Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကျရှုံးမှုတွေကနေ အောင်မြင်မှုတွေဖြစ်လာအောင် ဘယ်လိုပြောင်းလဲယူနိုင်မလဲ

Image



ဘာတွေ၊ ဘာ့ကြောင့်ပဲ ဖြစ်နေပါစေ ကိုယ်လုပ်စရာရှိတာ ကို ပြီးဆုံးအောင် လုပ်ဆောင်ပါ။ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ feedback တွေတောင်းခံပါ၊ မြင်အောင်ကြည့်ပါ။ ဒီနေရာ မှာ သင့်အတ္တ၊ မာနတွေကို ရှေ့တန်းမတင်မိပါစေနဲ့။

ကျရှုံးခြင်းဆိုတာတွေကတော့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကမ္ဘာကြီးထဲမှာ တစ်ကွေ့မဟုတ် တစ်ကွေ့မှာတော့ မြေကြီးလက်ခတ်မလွဲ ကြုံကိုကြုံတွေ့ရမယ့် အရာတွေဖြစ်ပါတယ်။

အကယ်၍ သင်ဟာ ကျရှုံးသူတစ်ယောက် ဖြစ်နေမယ် ဆိုရင်တော့ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ လက်ခံပါ။ အဲဒီကျရှုံးမှု တွေကို ကိုယ်တိုင်ပွတ်တိုက်ရှင်းလင်းပစ်ပြီး ရှေ့ကိုပဲ ချီတက်ရမှာဖြစ်ပါတယ်။

အောင်မြင်သူအများစုဟာ ကျရှုံးခဲ့ကြသူတွေချည်းပါပဲ။ သူတို့ဆိုရင် အကြီးအကျယ်ကို ကျဆုံးခဲ့ကြတာချည်းပါ။ အောင်မြင်မှု အတွက် ကျဆုံးခြင်း၊ မကျဆုံးခြင်းဆိုတာတွေက အဓိကမကျဘဲ သင်ယူပြီး ရှေ့ဆက်လျှောက်လှမ်းဖို့ကသာ အဓိကဖြစ်ပါ တယ်။

ဒါ့ကြောင့် သင့်ရဲ့ကျဆုံးသွားတဲ့အနေအထားကနေ အောင်မြင်သူတစ်ဦဖြစ်လာအောင် ဘယ်လိုပြောင်းလဲယူလို့ ရနိုင်လဲဆိုတာ အကြံပြုဖော်ပြပေးလိုက်ပါတယ်။

(၁) အခြေအနေတွေကို ထိန်းထားပါ

တစ်ခုခု အပျက်သဘောဆောင်လာတဲ့အခါမှာ အဲဒီဖြစ်ပျက်မှုတွေကို သင့်အနေနဲ့ လက်ခံပေးဖို့လိုပါတယ်။ ဒါတွေက ဖြစ်နေကျပဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြီး သတိပေးပါ။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ကို ထိန်းချုပ်ပါ။ သင့်ရဲ့အခြေအနေတွေနဲ့ နောက်ဆုံးရလဒ်တွေကို ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

(၂) သင့်ရဲ့ကျဆုံးမှုတွေကို ယာယီနားခိုမှုအဖြစ် မြင်အောင်ကြည့်ပါ

 ကျရှုံးခြင်းဆိုတာ ပြီးဆုံးသွားခြင်းမဟုတ်ပါဘူး။ ကျရှုံးခြင်းက မူလက သင်ချမှတ်ခဲ့တဲ့ အောင်မြင်မှုလမ်းစဉ်တွေထက် ကောင်းတဲ့ အရာတွေကို စတင်လုပ်ဆောင်နိုင်ပါသေးတယ်။ ကျရှုံးခြင်းတွေက သင့်ကို ရပ်တန့်မပစ်နိုင်ဘူးဆိုတာနဲ့ ဒါတွေက သင့်ဘဝထဲကို ခေတ္တယာယီဝင်ရောက်လာတဲ့ ဧည်သည်တွေအဖြစ် သတ်မှတ်ပြီး ယုံကြည်ထားဖို့လိုပါတယ်။ ဒီဧည့်သည်တွေကြောင့် သင်စိတ်ပျက်ဝမ်းနည်းရမယ်ဆိုလည်း ခဏသာပဲဖြစ်ပါတယ်။

