Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုယ်၀န်ဆောင်မေမေတွေ ဘာလို ့သင်္ဘောသီး မစားသင့်တာလဲ

Image



ကိုယ်၀န်ဆောင်ချိန်မှာ မစားသင့်တဲ့ အစားအစာတွေရဲ ့စာရင်းထဲမှာ သင်္ဘောသီးက ထိပ်ဆုံးမှာရှိပါတယ် မေမေတို့ရေ။ သင်္ဘောသီးက ကျန်းမာရေးကို အထောက်အကူပြုတယ်မဟုတ်ဘူးလားလို့ စောဒက တက်ရင်လည်းဟုတ်ပါတယ်။ သဘောင်္သီး အမှည့်က ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ကြွယ်၀၀ များများစားစား ပါ၀င်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ဗီတာမင်ကြွယ်၀ကြွယ်၀ မေမေတို့အနေနဲ့ သင်္ဘောသီးကို မစားသင့်တာ ဘာလို့လဲဆိုတာကို Kalay က မျှေ၀ပေးမယ်နော်။

သင်္ဘောသီးတွေမှာ ပပိန်း “papain” ဆိုတဲ့ ဓာတ်သဘာ၀ တစ်မျိုးပါ၀င်နေပါတယ်။ သင်္ဘောသီးအစိမ်းတွေမှာဆို ပိုဆိုးပါတယ်။ ပပိန်းက ဓာတုဗေဒ ဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီးတော့ သူနဲ့ထိတွေ့တဲ့ အရာတွေကို နူးစေ ပျော့စေတဲ့ ဂုဏ်သတ္တိ ရှိနေတယ်တဲ့ ။ ဒါကြောင့်လည်း အိမ်မှာ ဆိတ်သားတို့၊ အမဲသားတို့လို နူးအိမလွယ်တဲ့ အသားတွေချက်ရင် သင်္ဘောသီး အစိမ်းထည့်ချက်ကြတာပေါ့။ နောက်ပြီး သင်္ဘောသီးရဲ ့ ပပိန်းက ချေးချွတ်နိုင်တဲ့ အစွမ်းလည်းရှိတဲ့အတွက် သွားတွေကို ဖြူဖွေးအောင် သွားတိုက်ဆေး ထုတ်လုပ်တဲ့အခါ ကုန်ကြမ်းအဖြစ်တောင် သုံးတယ်တဲ့။

အဲ့ဒီ့လို ဓာတ်သဘာ၀ တွေရှိတဲ့ သင်္ဘောသီးက စားလိုက်လို့ ဗိုက်ထဲ ရောက်သွားရင် ၀မ်းနူးစေပါတယ်။ ၀မ်းချုပ်နေတဲ့ သူတွေအတွက် အကောင်းဆုံး ဓာတ်စာ သင်္ဘောသီးက သားအိမ်ကို ကျုံ ့စေနိုင်တဲ့ အတွက် ကိုယ်၀န်လနုတဲ့ အချိန်စားမိရင် သွေးဆင်းပြီး ကိုယ်၀န် အဖတ်မတင် ဖြစ်တတ်ပါတယ်။ သင်္ဘောသီးအစိမ်းက ပပိန်းပါ၀င်မှု ပိုများလို့ ယိုးဒယား သင်္ဘောသီးထောင်းတို့၊ သင်္ဘောသီးသုပ်တို့ကို ကိုယ်၀န်ရှိတဲ့ အချိန် ဘယ်လောက်ပဲ ချဉ်ခြင်းတတ်တတ် လုံး၀မစားရဘူးနော်။

မေမေတို့ အနေနဲ့လည်း ကိုယ်၀န်ဆောင်တွေ လနုတုန်း သင်္ဘောသီး မစားသင့်ဘူးဆိုတာ ကြားဖူးနား၀ရှိမှာပေါ့။ တခါတလေ တချို ့ မေမေကြီးတွေက “အလကားပါ ငါတို့တုန်းကလည်း သင်္ဘောသီးစားတာပဲ ဘာမှ မဖြစ်ပါဘူး” ဆိုပြီးပြောတာလည်းကြားဖူးမှာပါ။ အဲ့လို ပြောတာတွေကို သွားပြီး နားမယောင်မိပါစေနဲ့ဦး။ သင်္ဘောသီးစားလို့ရှိရင် ကိုယ်၀န်မပျက်ရင်တောင် မွေးလာတဲ့ ကလေးလေးမှာ ပြဿနာ တစ်ခုခုရှိနိုင်တယ်တဲ့။ သင်္ဘောသီးက ရမယ့် ဗီတာမင်တွေကို လိုချင်တယ်ဆိုရင်တောင် သင်္ဘောသီးစားရမှ မဟုတ်ပါဘူးနော်။ ဖြည့်စွက်ဆေး၀ါးတွေကနေလည်း ဗီတာမင်မျိုးစုံကို ဖြည့်လို့ရပါတယ်။ နောက်ဆုံးမှာချင်တာကတော့ သင်္ဘောသီးကြိုက်တဲ့ မေမေတို့ ကလေးလေးအန္တရာယ်ကင်းဖို့ သင်္ဘောသီးကို ကိုယ်၀န်လနုတုန်း ရှောင်ကြဉ်လိုက်ပါဦးလို ့ မျှေ၀ပေးလိုက်ပါတယ်နော် ။

ဖိုးသူတော် (www.phothutaw.com)

Credit:  Duwun

Latest Comments

Leave a Comment

Related News