Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုယ့်ကိုထားခဲ့တဲ့ရည်းစားဟောင်းကို အကောင်းဆုံးလက်စားချေနည်း (၆)နည်းချစ်ရေးချစ်ရာ, ဗဟုသုတ, လူမှု့ဘဝ

Image



 နှစ်ဦးသဘောတူလမ်းခွဲတာ၊ စိတ်အကြောင်းမတိုက်ဆိုင်လို့ေ၀းသွားကြတာကတော့ ချစ်သူတွေတိုင်း နားလည်သဘောပေါက်ပြီး ကြုံလေ့ကြုံထရှိတတ်တဲ့အခြေအနေပါ။ ဒါပေမဲ့ ကိုယ့်အပြစ်၊ ကိုယ့်အလွန်ကြီးကြီးမားမား ဘာမှမရှိဘဲ သူစိတ်ချမ်းသာဖို့ သူ့သဘောနဲ့သူ ကိုယ့်ကို ပစ်စလက်ခတ်ထားခဲ့တဲ့သူကိုဆိုရင် နာကြည်းမုန်းတီးမိမှာတော့ အမှန်ပါပဲ။ ဒါဆိုရင် အဲ့လိုလူမျိုးကိုဘယ်လိုပညာပြန်ပေးမလဲ။ သူ့ကိုပညာပေးမယ်ဆို ဒီနည်းလမ်းတွေကို အသုံးချကြည့်ပါ။

၁။ ပိုလန်းပြ

ဒါကတော့ အားလုံးအကြမ်းဖျဉ်းသဘောပေါက်ထားပြီးသားနေမှာပါ။ သူထားခဲ့ပြီး အလဲအကွဲခံစားနေရတာမျိုး မဖြစ်စေနဲ့ပေါ့။ အရင်ကထက် ၂ဆ၊ ၃ဆ ပိုလန်းအောင် ပိုမိုက်အောင် နေပြလိုက်ပါ။ သူထားခဲ့ပြီးမှ ကိုယ်ကပိုအဆင်ပြေသာယာသွားတဲ့ဘ၀ကို ပိုင်ဆိုင်လိုက်ရတဲ့သဘောမျိုးပေါက်အောင် နေနိုင်ဖို့က အဓိကကျပါတယ်။

၂။ သူ့အသစ်တစ်ယောက်ထက် ပိုသာဖို့

သူကိုယ့်ကိုထားပြီး အသစ်တစ်ယောက်ကောက်တွဲလို့ ကိုယ်လည်းချက်ချင်းတစ်ယောက်ထပ်ရှာစရာ မလိုပါဘူး။ ကိုယ်က အခုသူရနေတဲ့ရည်းစားအသစ်ထက် သာနေတယ်ဆိုတာ သိသာမြင်သာစေဖို့ကြိုးစားရမှာပါ။ ပုံမှန်နေနေကျ၊ စားနေကျအတိုင်းနေပြီးမှ ကြိုးစားသင့်တဲ့အပိုင်းတွေကို ပိုကြိုးစားရုံပါပဲ။

၃။ ပုံများများတင်

Facebook, Instagram စတာတွေပေါ်မှာ အရင်က ပုံ တစ်နေ့တစ်ပုံပဲတင်ရင် နောက်ပိုင်း နှစ်ပုံတင်ပါ။ တင်တဲ့ပုံတိုင်းကလည်း သေသေချာချာပြင်ဆင်ထားပြီး လှပနေပါစေ။ ကိုယ်က ပျော်ရွှင်နေတာ၊ တခြား ကိုယ့်ကိုစိတ်၀င်စားနေတဲ့သူတွေလည်း ရှိနေတယ်လို့ ထင်စေနိုင်တာမျိုးလေးတွေပါ မသိမသာတင်ပေးပါ။

၄။ ပွဲများများတက်

သူနဲ့ကြိုက်နေတုန်းက ဘယ်မှသိပ်မရောက်သိပ်မသွားဖြစ်တာတွေ၊ အခုများများသွားပါ။ ဖြစ်နိုင်ရင် အထင်ကရပွဲတွေ၊ ပါတီတွေတက်ပေးပါ။ လူဆိုတဲ့အမျိုးကိုက ကိုယ်ကသာထားသွားတာ ထားသွားခံရတဲ့သူ ပိုအမြင်ကျယ်လာ၊ လူသိများလာရင် စိတ်ထဲမရိုးမရွဖြစ်တာ အမှန်ပါပဲ။

၅။ အကြံဉာဏ်ပေး

သူ့ရည်းစားအသစ်ကို ကိုယ်ကတိုက်ရိုက်မဟုတ်ရင်တောင် စကားပါးပြီးတော့ဖြစ်ဖြစ်၊ Facebook ကနေဖြစ်ဖြစ် အကြံဉာဏ်တွေပေးပါ။ ကိုယ်ပေးတဲ့အကြံဉာဏ်က သူတို့နှစ်ယောက်ကိုပြတ်အောင်ရည်ရွယ်တာမျိုး မဖြစ်ပါစေနဲ့။ အကြံဉာဏ်ပေးရင်းနဲ့ ကိုယ်အခု သူနဲ့ပြတ်သွားပြီးပိုအဆင်ပြေနေတာကို သူ့ရည်းစားအသစ်သိအောင် မသိမသာ ပြောပြပါ။

၆။ မိတ်ဆက်

ဒါကတော့နောက်ဆုံးအဆင့်ပါ။ တကယ်လို့ ကိုယ်တကယ်သဘောကျပြီး တွဲမယ့်လူပေါ်လာရင် အဲ့လူကိုပါ ရည်းစားဟောင်းနဲ့ တွေ့ပေးလိုက်ပါ။ ဒါကလက်စားချေရာလည်းရောက်၊ ရင့်ကျက်ရာလည်းရောက်ပါတယ်။ အဓိကက ကိုယ့်ချစ်သူအသစ်ကို သူကရည်းစားဟောင်းဆိုတာကိုတော့ ကြိုပြောပြထားပါ။ အထင်လွဲစရာတွေဖြစ်မလာအောင်ပေါ့။

ဖိုးသူတော် (www.phothutaw.com)

Credit: mmpost

#

Latest Comments

Leave a Comment

Related News