Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ချစ်သူကရည်းစားခိုးထားတာတွေလည််း ရှိတယ်ဆိုတဲ့ မထက်

Image



Ma Htet (Pop Soul) ဆိုတာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက အရည်အချင်းရှိ Make Up artist တစ်ယောက်အဖြစ် လူတွေစသိခဲ့ကြတဲ့ နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ မထက်က ဘဝမှာအမြဲတမ်းမိန်းကလေးတစ်ယောက်အဖြစ်နေချင်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်နှစ်အချိို့ကပဲ တကယ့်မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ပရိသတ်တွေကတော့ မထက်တစ်ယောက် Transgender လုပ်လိုက်လည်း ချစ်နေကြဆဲပါပဲ။ ဒီလိုပဲ မထက်ရဲ့ ချစ်သူကလည်း မထက်ကို Trans မလုပ်ခင်ကတည်းကချစ်ခဲ့တာဖြစ်ပုံရပါတယ်။ မထက်က သူမရဲ့ အချစ်ရေးကို Myanmar Celebrity နဲ့ Interview မှာ မျက်ရည်ဝဲစရာရင်နင့်စရာ ပြောပြထားခဲ့ပါတယ်။

မထက်က ချစ်သူကိုချစ်ရတဲ့အကြောင်းလေးတွေကို “အစ်မချစ်သူက အစ်မထက်ငါးနှစ်လောက်ငယ်တယ်။လူကြီးဆန်တယ်။နားလည်မှုရှိတယ်။”လို့ပြောပြထားပြီး ချစ်သူကိုပရိသတ်သိအောင်ချမပြသေးတာကိုလည်း “ဒါပေမယ့် အားလုံး Public မှာထုတ်ပြရလောက်တဲ့ အနေအထားအထိ အစ်မတို့ကနေလို့ မရသေးတဲ့ အနေအထားဆိုတော့လေ အဲ့အတွက်ကြောင့် အစ်မတို့ကလူသိမခံပဲ နဲ့ ပဲနေတာပေါ့နော်။ ဘာလို့ဆို အစ်မတို့နှစ်ယောက်ထဲက ပြဿနာမရှိဘူးဆိုပေမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေ ပါလာတဲ့အခါ အစ်မတို့နှစ်ယောက်ကြားမှာ နည်းနည်းအခက်အခဲလေးရှိတယ်။အဲ့ဒါကြောင့်မို့ အစ်မတို့ လူသိမခံတာပါ”လို့ ပြောပြထားပါတယ်။

မထက်က သူတို့နှစ်ယောက်ရဲ့ချစ်သူဘဝအကြောင်းတစ်စေ့တစ်စောင်းကို “အစ်မတို့က ပထမနှစ်ပိုင်းတွေဆိုလို့ရှိရင် တကယ်လည်းမချစ်သလို အဆင်ပြေသလိုညှိနှိုင်းပြီးတော့ နေခဲ့ကြတာပေါ့နော်။ အဆင်ပြေလို့တွဲတယ်ဆိုတာမျိုးနဲ့ သွားထားတယ်။ နောက်ပိုင်းမှတစ်နှစ်ကျော်လောက်မှ အစ်မတကယ်ကြိုက်ဖြစ်တာ။ ကိုယ့်အပေါ်ဦးဆောင်နို်င်တယ်။ ကိုယ့်အပေါ်အရမ်းကောင်းတယ်။ အဲ့ဒါမျိုးလေးတွေက အစ်မအပေါ်ဆွဲဆောင်မှုရှိတဲ့ အချက်တွေပေါ့နော်။”လို့ပြောပြထားပါတယ်။

