Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းကို အွန်လိုင်းမှာ တင်လိုက်တဲ့ အေးဝတ်ရည်သောင်း ...!

Image



မောင့်ကဗျာသို့ လွမ်းချင်း လို့နာမည်ပေးထားပါတယ်ပရိသတ်များရဲ့ အချစ်တော် အေးသောင်း(ခ) အေးဝတ်ရည်သောင်းကတော့ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်။ အဲ့ဒီသီချင်းလေးကတော့ “မောင့်ကဗျာသို့လွမ်းချင်း” ဆိုတဲ့ Music video လေးဖြစ်ပါတယ်။

မောင့်ကဗျာသို့လွမ်းချင်းဆိုတဲ့ သီချင်းကို တေးရေး လင်းထက်က ရေးသားထားပြီး အေးဝတ်ရည်သောင်းက သီဆိုထား သလို နေတိုးနဲ့အတူ တွဲကာ သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။အဲ့ဒီသီချင်းလေးကို အမှတ်တရအနေနဲ့ပဲ တင်တာဖြစ်သလို သူမအနေနဲ့ သီချင်းဆိုဖို့ကို မရဲဘူးလို့ 7day Daily ရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။

သူမက အသံမကောင်းတာကြောင့် ပရိသတ်တွေကို အသံနဲ့ ထပ်မနှိပ်စက် ချင်ဘူး လို့လည်း ပြောပြထားပါသေးတယ်။သူမရဲ့ မောင့်ကဗျာသို့ လွမ်းချင်း (Music Video) ကတော့ ေ့ဖစ်ဘွတ်ပေါ် တင်ပြီး မိနစ်ပိုင်းအတွင်းမှာ ကြည့်ရှုသူ တစ်သောင်းကျော်တောင် ရှိခဲ့ပါတယ်။ Like လုပ်တဲ့ သူပေါင်း ကိုးထောင်ကျော်နဲ့ အဲ့ဒီသီချင်းကို  ပြန်ပြီး Share သူပေါင်းကတော့ တစ်ထောင်ကျော် ရှိခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် ဗီဒီယိုဖိုင်လေး ထည့်ပေးလိုက်ပါတယ်။

အနုပညာလောကထဲကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ အေးဝတ်ရည်သောင်းကတော့ မြန်မာဝတ်စုံလေးတွေကြောင့် ပရိသတ်တွေရဲ့ သတိထားခြင်း ခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ မင်္ဂလာရှိသောအရပ်ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးလျက်ရှိပါတယ်။

Photo : အေးဝတ်ရည်သောင်း ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment

Related News