်လုပ်သွားမယ်။ သီချင်းဆက်ဆိုမယ်။ ကျွန်တော့်ကို အားပေးသည်ဖြစ်စေမပေးသည်ဖြစ်စေ သီချင်းတွေ ဆက်ဆိုမယ်။ ကျွန်တော့်ရဲ့ အနုပညာကို အားပေးကြလို့ ပြောချင်ပါတယ်။ " လို့ ပြောခဲ့ပါတယ်။

https://www.facebook.com/shwehtoopancakekalaylay/videos/10209971165236336/?t=0

မကြာခင်မှာလည်း ရွှေထူးရဲ့ သီချင်းအသစ်ဖြစ်တဲ့ ခလုတ်သီချင်းကို အွန်လိုင်းကနေ တင်ပေးဖို့ ပြင်ဆင်နေတယ်လို့ အဲ့ဒီLive ထဲမှာ ပြောပြထားပါတယ်။ သူ့ဘက်က မှားခဲ့တယ်ဆိုရင်တောင်းပန်တယ်လို့ ဆက်လက်ပြောထားပါတယ်။ လက်ရှိအချိန်မှာ ရှိုးပွဲတွေ ဆက်တိုက်သီဆိုနေရတဲ့ အဆိုတော် ရွှေထူးက မကြာခင်မှာ ဝတ်မှုံရွှေရည်နဲ့အတူ ဇာတ်ကားရိုက်ကူးဖို့ ရှိတယ်လို့သိရပါတယ်။

ရွှေထူးဟာ သင်္ကြန်တစ်တွင်းလုံးမှာ ဖျော်ဖြေရေးတွေနဲ့အတူ ရှိနေခဲ့ပြီး သင်္ကြန်အပြီးမှာ သာသနာ့ဘောင်ထဲ ဝင်ခဲ့ပါသေးတယ်။ သာသနာ့ဘောင်ကနေ ပြန်ထွက်လာပြီးမှာလည်း ဂီတပိုင်းနဲ့ အလုပ်တွေ ရှုပ်နေခဲ့တာပါ။ မကြာခင်မှာလည်း သူ့ရဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ အသဲစွဲအဆိုတော်တွေထဲမှာ ရွှေထူးလည်းတစ်ယောက်အပါအဝင်ပါ။ သူ့အနေနဲ့ စိတ်ကူးယဉ်စာ အုပ်ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ခဲ့တုန်းကလည်း ပရိသတ်တွေအများကြီးအားပေးခဲ့ကြသလို ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ I Album အခွေ ကလည်း လူငယ်ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

သီချင်းခွေတွေမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ရွှေထူးဟာ သရုပ်ဆောင်ဘက်မှာလည်း သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ လည်း ရှိလို့နေပါပြီ။လူငယ်မိန်းကလေး အများစုရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ရွှေထူးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ် လို့နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News