Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာနဲ့ ကမ္ဘောဒီးယား သဘောတူလက်မှတ်ရေးထိုး

Image



ရှေးဟောင်းမြို့တော် ပုံဂံ -သတင်းဓာတ်ပုံ (D. Schearf/VOA)

ရှေးဟောင်း ဘုရား စေတီတွေရှိတဲ့ ပုဂံမြို့နဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရတဲ့ အန်ကောဝပ်ဘုရားကျောင်းကြီးရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့တို့ကို တိုက်ရ်ိုက်လေကြောင်းခရီးစဉ်ပြေးဆွဲဖို့ အပါအဝင် ၂ နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်စေမယ့် အစီအစဉ်တွေကို မြန်မာနဲ့ ကမ္ဘောဒီယားကြားမှာ သဘောတူလိုက်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်ထားနိုင်တဲ့ ပုဂံနဲ့ ဆီရမ်ရိ(ပ်) မြို့ကြား တိုက်ရိုက်လေယာဉ် ခရီးစဉ်တွေ ရှိလာမယ်ဆိုရင် နိုင်ငံခြားခရီးသွားဧည့်သည် အဆများစွာ တိုးလာမယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီယားနိုင်ငံကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေအကောင်အထည်ဖော်ရေး သဘောတူစာချုပ်ကို ၂ နိုင်ငံကြား နိုဝင်ဘာ ၂၃ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီထဲမှာ ပုဂံမြို့နဲ့ ဆီရမ်ရိ(ပ်) မြို့တို့ကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်တွေ စတင်ပျံသန်းမယ့် အစီအစဉ်လည်းပါဝင်ပါတယ်။

ရှေးဟောင်း ဘုရားတွေရှိတဲ့ ပုဂံမြို့ဆီကို နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်တွေ လာကြသလို ဆီရမ်ရိ(ပ်) မြို့ရဲ့ ၄ မိုင်လောက်မှာရှိတဲ့ အန်ကောဝပ်ရှေးဟောင်း ဘုရားကျောင်းကြီးဟာလည်း ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးက ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်ခံထားရတာပါ။ ခုလိုကမ္ဘာလှည့် ခရီးသည်တွေအသွားများတဲ့ နေရာ ၂ ခုကို တိုက်ရိုက်လေယာဉ် ခရီးစဉ်တွေပျံသန်းပြီး ချိတ်ဆက်ဖို့ဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိ်ယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်း၀င်းကပြောပါတယ်။

၉ ရာစုကနေ ၁၅ ရာစုအထိ ခမာအင်ပါယာထွန်းကားခဲ့စဉ်ကာလက ရှေးဟောင်းလက်ရာတွေ ကျန်ရှိတဲ့ ဆီရမ်(ပ်)ဆီကို နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် သန်းချီရှိပါတယ်။ ဆီရမ်ရိ(ပ်)ဆီ လာရောက်ကြတဲ့ ခရီးသွားတွေအနေနဲ့ ဆီရမ်ရီ(ပ်)ကနေ ပုဂံဒေသကို တိုက်ရိုက်လာနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက်လည်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသက်လွင်တိုးကပြောပါတယ်။

ပုဂံ နဲ့ ဆီရမ်ရိ(ပ်)တိုက်ရိုက်ခရီးစဉ်ကိုတော့ ၂၀၁၈ ဧပြီလလောက်မှာသစတင်ပြေးဆွဲမှာဖို့ ရည်ရွယ်ထားပြီး လေယာဉ်ပြေးဆွဲမယ့်အချိန်တွေတော့ အတိအကျမသတ်မှတ်ရသေးဖူးလို့ ဟိုတယ်နဲ့ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိ်ယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်း၀င်းကပြောပါတယ်။

ပုဂံဒေသကို ပြင်ပခရီးသည်လာရောက်လာပတ်မှုဟာဆိုရင် မနှစ်ကထက်ပိုပီးတော့ ၁၃ရာခိုင်နှုန်း ပိုတိုးလာတယ်လို့လည်း ဒေါ်ခင်သန်း၀င်းကပြောပါတယ်။ ၁၁ ရာစုလောက်ထဲက ရှေးဟောင်းလက်ရာတွေရှိတဲ့ ပုဂံဒေသကို ကုလသမဂ္ဂ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် အစိုးရကကြိုးစားနေပါတယ်။

ကောင်းစံဟိန်း  / ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com







Latest Comments

Leave a Comment

Related News