Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကလေးသူငယ်တွေအတွက် မိဘခွင့်ပြုချက်ရမှ နားထောင်ရန် သတိပေးစာကပ်ပြီး ဖြန့်ချိမယ့် Snare အဖွဲ့ရဲ့ စီးရီး

Image



ပူးတွဲချန်ပီယံအခွေမှ သီချင်းအချို့တွင် ဗန်းစကားများ ပါဝင်သောကြောင့် နိုင်ငံတကာမှ ဟစ်ဟော့ပ်အခွေများကဲ့သို့ Pa-rental Advisory ဆိုသည့် သတိ ပေးစာသားကို ရေးသားပေးထား ကြောင်း Snare အဖွဲ့မှ ဖြိုးလေး က ပြောသည်။

‘‘ကျွန်တော်တို့က လူငယ် တွေဆိုတော့ ဗန်းစကားတွေပါ တယ်။ လမ်းပေါ်က စကားတွေပါ တယ်။ အဲဒီအတွက် ထည့်ထား တာပါ။ ဒီအခွေထဲမှာ အရမ်းအ များကြီးတော့ မပါပါဘူး။ ဗန်း စကားလေးတွေပါမယ်။ တချို့ ဟာတွေဆို ကိုယ့်ဟာကိုယ် ဆင် ဆာဖြတ်ထားတယ်။ စောက်ဆို တဲ့ အသုံးအနှုန်းလေးတွေပါမယ်။ အဲဒီအတွက် ရည်ရွယ်တာပါ’’ဟု ဖြိုးလေးက ပြောသည်။

မြန်မာနိုင်ငံတွင် ဂီတနှင့်ပတ် သက်၍ ဆင်ဆာမရှိသောကြောင့် နိုင်ငံတကာ၌ ကျင့်သုံးသည့် ပုံစံအတိုင်း အထက်ပါသတိပေးစာ သား ထည့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

‘‘ကျွန်တော်တို့က ကလေး သူငယ်တွေနားထောင်မယ်ဆိုရင် မိဘတွေက အရင်နားထောင်ပြီး တော့ မိဘတွေက ခွင့်ပြုတယ်ဆို မှ ကလေးသူငယ်တွေက ဆက်ပြီး နားထောင်ပါဆိုတဲ့ နိုင်ငံတကာ ပုံစံအတိုင်း ဒီ Label လေးကို တပ်ထားတာပါ’’ဟု ယင်းအခွေ ထုတ်လုပ်သူ စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

ထို့ပြင် ယင်းအခွေကို ဒုတိ ယအခွေနှင့် ငါးနှစ်ကျော်ကြာမှ ဖြန့်ချိနိုင်သောကြောင့် အခွေ သစ်ကို စောင့်၍ အားပေးနေသည့် ပရိသတ်များကို တောင်းပန် ကြောင်း Snare အဖွဲ့ဝင်များက ပြောသည်။

Snare အဖွဲ့၏တတိယအ ခွေကို ပူးတွဲချန်ပီယံဟု အမည်ပေး ထားပြီး ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဖြန့်ချိမည် ဖြစ် သည်။

ယင်းအခွေတွင် သီချင်း ၁၄ ပုဒ်ပါဝင်မည်ဖြစ်ပြီး Featuring များအနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ G Family၊ ဘန်နီဖြိုး၊ အောင်သူ၊ G Fatt၊ မိစန္ဒီနှင့် အမရာဖုန်း တို့က ပါဝင်သီဆိုပေးထားသည်။

‘‘အခွေမထွက်တာ ငါးနှစ် လောက်ရှိပြီဆိုတော့ ဆိုတဲ့ပုံစံ တွေ၊ ရေးတဲ့ပုံစံတွေ၊ Music တည် ဆောက်တဲ့ ပုံစံတွေတော့ နည်းနည်းလေး ကွဲသွားပါတယ်။ အကြောင်းအရာကတော့ မျိုးစုံပါပဲ’’ ဟု နေဝင်းက ပြောသည်။

Snare အဖွဲ့၏အနုပညာ လှုပ်ရှားမှုများကို ယခုနှစ်အတွင်း ခပ်စိပ်စိပ် တွေ့မြင်ရမည်ဖြစ်ပြီး ယင်းအခွေထွက်ရှိပြီးပါက မန္တ လေးမြို့တွင် ၎င်းတို့၏ပထမဆုံး One Band Show  ပြုလုပ်ရန် စီစဉ်မည်ဟု  ဖြိုးလေးက  ပြောသည်။ ထို့ပြင် ၂၀၁၄က ပြုလုပ် သော Snare အဖွဲ့၏ဖျော်ဖြေပွဲ အခွေကို ယခုနှစ်အတွင်း ဖြန့်ချိနိုင် ရန် စီစဉ်မည်ဟု ၎င်းက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7DayDaily

Latest Comments

Leave a Comment

Related News