Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကလေးလှုပ်ခြင်းအကြောင်း သိကောင်းစရာ

Image



ကိုယ်​ဝန်​​ဆောင်​ဘဝမှာ က​လေးလှုပ်​ခြင်​းကန်​ခြင်​းဟာ စိတ်​လှုပ်​ရှားစရာ အ​တွေ့အကြုံတစ်​ခုပဲ ဖြစ်​ပါတယ်​။ က​လေး​လေးဟာ အ​မေ့သားအိမ်​ထဲမှာ ကျန်​းကျန်​းမာမာနဲ့ ကြီးထွား​နေပြီး မကြာခင်​မှာ မိဘနှစ်​ပါးရဲ့ ဘဝထဲကို ဝင်​​ရောက်​လာ​တော့မယ်​ဆိုတာ ပြသ​နေပါတယ်​။ ဒါ့အပြင်​ ဖခင်​အတွက်​လည်​း က​လေးလှုပ်​တာကို စမ်​းကြည်​့ကိုင်​ကြည်​့ပြီး က​လေး​လေးနဲ့ ဆက်​သွယ်​နိုင်​ပါတယ်​။ အ​ပျော်​​တွေကို ​ဝေမျှနိုင်​ပါတယ်​။

က​လေးလှုပ်​ခြင်​းနဲ့ပတ်​သတ်​ပြီး စိတ်​လှုပ်​ရှားဖွယ်​ရာ အ​ချက်​များ

    ဒီအချက်​​တွေကိုဖတ်​ကြည်​့ပြီး​နောက်​မှာ ကိုယ်​ဝန်​​ဆောင်​ခြင်​းဟာ အံ့ဖွယ်​အခြင်​းအရာ တစ်​ရပ်​ဖြစ်​တယ်​ဆိုတာကို လက်​ခံလာမိမှာပါ။

၁။ က​လေးလှုပ်​ခြင်​းဟာ က​လေး​လေးဟာ အ​မေ့ဗိုက်​ထဲ ကျန်​းကျန်​းမာမာကြီးထွား​နေတာကို ညွှန်​ပြ​နေပါတယ်​။

      က​လေး​လူးတာ၊လိမ်​့တာ၊လှည်​့တာ၊ကန်​တာဟာ က​လေးကျန်​းမာပြီး ​ကောင်​း​ကောင်​းလှုပ်​ရှား​နေနိုင်​တာကို ပြသပါတယ်​။ ဒါ့အပြင်​ က​လေး​ခြေ​တွေလက်​​တွေ ဆန်​့ထုတ်​လိုက်​တဲ့အခါတိုင်​းမှာ လှပ်​ခနဲလှပ်​ခနဲ ခံစားချက်​မျိုးခံစားရမှာဖြစ်​ပါတယ်​။ ကိုယ်​ဝန်​့ရင်​့လာ​လေ က​လေးလှုပ်​ရှားမှု​တွေပိုစိပ်​လာပြီး ပိုထင်​ရှားလာမှာ ဖြစ်​ပါတယ်​။

၂။ အပြင်​ဘက်​ကလာတဲ့လှုံ့​ဆော်​မှု​တွေကို က​လေးပြန်​လှန်​ တုန်​့ပြန်​တဲ့အ​နေနဲ့ လှုပ်​တာလည်​းဖြစ်​ပါတယ်​။

         သ​န္ဓေသား​လေးရဲ့ ပတ်​ဝန်​းကျင်​မှာဖြစ်​​ပေါ်လာတဲ့ ​ပြောင်​းလဲမှု​တွေကို တုန်​့ပြန်​တဲ့အ​နေနဲ့ ကန်​တာဖြစ်​နိုင်​ပါတယ်​။ မိခင်​စားလိုက်​တဲ့အစာ၊ ပတ်​ဝန်​းကျင်​ကဆူညံမှု​တွေ​ကြောင်​့ ကန်​တတ်​ပါတယ်​။

၃။ ​ဘေးတစ်​​စောင်​းလှဲအိပ်​တဲ့အခါ က​လေးလှုပ်​တာပိုများလာပါတယ်​။

     ​ဘေး​စောင်​းအိပ်​တဲ့အခါ က​လေးဆီကို အချင်​းက​နေ ​သွေး​အသွားအလာပိုများလာပါတယ်​။ ဒါ​ကြောင်​့ က​လေးရဲ့ ပိုလှုပ်​ရှားလာတာပဲဖြစ်​ပါတယ်​။