ဒါကြောင့် သင့်စိတ်၊ သင့်ခံစားချက် တွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ ပြီးရင် ရှေ့ကို ဆက်လျှောက်ပါ။

(၃) လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေနဲ့ စတင်လိုက်ပါ

သင့်အသက်မွေးဝမ်းကျောင်းမှုနဲ့ပတ်သက်ပြီး သင့်ရဲ့ရည်မှန်းချက်ပန်းဟာလည်း လက်တွေ့ကျဖို့ လိုပါတယ်။ ဥပမာပြောရ ရင်တော့ ဘယ်တော့မှ မသေတဲ့ဆေးမျိုး ဖော်ထုတ်ဖို့အတွက် သူကြိုးပမ်းနေမယ်ဆိုရင်တော့ သင့်ခွန်အားတွေနဲ့ အချိန်တွေ ကို အလဿ ဖြုန်းတီးပစ်နေသလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ရည်မှန်းချက်တွေဟာလည်း လက်တွေ့ဆန်ပြီး ထိရောက်တဲ့ အကြောင်းအရင်းတွေနဲ့ ကိုက်ညီနေဖို့ လည်းလိုအပ်ပါတယ်။ လူတိုင်းကတော့ တစ်နေရာမဟုတ် တစ်နေရာ မှာ ကျရှုံးဖူးကြတာချည်းပါပဲ။ ဒါ့ကြောင့် ဒီကျဆုံးမှုတွေအတွက်လည်း သင့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

(၄) ကိုယ်ပိုင်ယုံကြည်ချက်တွေနဲ့ ရှေ့ဆက်လျှောက်လိုက်ပါ

အောင်မြင်အောင် စွမ်းဆောင်နိုင်သူတွေဟာ ကျရှုံးမှုတွေနဲ့ဆက်စပ်ပြီးတော့ အပျက်သဘောဆောင်စေတဲ့ ခံစားမှုတွေ ပေါ်မှာပဲ နေထိုင်မနေတတ်ကြပါဘူး။ ဒီအချက်က သင့်ကို အခက်အခဲဒုက္ခတွေကြားကနေ ပြန်ထလာနိုင်ဖို့နဲ့ ရှေ့ကို တွန်းတင်ပေးနိုင်ဖို့ရာအတွက် အဓိကကျတဲ့အချက်တစ်ပါ။ သင့်ရဲ့ကျဆုံးမှုတွေကနေ သင်ယူဖို့ရာအတွက် အချိန်ယူပါ။ အဲဒီအပေါ်မှာပဲ စိတ်စွဲလမ်းနေပြီ ငိုင်မနေပါနဲ့။ သင်ဘယ်နေရာမှာ ဘာမှားသွားလဲဆိုတာ သိမြင်လာတဲ့အချိန်ကျရင် ကျရှုံးသွားခဲ့တဲ့အရာတွေကို အတိတ်ကထက် ပိုကောင်းအောင် လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။

(၅) အစီအစဉ်ပြန်ချ၊ ပြန်ပြင်၊ ပြန်အာရုံစိုက်ပါ

အစကနေ ပြန်စဖို့လိုပါတယ်။ ဒါ့ကြောင့် ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းရှိစေမယ့် feedback မျိုးတွေ တောင်းခံပါ။ သင့် အကြိုက် အလိုက်ဆောင်တဲ့ feedback မျိုးတွေနဲ့ သင့်အတ္တကို ရှေ့တန်းတင်ပြီး လိုက်ရှာထားတဲ့ feedback တွေကိုပဲ မျှားခေါ်နေမိနေမယ်ဆိုရင်တော့ သင်ဟာ ဘယ်တော့မှ အောင်မြင်သင့်သလောက် အောင်မြင်လာနိုင်မှာ မဟုတ်ပါဘူး။ သတင်းအချက်အလက်တွေကို ရနိုင်သမျှ ရအောင် စုဆောင်ပါ။ ဘာတွေ၊ ဘာ့ကြောင့်ပဲ ဖြစ်နေပါစေ ကိုယ်လုပ်စရာရှိတာ ကို ပြီးဆုံးအောင် လုပ်ဆောင်ပါ။ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ feedback တွေတောင်းခံပါ၊ မြင်အောင်ကြည့်ပါ။ ဒီနေရာ မှာ သင့်အတ္တ၊ မာနတွေကို ရှေ့တန်းမတင်မိပါစေနဲ့။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Tags:
  • ,

Latest Comments

Leave a Comment