Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ခလေးများနှင့် လိင်ဆက်ဆံခြင်း အွန်လိုုင်းဖွင့်ထားသည့် ထိုုင်းနိုုင်ငံသားများ ဖမ်းဆီးခံရ

Image



ထိုုင်းနိုုင်ငံမှာ ခလေးသူငယ်များနဲ ့ လိင်ဆက်ဆံခြင်းဆိုုင်ရာ အပြာ၀က်ဆိုုက်ပေါင်း ၅၀၀ ကျော်ကိုု ပိတ်ပင်လိုုက်ပြီး ၀က်ဆိုုက်တွေ ဖွင့်ထားသူ ထိုုင်းနိုုင်ငံသား (၆)ဦးကိုု ဖမ်းဆီးလိုုက်ပြီဖြစ်ကြောင်းရဲတပ်ဖွဲ ့က မေလ ၁၅ ရက်နေ ့မှာ သတင်းထုုတ်ပြန်ခဲ့ပါတယ်။

အဆိုုပါ လိင်၀က်ဆိုုက်တွေဟာ အပြင်မှာ ခလေးမုဒိမ်း မှုုခင်းတွေ တိုုးပွားလာအောင် လှုံ ့ဆော်ပေးနေတာဖြစ်ပါတယ်။ စမုုပရကမ်-စူရဌာနီ-အူဘွန်ရချဌာနီ ပြည်နယ်သုုံးပြည်နယ်မှာ တရားခံတွေကိုု ရှာဖွေဖမ်းဆီးနိုုင်ခဲ့တာဖြစ်ပါတယ်လိုု ့ရဲဗိုုလ်ချုပ် General Surachet Hakpal ဆူရချ ဟတ်ကပါယ် က သတင်းစာရှင်းပွဲမှာ ဖမ်းဆီးထားသူအဓိက တရားခံပုုံတွေနဲ ့ ပြသ ရှင်လင်းသွားပါတယ်။

၂၀၁၆ ခုုနှစ်ကစတင်ပြီး အင်တာနက် မှုုခင်းဆိုုင်ရာ နောက်ယောင်ခံ စစ်ဆေးမှုု အဖွဲ ့ကိုု စတင်ဖွဲ ့စည်းခဲ့ပြီး ခလေးငယ်များနဲ ့ လိင်ဆက်ဆံတဲ့သူတွေ -၀က်ဆိုုက်တွေဖွင့် ထားသူနဲ ့ ခလေးငယ်များကိုုလိင်ကုုန်ကူးနေတဲ့အဖွဲ ့တွေကိုု အစင်တစိုုက် စောင်ကြည့်လာခဲ့တာလိုု ့ သိရပါတယ်။

ခုုလိုုခလေးငယ်တွေနဲ ့ လိင်ဆက်ဆံနေတဲ့ အမှုုတွေ အများဆုုံးဖြစ်ပွားနေတာကတော့ နယ်စပ်ဒေသတွေဖြစ်ပါတယ်၊ တရားဥပဒေ အစပ်ဖြစ်နေတဲ့ မြန်မာ-လာအိုု-ကမ်ဘောဒီယား နိုုင်ငံနဲ ့ထိစပ်နေတဲ့ နယ်စပ်မြို့တွေမှာ ဖြစ်ပါတယ်။ သက်ငယ်မုုဒိမ်းမှုုတွေဖြစ်လာအောင် အများဆုုံးမြူဆွယ်နေကြတာကတော့ အင်တာနက် အွန်လိုုင်းမီဒီယာတွေဖြစ်ပါတယ်၊။

Social Action for Children and Women - SAW







Tags:

Latest Comments

Leave a Comment

Related News