Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကြင်စဦးဇနီးမောင်နှံများ မှတ်သားလိုက်နာဖွယ်

Image



နှစ်ကိုယ်တူချစ်ရည်မှျှ၍ဘဲဖြစ်ဖြစ်၊ မိဖဘိုးဘွားများ

ဆန္ဒကိုမလွန်ဆန်နိုင်၍ဘဲဖြစ်ဖြစ် အိမ်ထောင်ကျပြီဆိုပါစို ့။ မင်္ဂလာရက်မြတ်

မှသည် ရတုအဆက်ဆက်တိုင်အောင် “ ဒီလင် ဒီမယား

အိုအောင်မင်းအောင်ပေါင်းရပါစေ” လို ့လူကြီးသူမတွေက ဘယ်လိုပင်

၀ိုင်း၀န်းဆုတောင်းပေးကြပါစေ…ကာယကံရှင််ဇနီးမောင်နှံရဲ့အပြန်အလှန် တာ၀န်ယူသိတတ်မှုကသာ ပဓာဏကျလှပါတယ်။ ကြင်စဦးကာလမှာ အမှတ်မထင်

လက်လွတ်စပယ် ပြုမူ-ပြောဆို-ဆက်ဆံလိုက်ခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာရစေကာ

အိမ်ထောင်သက်တလှျှောက်လုံး အဖုအထစ်လေးတွေ ဖြစ်လာစေနိုင်တာကြောင့် အောက်ပါ

နည်းလမ်းကောင်းများဖြင့် ကြိုးစား ကျင့်ကြံစေလိုပါတယ်။

(၁) ကလေး(အစ)/လူကြီး(အဆုံး) လူသားတိုင်းချီးမွှမ်းခံရတာကို

နှစ်ခြိုက်သူများပေမို ့၊ သူ(အိမ်ထောင်ဖက်)က ပြုလုပ်နိုင်ခဲ့တဲ့

အောင်မြင်မှုတစ်ခုခုအတွက် ပိုပိုသာသာလေး ချီးမွမ်းစကားပြောပေးလိုက်ပါ။

(၂) အကယ်၍ သင်က သင့်အိမ်ထောင်ဖက်ထက် တော်တော်လေး အသက်ကြီးနေပါစေ “ငါသိ

ငါတတ် ဆရာကြီးလေသံ” မျိုးနဲ ့ ဘယ်တော့မှ မပြောမိပါစေနဲ ့။

(၃) “လင်နဲ ့မယား လျှာနဲ ့သွား” ဆိုသလို အမြင်မတူလို ့

ခွန်းကြီးခွန်းငယ် စကားများကြပြီဆိုပါစို ့။ “စကားနည်း ရန်စဲ” ဆိုတဲ့

အတိုင်း နှုတ်မကျွံမိရစေအောင် စကားကိုကုန်အောင်မပြောဘဲ

အစားကိုကုန်အောင်စားပြီး၊ အိပ်ရေး၀၀သာအိပ်ပစ်လိုက်ပါ။

ဘေးထိုင်ဘုပြောနေတာမျိုးကို (လုံး၀) မလုပ်မိပါစေနဲ ့။

(၄) အပြန်အလှန်နားလည်အောင် ကြိုးစားနေတဲ့ ကြင်စဦးကာလမှာ၊

အပေးအယူမမှျှခင် ဘယ်လိုအကြောင်းအရာကို၊ ဘယ်လို

အခြေအနေမျိုးမှာဘဲဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးတွေဘဲပြောပြော၊

မိမိပြောဆိုတဲ့ စကားအဓိပ္ပါယ်ဟာ လောဘ-ဒေါသ-အတ္တ -မာန ကင်းပြီး

“ချစ်ခင်ရင်းနှီးမှု” ကို ပြတဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်တတ်ပါစေ။

(၅) အကယ်၍ မိမိဘက်ကအမှားတစ်ခုခုလုပ်မိပါက၊ သူ (အိမ်ထောင်ဖက်)ကို

“မှားသွားတယ်… ဆောရီးနော်.. တောင်းပန်ပါ တယ်” လို ့ ပြောဆိုရတဲ့အခါ၊ သူ

့ကို မိမိမျက်စေ့နဲ ့ သေသေချာချာကြည့်ပြီး (လိုအပ်ရင်လက်ကလေးကိုကိုင်၍)

လှိုက်လှိုက် လှဲလှဲ ပြောပေးပါ။

(၆) သူ(အိမ်ထောင်ဖက်)က ၄င်းရဲ ့စိတ်ကူးယဉ်အိပ်မက်ကို ရင်ဖွင့်လာတဲ့အခါ

ပြက်ရယ်မပြုမိပါစေနဲ ့။ “အနာဂတ်အတွက် ပစ္စု ပ္ပန်မှာ အိပ်မက်တစ်ခုခုတော့

ရှိကိုရှိသင့်တာပေါ့ ” လို ့ အားပေးနှစ်သိမ့်လိုက်ပါ။

(၇) အရာရာတိုင်းမှာ ငါနဲ ့အမြင်ချင်း ထပ်တူကျနေရမယ်လို

့မျှော်လင်မထားပါနဲ ့။ အပြန်အလှန် နားလည်မှုနဲ ့ ခွင်လွှတ်တတ်ပါမှ

အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ဖန်တီးနိုင်မှာပါ။

 (ဒီနည်းက ၁၀၀% မလွယ်ကူပေမယ့် ဖြည်းဖြည်းချင်း ကျင့်ယူရမှာပါဘဲ)

