Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကျောက်တံခါးမြို့နယ်တွင် ခဲအိုမှ ခယ်မအား သားမယားပြုကျင့်

Image



ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင်တွင် ဧပြီလ ၁၉ ရက် ညပိုင်းက ခဲအိုဖြစ်သူမှ ခယ်မအား သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်းအပိုင် အုန္ဒဲရိုးကျေးရွာ ကမ္ဘောဇရပ်ကွက် ပဲနွယ်ကုန်းမြို့နေသူ မ××××၂၉ နှစ်မှာ ကျေးရွာအတွင်းရှိ နာရေးအိမ်သို့ ည၁၁နာရီခွဲခန့်တွင် သွားရောက်ခဲ့ရာ နေအိမ်တွင်ခင်ပွန်းဖြစ်သူ လှမင်းသိန်း ၂၈ နှစ် (ဘ)ဦးဘိုအေး နှင့် အတူညီမဖြစ်သူ မ ×××× (၁၈)နှစ် တို့ ကျန်နေခဲ့ပြီး ည(၁)နာရီခန့်တွင် မ×××မှ နေအိမ်သို့ပြန်ရောက်လာစဉ် အိမ်၏အပေါ်ထပ်တွင် ညီမဖြစ်သူကို ခင်ပွန်းဖြစ်သူ လှမင်းသိန်းမှ သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့ခဲ့ရပြီး ၎င်းအားမြင်တွေ့စဉ်လှမင်းသိန်းမှာ ထွက်ပြေးသွားခဲ့ပြီး ညီမဖြစ်သူအား မေးကြည့်ရာ ၎င်းအိပ်နေစဉ်လှမင်းသိန်းမှာ ရောက်ရှိလာပြီး ”မအော်နဲ့အော်ရင်သတ်ပစ်မယ် ဘယ်သူ့ကိုမှလဲ ပြန်မပြောနဲ့” ဟုပြောကာ ပါးစပ်အား လက်ဖြင့်ပိတ်ကာ အဝတ်အစားများ အတင်းချွတ်ကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်းပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ××××မှညီမဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ ခင်ပွန်းဖြစ်သူလှမင်းသိန်းအား အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ (ပ)၂၁၇/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: NSM (MUNA)

#

Latest Comments

Leave a Comment

Related News