Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတွေကိုချစ်မိရင်

Image



မောင်လေးတွေနဲ့ချစ်မိနေတဲ့မမတွေဆိုရင်တော့ ဒါလေးတွေ သိကိုသိထားရမှာနော်။

အချစ်ဆိုတာ အသက်အရွယ်မရွေးဖြစ်ပေါ်လာတဲ့တဲ့ခံစားချက်မို့ မမတွေက မောင်လေးတွေနဲ့လည်း ချစ်မိတာဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ မောင်လေးတွေရဲ့စိတ်ကို အပိုင်ကိုင်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေသိထားသင့်တာပေါ့။

1. သ၀န်တိုပေးပါ။

သူသွားတဲ့နေရာ၊ သူရှိတဲ့နေရာတွေမှာ ကောင်မလေးတွေရှိရှိမရှိရှိ ကြင်နာဒေါသလေးနဲ့ သ၀န်တိုဟန်ပြပေးပါ။ အမြဲမဟုတ်ရင်တောင် သူသိသာလောက်အောင် သ၀န်တိုနေပါတယ်ဆိုတာပြပေးပါ။ ချစ်လို့ သ၀န်တိုတာကိုလည်း သူသိနေပါစေ။ ပြသနာဖြစ်လောက်တဲ့ထိမဟုတ်ပဲ မကြာမကြာသ၀န်တိုပြပေးပါ။ မောင်လေးအသဲစွဲသွားအောင်ပေါ့။

2. စိတ်ပူပေးပါ။

သူအပြင်သွားနေတယ်၊ အလုပ်သွားနေတယ်၊ သူငယ်ချင်းနဲ့သွားတွေ့တယ် စသဖြင့် သူဘယ်သွားသွား သင်မပါဘူးဆိုရင် စိတ်ပူကြောင်းပြောပြပါ။ ဖုန်းခနခနဆက်ပြီး စိတ်ပူတဲ့အကြောင်းသူသိအောင်ပြောပါ။ အိမ်ပြန်မရောက်မချင်း စိတ်ပူပေးနေဖို့လည်းလိုပါမယ်။ သူငယ်ချင်းတွေနဲ့သွားသောက်တယ်ဆိုရင်လည်း အများကြီးမသောက်ဖို့ သတိပေးပါ။ ချူပ်ချယ်တာမျိုးမဟုတ်ပဲ စိတ်ပူလို့ မသောက်စေချင်တဲ့အကြောင်း သူသိနေပါစေ။

3. ကလေးဆန်တယ်လို့မပြောမိပါစေနဲ့။

ချစ်သူမောင်လေးက ကိုယ့်ထက်ဘယ်လောက်ပဲငယ်ငယ် ကိုယ်က ဆရာမကြီးလုပ်ပြီး အမိန့်ပေးနေလို့မရပါဘူး။ ကလေးဆန်တယ်လို့ လုံး၀ကို မပြောသင့်တာပါ။ သူတကယ် ကလေးဆန်နေပါစေဦးတော့ သင့်စိတ်ထဲမှာပဲထားပါ။ သူ့ကို မရင့်ကျက်ဘူး၊ လူကြီီးမဆန်ဘူး၊ ဘာမှလည်း မသိဘူး ဆိုတာမျိုးတော့လုံး၀မပြောမိပါစေနဲ့။ ခလေးလေး စိတ်ထဲမှာ အနာဖြစ်သွားပါလိမ့်မယ်။ ချစ်ရင် ကလေးဆန်တယ်လို့ ထုတ်မပြောမိစေနဲ့နော်။

4.သူစိတ်ကောက်ရင်ချက်ချင်းချော့ပါ။

သူစိတ်ကောက်တာနဲ့ ချက်ချင်းချော့ရပါမယ်။ မာနထိခိုက်တာတွေဘာတွေ နောက်မှာ အသာထား။ သူ့ကိုအရင်ချော့လိုက်ရင် ပြသနာဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွားပါပြီ။ ချက်ချင်းမချော့ပဲပစ်ထားလိုက်ရင်တော့ ကလေးဒေါသကြောက်ဖို့ကောင်းမယ်နော်။ မမတို့ သတိသာထား။ ကလေးတွေက လူကြီးတွေထက် စိတ်ကြီးတယ်ရှင့်။

5. တစ်ခါတစ်လေ ချွဲပေးပါ။

သင်က အသက်ပိုကြီးတာမှန်ပေမယ့် သူ့မျက်စိထဲမှာ သူ့ကို အကြီးနေရာမှာထားပြီး သူ့ကိုအားကိုနေတယ်ဆိုတာသူသိဖို့လိုပါတယ်။ ယောက်ျားဆိုတာမျိုးက ကြီးကြီးငယ်ငယ် အချွဲခံချင်ကြတာသဘာ၀ပါ။ ချွဲသာချွဲ ။ မောင်လေးအရည်ပျော်ကျသွားအောင် ချွဲပြလိုက်ပါ။ ဒါဆို မောင်လေးလည်း အလိုလို လူကြီးဆန်ပြီး ရင့်ကျက်လာပါလိမ့်မယ်။

ကဲ မောင်လေးချစ်တတ်သူ မမတို့ရေ…… ဆောင်ရန်ရှောင်ရန်လေးတွေဖတ်ပြီး မောင်လေးတွေရဲ့ နှလုံးသားကို အပိုင်ချူပ်နိုင်ကြပါစေနော်။

ဖိုးသူတော် (www.phothutaw.com)

Credit: yawthama

#

Latest Comments

Leave a Comment

Related News