၄။ ကိုယ်​ဝန်​၁၈ပတ်​မှ ၂၅ပတ်​အတွင်း စလှုပ်​တတ်​ပါတယ်​။

          သားဦးကိုယ်​ဝန်​​တွေမှာ ၂၅ပတ်​​လောက်​မှ သတိထားမိတတ်ပြီး ကျန်​ကိုယ်​ဝန်​​ဆောင်​​တွေမှာ​တော့ ၁၈ပတ်​​လောက်​ကတည်​းက လှုပ်​တတ်​ပါတယ်​။

၅။ က​လေးလှုပ်​တဲ့အကြိမ်​အ​ရေအတွက်​ကို ​ရေတွက်​ထားသင်​့ပါတယ်​။

      အစပိုင်​းမှာ ​လေထသလား၊ က​လေးတကယ်​လှုပ်​တာလား မ​သေချာတတ်​​ပေမယ်​့ ​နောက်​ပိုင်​းတစ်​ဖြည်​းဖြည်​းနဲ့ က​လေးဘယ်​အချိန်​မှာ ​အိပ်​တတ်​တယ်​၊ ဘယ်​အချိန်​မှာ နိုးတယ်​၊ ဘယ်​အချိန်​မှာ အလှုပ်​ရှားဆုံးဖြစ်​တယ်​၊ ဘယ်​လိုလုပ်​ရင်​ပိုလှုပ်​တယ်​ ဆိုတာကို​တောင်​ သိလာနိုင်​ပါတယ်​။

     က​လေးရဲ့လှုပ်​ရှားမှု​တွေကို သတိထား​နေခြင်​းဖြင်​့ က​လေးမှာပြဿ    နာတစ်​စုံတစ်​ရာဖြစ်​လာတဲ့အခါ ချက်​ချင်​းသိနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ​နေ့တိုင်​း​နေ့တိုင်​း က​လေးကန်​တာ၊ လှည်​့တာ၊ တွန်​းတာ​တွေကို ​သေချာမှတ်​သား​ရေတွက်​ထားသင်​့ပါတယ်​။ ဒီလို ​ရေတွက်​ထားခြင်​းဖြင်​့ သ​န္ဓေသား​သေဆုံးခြင်​းကို ကာကွယ်​နိုင်​တာ​ကြောင်​့ ကိုယ်​ဝန်​၂၈ပတ်​က​နေစပြီး ပုံမှန်​​ရေတွက်​ဖို့ အကြံပြုပါတယ်​။

၆။ က​လေးအလှုပ်​နည်​းသွားခြင်​းဟာ က​လေးမှာပြဿနာ တစ်​စုံတစ်​ရာရှိ​နေနိုင်​​ကြောင်​းပြသပါတယ်​။

      ကိုယ်​ဝန်​၂၈ပတ်​​ကျော်​လွန်​လာတဲ့အခါ ဆရာဝန်​က တစ်​​နေ့တာ က​လေးလှုပ်​ရှားမှု အ​ရေအတွက်​ကို မှတ်​သားထားခိုင်​း​လေ့ရှိပါတယ်​။ ပုံမှန်​ ၂နာရီအတွင်​း က​လေးလှုပ်တာ၁၀ကြိမ်​ ပြည်​့​လေ့ရှိပါတယ်​။ အကယ်​၍နည်​း​နေပြီဆိုရင်​​တော့ ​အောက်​ပါ ပြဿနာ တစ်​ခုခုရှိ​နေနိုင်​ပါတယ်​။

    မိခင်​မှာ စိတ်​ဖိစီးမှု သို့မဟုတ်​ အာဟာရ ချို့တဲ့မှုရှိ​နေခြင်း : မိခင်​ရဲ့ ကိုယ်​စိတ်​နှစ်​ပါး ကျန်​းမာ​ရေးဟာ က​လေး​ပေါ်မှာ သက်​​ရောက်​မှု အများအပြားရှိနိုင်​ပါတယ်​။ အာဟာရမပြည်​့ဝတဲ့အခါ က​လေးရဲ့ ဦး​နှောက်​နဲ့အာရံ​ကြောဖွံဖြိုးမှု ​လျော့နည်​းပြီး လှုပ်​ရှားမှုနည်​းလာပါတယ်​။ က​လေးသိပ်​မလှုပ်​ဘူးလို့ ထင်​တဲ့အခါ ​ရေများများ​သောက်​ပြီး လမ်​းထ​လျောက်​ကြည်​့လိုက်​ပါ။

