Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ခန္ဒာကိုယ်တစ်ခုလုံး မှင်အပြည့် တက်တူးထိုးထားတဲ့အမျိုးသားရဲ့ ထူးဆန်းတဲ့ စတိုင်လ်

Image



Adam Curlykale လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ကတော့ သူ့ရဲ့ အင်စတာဂရမ်မှာ ထူးခြားတဲ့ စတိုင်လ်ကြောင့် နာမည်ကြီးလျက်ရှိနေပါတယ်။ အသက် ၃၂ နှစ်အရွယ် သူဟာ တက်တူးတွေကို အလွန်အမင်းကြိုက်နှစ်သက်ပြိး သူ့ရဲ့ ပုံစံက အခုဆိုရင်တော့ တစ်ခြားသာမန်လူတွေနဲ့ ကွဲထွက်နေပါတယ်။

သူ့ အသက် ၂၀ မှာ ပထမဆုံးတက်တူးကို စတင်ထိုးခဲံပြီိး အသက် ၃၂ နှစ်အရွယ်မှာတော့ သူ့အရေပြားရဲ့ ၉၉ရာခိုင်နှုန်းက တက်တူးတွေနဲ့ ပြည့်လို့နေပါပြီ။

သူဒီလို တစ်ကိုယ်လုံးကို မှင်တွေအပြည့်နဲ့ တန်ဆာဆင်လိုက်ရတာက ရူးသွပ်နေလို့တော့မဟုတ်ခဲ့ပါဘူး။

သူ့အနေနဲ့ အူမကြီးကင်ဆာဝေဒနာကို အသည်းအသန်ခံစားခဲ့ရပြီး ၊ ရေဒီယိုနဲ့ မော်လီကျူးဓာတ်ရောင်ခြည်တွေနဲ့ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ဒီလို ကုသမှုတွေပြုလုပ်အပြီးမှာတော့ သူ့ရဲ့ အရေပြားပေါ်မှာ ကြောက်မက်ဖွယ်အကွက်ကြီးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာတော့ Adam တစ်ယောက် သူ့ကိုယ်သူဆိုတာတောင် ယုံကြည်ဖို့ ခက်ခဲခဲ့ပြီး ကိုယ့်ကိုကိုယ် သေကြောင်း ကြံခဲ့ပါတယ်။ သူ့ရဲ့ အမိမြေပိုလန်နိုင်ငံလူတွေကလည်း သူ့ရဲ့ အရေပြားကို ကြည့်ပြီး လူတောထဲ ပေးမတိုးခဲ့ပါဘူး။

ဒါပေမယ့် သူ့အနေနဲ့ အကောင်းဆုံးအဖြေကို ရှာတွေ့ခဲ့ပြီး တက်တူးတွေနဲ့ သူ့တစ်ကိုယ်လုံးကို အုပ်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ သူ့တစ်ကိုယ်လုံးကို မင်အိုးထဲ စိမ်ထားသလိုပဲ အရေပြားတစ်ခုလုံးကို တက်တူးတွေနဲ့ ကာဗာလုပ်ခဲ့ပြီး လောလောဆယ်မှာတော့ သူ့ရဲ့ မျက်ခုံးမွှေး ၊ မုတ်ဆိတ်မွှေးတွေကို အဖြူရောင်ဆိုးထားကာ လူထူးလူဆန်းသဖွယ်နေထိုင်နေပါတယ်။

ပုံတွေထဲမှာ သူ့ရဲ့ အံ့သြဖို့ကောင်းတဲ့ အသွင်အပြင်ကို တွေ့မြင်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Thithtoolwin

Latest Comments

Leave a Comment

Related News