Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုယ့်အတွက်လှူချင်တန်းချင်တဲ့စိတ်ကြောင့် ရေသန့်စက်ထောင်ဖြစ်မှာပါဆိုတဲ့ ဘေဘီမောင်

Image



သရုပ်ဆောင်ဘေဘီမောင်ဟာစီးပွားရေးလုပ်ငန်းအနေနဲ့ရေသန့်စက်ရုံထောင်ဖို့ရှိတယ်လို့သိရပါတယ်။ သူ့အနေနဲ့ရေသန့်စက်ရုံထောင်ချင်တဲ့ရည်ရွယ်ချက် ကိုတော့

“ရေသန့်စက်ရုံလုပ်ချင်တယ်ဆိုတာက ညီမကပရဟတိတဆိုလည်း လှူတယ်။ ဘယ်နေရာဘယ် ဒေမှာ ပဲဖြစ်ဖြစ်လှူဖို့တန်းဖို့ရှိတယ်ပေါ့။ ဟိုးအခေါက် ကရေတွေပြတ်သွား တာကြားဘူး တယ် လေ။ ပြီးတော့ရေဆိုတာကတကယ် လူတစ်ယောက်မှာမသောက်လို့မရဘူးလေ။ တစ်ချို့နေရာ တွေမှာဆိုရေ သန့်ပို့မရတဲ့နေရာတွေရှိတယ်။

ကိုယ်တွေကလည်းအနုပညာသမားဆိုတော့ နယ်တွေဘာတွေသွားရတော့ တစ်ချို့နေရာ တွေမှာဆိုရင်ရေတွေမကောင်းတာ၊ရေမသန့်တာတွေ ရှိတော့ အတတ်နိုင်ဆုံးအဲဒီလိုနေရာတွေအထိ ကိုကိုယ်ရေသန့်စက်ရုံလုပ်ပြီးသွားရင် ပို့နိုင်အောင်ကြိုးစားသွားမှာပါ။ အဓိကကလှူလည်းလှူရတယ်။ ကုသိုလ်လည်း ရတယ်။ကိုယ့်အလုပ်လေးဖြစ်မယ့် ဟာလေးစဉ်းစားမိလိုက်တာမျိုးပါ” လို့ဆိုပါ တယ်။

ရေသန့်နံမည်ကိုခေါ်ရလွယ်ပြီးလှမယ့်နံမည်လေးပေးမှာပါဆိုတာကိုလည်း “နံမည်ကတော့ညီမကဘေဘီမောင် ဆိုတော့လေ ‘ဘီ’နဲ့ပတ်သက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ်ကိုယ့်မိသားစုနဲ့ပတ်သက်တာမျိုးဖြစ်ဖြစ်ပေါ့နော်။ နံမည် အရှည်ကြီးေ တာ့မပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့နယ်ကလူတွေ ကျတော့နံမည် အရှည်ကြီးပေးလိုက်ရင် သူတို့ခေါ်ရလည်းခက်မယ်လေ။ ခေါ်ရတာလည်း လွယ်ပြီးနံမည်လေး လှတာကိုပဲပေးဖို့စဉ်းစားထားပါတယ်” လို့ပြောပြခဲ့ပါတယ်။

ဘေဘီမောင်ဟာလတ်တလောမှာတော့ မေလ၁၃ရက်နေ့နဲ့၁၄ရက်နေ့တွင် ဖားကန့်မှာသီချင်း ဆိုပေးဖို့ ရှိသလို‘မတစ်ထောင်တစ်ကောင်ဘွား’ ရုပ်ရှင် ကားကြီးကိုဆက်လက်ရိုက်ကူးနေပြီး နောက်ထပ်ဇာတ်လမ်းတွဲတွေရိုက် ဖို့ရှိတယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Latest Comments

Leave a Comment

Related News