Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုကာကိုလာကို တီထွင်ခဲ့သူ ဂျွန်ပမ်ဘာတန်ရဲ့ ဝမ်းနည်းစရာ သမိုင်း

Image



အကယ်၍ ဂျွန်ပန်မ်ဘာတန်သာ အမေရိကန်ပြည်တွင်းစစ်တွင် မပါဝင်ခဲ့လျှင်  သူဟာ ဘယ်တော့မှ မော်ဖင်းကို စွဲလမ်းခဲ့မှာ မဟုတ်သလို ငါတို့ဟာလည်း ကိုကာကိုလာဆိုတာ ဘာမှန်း ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး

သူ့ကို  ၁၈၃၁ခုနှစ် ဇူလို်င်၈ရက်နေ့မှာ ဂျော်ဂျီယာမှာ မွေးဖွားခဲ့တယ်။ သူသည် ဂျော်ဂျီယာ ပြုပြင်ပြောင်းလဲရေး ဆေးတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ၁၈၅၀မှာ ဆေးဖော်စပ်ရေးလိုင်စင်ကိုရခဲ့တယ်။ ၁၈၅၃ခုနှစ်မှာ အန်အယ်လစ်ဇာ ကလစ်ဖို့တ် လူးဝစ်ကို လက်ထပ်ခဲ့ပြီး သားတယောက်ရခဲ့တယ်။

အမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားတဲ့အခါ ဂျွန်ဟာ ဂျော်ဂျီယာပြည်နယ်ကာကွယ်ရေးတပ်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ကိုလမ်ဘတ်စစ်ပွဲအတွင်း သူ ဒဏ်ရာရခဲ့ပြီးနောက် သူဟာ ဒဏ်ရာအတွက် မော်ဖင်းများသုံးခဲ့ပြီး မကြာခင်မှာ စွဲလမ်းလာခဲ့တယ်။

သူ့ရဲ့ စွဲလမ်းမှုကို ဖယ်ရှားပစ်ရန် ပမ်ဘာတန်ဟာ ကိုကိန်းရရှိသည့် ကိုကာအပင်ကို စတင်စမ်းသပ်ခဲ့တယ်။ သူသည်အရောအနှောအမျိုးမျိုးအသုံးပြု၍ အကြိမ်ပေါင်းများစွာ ပေါင်းစပ်ခြင်းများ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ပမ်ဘာတန်သည် ကိုလာစေ့အနှစ်နဲ့ ကိုကာကို ပေါင်းစပ်ခဲ့ပြီး ကိုကာကိုလာ အဖျော်ရည်ကို ဖန်တီးခဲ့တယ်။ သူ အရသာကို မြည်းကြည့်ပြီးသည့်နောက်မှာ ပမ်ဘာတန်ဟာ ဒါကို ကြီးကြီးမားမားပြုလုပ်သင့်တယ်လို့ အတွေးရခဲ့တယ််။

သူသည် အဖျော်ရည်ကို ခရားနဲ့ဖြည့်ကာ နမူနာအနေနဲ့ လမ်းထဲက ဆေးဆိုင်သို့ သယ်ဆောင်သွားခဲ့တယ်။ လူတွေက စုပေါင်းစပ်ပေါင်းတီထွင်မှုဟာ အလွန်ကောင်းမွန်ကြောင်း သဘောတူကြတယ်။

ပမ်ဘာတန်သည် အဖျော်ရည်ကို ကာဗွန်ပေါင်းစပ်ထာသော ရေနဲ့ရောခဲ့ပြီး သူ့ကို ပြည့်စုံအောင် ကူညီပေးရန်နဲ့ ပါဝင်ပစ္စည်းတွေကို စမ်းသပ်ပေးရန် ဆေးဆိုင်ပိုင်ရှင် Willis E. Venable နဲ့ အတူအလုပ်လုပ်ခဲ့တယ်။ ပထမတော့ ဆေးပညာအရည်သွေးတွေနဲ့ ဦးနှောက်အားဆေးအနေနဲ့ စျေးကွက်တင်သွင်းခဲ့တယ်။ ဒါပေမဲ့ စျေးကွက်အတွင်း တစ်ဖန်ခွက် ငါးဆင့်နဲ့ ရောင်းရသောအခါမှာတော့ ၄င်းကို ဆိုဒါသောက်စရာ အနေနဲ့သာ ရောင်းချပါတော့တယ်။