မထက်က သူ့ချစ်သူအပေါ် ဘယ်လောက်ချစ်သလဲဆို ရည်းစားခိုးထားရင်တောင် ခွင့်လွှတ်ပေးပါတယ်တဲ့။ “သူရည်းစားခိုးထားတဲ့ အခါမျိုးကျတော့လည်း မသိချင်ယောင်ဆောင်ပေးရတာပေါ့နော်။ ဘာလို့ဆိုတော့ ယောက်ျားလေးလေ.. ရှိမှာပေါ့နော်။အစ်မတို့တောင်မှပဲ ဟိုင်းတို့ဘာတို့ဆို ကိုယ်လည်း reply ပြန်ဖြစ်သေးတာပဲ။ သူ့အနေနဲ့ ယောက်ျားလေးဆိုတော့ ဒီလိုတော့ရှိမှာပေါ့။ အဲ့ဒါလေးတွေကိုစိတ်ဆိုးစိတ်ကောက်ဖြစ်လိုက် ငိုဟယ်ရီဟယ်နဲ့ပဲဖြစ်လိုက်နဲ့ ဒီလိုနဲ့ပဲ နှစ်ရှည်လာတာပေါ့နော်။”လို့ အေးအေးချမ်းချမ်းလေးပဲ ပြောပြထားပါတယ်။

မထက်ကချစ်သူကို အချစ်တတ်ဆုံး မိန်းမသားများလားတောင် မသိပါဘူး။ ချစ်သူအပေါ်ထားတဲ့ မေတ္တာတရားကို သူမရဲ့ စကားတွေထဲမှာ အတိုင်းသားမြင်နေရပါတယ်။ ရှေ့ရေးကို ဘယ်လိုဆက်သွားကြမလဲဆိုတာကို မထက်က “အစ်မကတော့ အစ်မမသေခင်အထိ သူရှိပေးရင်တော့ အရမ်းကောင်းမယ်လို့ အစ်မကတော့ တွေးမိတာပေါ့နော်။ ဒါလည်း ဖြစ်နိုုင်ချင်မှဖြစ်နိုုင်မှာလေ။ အစ်မအမြဲတမ်းသူ့ကိုပြောပါတယ်။ သုံးဆယ်ဝန်းကျင်ဖြစ်လာပြီဆိုတော့ အိမ်ထောင်ပြုမလား။ ဒါမှမဟုတ်အိမ်ကပေးစားမှာလား။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ်ကြိုရှာထားပြီးပြီလား။ ဘာလို့ဆို သူအိမ်ထောင်ပြုရမယ်။ကလေးတွေမွေးရမယ်။ ဒါလေးတွေအစ်မကသူ့ကိုလုပ်စေချင်တယ်။ တစ်ခါတစ်လေကျရင် သူ့အတွက်စိတ်မကောင်းသလို တစ်ခါတစ်လေကျရင်သူအဲ့ဒါတွေမလုပ်ပဲနဲ့ ဘေးနားမှာပဲနေပေးရင် သိပ်ကောင်းမှာပဲလို့ အတ္တကြီးကြီးနဲ့တွေးမိတာပေါ့နော်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင်လည်း ကိုယ်ချစ်တဲ့သူတစ်ယောက်တစ်သက်လုံး မိသားစုလေးနဲ့ ပျော်နေတာလည်း အစ်မလိုချင်နေပါတယ်။ တတ်နိုင်သမျှကာလရှည်ရှည်လေး တစ်ယောက်နဲ့တစ်ယောက် ဘေးနားမှာ အဖော်ပြုပေးနိုင်ရင် တော်တော်ကြီးကိုပြည့်စုံနေပါပြီ အစ်မအတွက်တော့”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးမှာရော.. မထက်လိုပေးဆပ်ပြီးချစ်ရတဲ့သူရှိလား။ဒါမှမဟုတ် ကို်ယ့်ကိုအဲဒီလိုချစ်နေတဲ့သူရှိနေုပြီလား။ ကိုယ့်ချစ်သူနဲ့ လက်မတွဲနိုင်တဲ့အခြေအနေမျိုးမှာ သူ့အတွက်စဉ်းစားပြီး လက်လွှတ်ပေးလိုက်မှာလား…။ အဲဒီလိုလုပ်ဖို့ရော သတ္တိရှိနိုင်မယ်ထင်လား။

ဖိုးသူတော် (www.phothutaw.com)

Credit: Can’t Wait To Say

#

Latest Comments

Leave a Comment

Related News