(၈) အပေးအယူမမျှလို ့ စကားစစ်ထိုးကြပြီဆိုပါစို ့။ “အချစ်” “အသက်”

ချစ်စနိုးအခေါ်အေ၀ါ်တွေပျောက်ကာ “နင်-ငါ-မင်း-ခင်ဗျား-ကျုပ်” (သို ့မဟုတ်)

အမည်နာမတွေ တပ်ပြီးမခေါ်မိပါစေနှင့်။ (တစိမ်းဆန်သွားစေပါတယ်)

(၉) သူ ့ဆွေမျိုး၊ ငါ့ဆွေမျိုးရယ်လို ့ ခွဲခြားပြီး မမြင်မိအောင်

ကြိုးစားကျင့်ကြံပါ။

(၁၀) အမြင်မတူတာလေးတွေကို ညှိနှိုင်းရာမှာ၊ သူ (အိမ်ထောင်ဖက်)က

နား၀င်လာအောင် စကားကိုဖြည်းဖြည်းပြောရင်း၊ သူ က မိမိအမြင်ကို လက် ခံ/မခံ

မျက်လုံး-ဦးနှောက်တို ့ဖြင့် အကဲခတ်တတ်ပါစေ။ (သင်ပြောတာကို

လက်ခံတဲ့ပုံပေါ်ရင် ရှေ ့ဆက်ပြော ပါ၊ လက်ခံနိုင်ပုံမပေါ်ရင်တော့ ဒီနေ ့အဖို

့အဲဒီစကားကိုတခန်းရပ်ပြီး နောက်အလျဉ်းသင့်တဲ့အခါမှထပ်ပြောပါ)

(၁၁) အထူးသဖြင့် အမျိုးသမီးတို ့သဘာ၀အရ သိချင်စိတ်အားကြီးတာကြောင့်

ခရေစေ့တွင်းမေးခွန်းထုတ်လေ့ရှိပါတယ်။ အဲဒီ လိုအခါမျိုးမှာ

အမျိုးသားအနေဖြင့် “မင်းစပ်စုလှချည်လားကွာ၊ အရာရာမင်းသိဖို ့မလိုဘူးလေ”

လို ့ မာမာထန်ထန်ပြန်မပြောဘဲ “မေးခွန်းတွေကလဲ များလှချည်လားကွာ” လို

့အတတ်နိုင်ဆုံး ပြုံး၍ ခပ်ပေါ့ပေါ့ဖြေပါ။

(၁၂) ဆွေမျိုး-အသိုင်းအ၀ိုင်း-မိတ်ဆွေတွေရှေ ့မှာ တဦးပေါ်တဦးအနိုင်ယူတဲ့

အပြုအမူမျိုးကိုရှောင်ပြီး၊ ဖေးဖေးမမ နဲ ့ ပွဲထုတ် တတ်ပါစေ။(ဒီနည်းက

သင့်အိမ်ထောင်ဖက်က သင့်ကို “နှစ်ကို်ယ့်တစ်စိတ်”အဖြစ် နှလုံးသားထဲထိအောင်

ယုံကြည်မှုဖြစ်စေနိုင်ပါ တယ်)

(၁၃) ပြဿနာ သေးသေးလေးကို ရိုးမယ်ဖွဲ ့ပြီး မြည်တွန်တောက်တီး ဇာချဲ

့မနေပါနဲ ့။ “ကျောပူသာခံလိုက်မယ်၊ နားပူတော့ မခံချင်ကြဘူး” လေ။

(၁၄) အကယ်၍ မိမိဘက်က အမှားတစ်ခုလုပ်မိခဲ့တယ်ဆိုပါစို ့၊ သိသိချင်းမှာဘဲ

အဲဒီအမှားကို (အမြန်ဆုံး) ပြန်လည်ပြုပြင်နိုင် အောင်ကြိုးစားပါ။

(၁၅) သူ(အိမ်ထောင်ဖက်)ဆီက ဖုန်းခေါ်ဆိုလာတဲ့အခါ၊ ဘယ်လောက်ပဲ အလုပ်များလို

့စိတ်ရှုပ်ထွေးနေပါစေ အတတ်နိုင်ဆုံး နှုတ််ခမ်းတစ်စုံကိုပြုံးပြီး

ဖုန်းဖြေဆိုလိုက်ပါ။ သင့်ရဲ ့သာယာနာပျော်ဖွယ် တုန် ့ပြန်မှုက သူ ့ကို

ဟတ်(heart) ထိသွားစေပါတယ်။

(၁၆) မိမိတစ်ယောက်တည်းရှိနေချိန်မှာ တစ်နေ ့လှျှင် ၁၀-

မိနစ်လောက်အချိန်ပေးပြီးတော့၊ “ ငါ ဒီနေ ့အဖို ့သူ ့ကို စိတ်အနှောင့်

အယှက်ဖြစ်စေတာမျိုး လုပ်ခဲ့မိလား ” စသည်ဖြင့်

မိမိကိုယ်ကိုေ၀ဖန်သုံးသပ်ပါ။

အထက်ပါ နည်းလမ်းများစွာဖြင့်ကျင့်ကြံရင်း၊ ရွှေရောင်လွှမ်းတဲ့နေ ့သစ်ဆီသိုု

့ လျှောက်လှမ်းကြည့်ပါလို ့တိုက်တွန်းလိုက်ပါရစေ။

ဖိုးသူတော်(www.phothutaw.com)

Credit: Pauk Pauk

Tags:
  • ,

Latest Comments

Leave a Comment