စျေးကွက်ဖြန့်ဖြူးရေးသမား ဖရန့်ခ် မက်ဆန် ရောဘင်ဆန် က ဒီထုတ်ကုန်ကို ပါဝင်ပစ္စည်း၂ခုပေါင်းစပ်၍ သံတူအက္ခရာစကားရပ်ဖွဲ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုကာကိုလာ ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။

ပမ်ဘာတန်ဟာ ကိုကာကိုလာတီထွင်မှုနဲ့အောင်မြင်လာသောအခါ သူသည် သူ၏မူလ ရည်ရွယ်ချက်ကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ မော်ဖင်းစွဲသည့် အလေ့အကျင့်ကို မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။ ဝမ််းနည်းစရာကောင်းစွာ သူရဲ့ စွဲလမ်းခြင်းက စျေးကြီးသောကြောင့် သူဟာ ဒေဝါလီခံလုနီးပါး ဖြစ်လာခဲ့တယ်။

သူ့မိသားစုကို ထောက်ပ့ံရန်နဲ့ မော်ဖင်းရရန်အတွက် ပမ်ဘာတန်ဟာ သူ့ဖော်စပ်နည်းမူပိုင်ခွင့်နဲ့ ကုမ္ပဏီ တချို့တဝက်ကို စတင်ရောင်းချခဲ့တယ်။ ပမ်ဘာတန်က သူ့ရဲ့တီထွင်မှုဟာ အနာဂတ်မှာ အောင်မြင်လာမယ်လ်ို့ ယုံကြည်နေခဲ့ဆဲဖြစ်ပြီး သူ့ပိုင်ဆိုင်မှုကို သူ့သား ချာလီ ပမ်ဘာတန်ကို လွှဲပြောင်းချိန်အထိ ထိန်းသိမ်းချင်ခဲ့တယ်။ ဖော်စပ်နည်းကို ပေးခဲ့သည်တိုင် သူသည် ကိုကာကိုလာ အမည် ပိုင်ဆိုင်ခွင့်ကို တော့ ချာလီအတွက် ထိန်းသိမ်းခဲ့တယ်။ ဒါပေမဲ့ သူမသေခင်မှာပဲ ချာလီက ပိုက်ဆံလျင်လျင်မြန်မြန်ရဖို့သာ စိတ်ဝင်စားကာ မှတ်ပုံတင်မူပိုင်ခွင့်ကို စီးပွားရေးသူဌေးကြီး Asa Candler ကို ရောင်းချခဲ့တယ်။

၁၈၈၈ သြဂုတ်လတွင် ဂျွန်ပမ်ဘာတန်သည် အစာအိမ်ကင်ဆာနဲ့သေဆုံးခဲ့တယ်။ သေဆုံးချိန်မှာ သူသည် ဆင်းရဲမွဲတေကာ မော်ဖင်းကို စွဲလမ်းနေခဲ့ဆဲဖြစ်တယ်။“ ဘုရားသခင် န်ိင်ငံ ကိုကာကိုလာ“ စာအုပ်ရေးသားသူ မက်ခ် ပန်ဒါဂရက်စ်တ် ရေးသားချက်အရ ချာလီဟာလည်းပဲ အရက်နဲ့ ဘိန်းစွဲလန်းနေသူ အဖြစ်စွပ်စွဲ ခံခဲ့ရပြီး သူ့အဖေ သေဆုံးပြီး ခြောက်နှစ်အကြာမှာ သေဆုံးခဲ့တယ်။

ထိုအချိန်မှာ Asa Candler ရဲ့ လမ်းညွှန်မှုအောက်မှာ ကိုကာကိုလာ ကုမ္ပဏီမှ ကိုကာကိုလာ အဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲခဲ့တယ်။ ၄င်းဟာ အချိုရည် လက်လီ်ဖြန့်ဝေရေး နဲ့ ကမ္ဘာ့ ရှေ့ပြေး ထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်လာခဲ့တယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: cantwait2say

Latest Comments

Leave a Comment

Related News