    အချင်​းကွာခြင်​း : အချင်​းကွာတဲ့အခါ က​လေးဆီကို ​အောက်​ဆီဂျင်​နဲ့ ​သွေးအ​ရောက်​နည်​းပြီး က​လေးဖွံ့ဖြိုးမှုကို အ​နှောင်​့အယှက်​ ဖြစ်​​စေပါတယ်​။

    ​ရေမြွာ​စော​ပေါက်​ခြင်​း : ​ရေမြွာ​စော​ပေါက်​တဲ့အခါ ​ရေမြွာ​ရည်​ နည်​းလာပြီး က​လေး​ကောင်​း​ကောင်​းမလှုပ်​ရှားနိုင်​တာ၊ ​အောက်​ဆီဂျင်​ဓာတ်​နည်​းပါးလာတာမျိုး ဖြစ်​တတ်​ပါတယ်​။

    က​လေး​အောက်​ဆီဂျင်​ဓာတ်​မလုံ​လောက်​ခြင်​း : အချင်​းကြိုးလိမ်​သွားခြင်​း၊ ​ခေါက်​သွား​ခြင်​း၊ ပုံပျက်​သွားခြင်​းတို့​ကြောင်​့ က​လေးဆီ ​အောက်​ဆီဂျင်​ပြတ်​​တောက်​သွားတတ်​ပါတယ်​။

အာထရာ​စောင်​းရိုက်​ခြင်​းနဲ့ အခြားစမ်​းသပ်​နည်​းအမျိုးမျိုးဖြင်​့ က​လေးရဲ့ နှလုံးခုန်​နှုန်​းနဲ့ အလှုပ်​နည်​းရခြင်​း အ​ကြောင်​းအရင်​းတို့ကို ရှာ​ဖွေနိုင်​ပါတယ်​။

၆။ ကိုယ်​ဝန်​ရင်​့ချိန်​မှာ က​လေးအလှုပ်​နည်​းခြင်​းကို​တော့ စိုးရိမ်​စရာမလိုအပ်​ပါဘူး။

  ​  ကိုယ်​ဝန်​ရင်​့လာတဲ့အခါ က​လေးဟာ မိနစ်​၂၀ မှ ၄၀ခန်​့ တစ်​ခါတ​ရံ မိနစ် ​၉၀ ခန်​့ထိ မလှုပ်​မရှားပဲ ​နေတတ်​ကြပါတယ်​။ က​လေးတစ်​ဖြည်​းဖြည်​းနဲ့ကြီးလာတဲ့အခါ လှုပ်​ရှားရခက်​လာတတ်​ပါတယ်​။ ဒါ​ကြောင်​့ က​လေးအလှုပ်​နည်​းသွားတဲ့အခါ မစိုးရိမ်​သွားပါနဲ့။ ဒါ​ပေမယ်​့ တစ်​ခါတစ်​ရံ နံရိုး​အောက်​မှာ စူးခနဲ ​အောင်​့​အောင်​့သွားတတ်​ပြီး မိနစ်​အတန်​ကြာ တစ်​ဆတ်​ဆတ်​နာ​နေတတ်​ပါတယ်​။

၇။ က​လေးလှုပ်​ရှားမှုဟာ က​လေး​မွေးလာတဲ့အခါ စိတ်​​နေစိတ်​ထားနဲ့ ဆက်​စပ်​မှုရှိ​နေနိုင်​ပါတယ်​။

      ​လေ့လာမှု​တွေအရ ဗိုက်​ထဲက က​လေးရဲ့လှုပ်​ရှားမှုပုံ​တွေဟာ က​လေးဘဝအစပိုင်​းရဲ့ စိတ်​​နေစိတ်​ထားကို ​ဖောြ်​ပ​နေနိုင်​တယ်​လို့ဆိုပါ့တယ်။ ဒါ​ပေမယ်​့ ဒီတစ်​ခုတည်​းနဲ့​တော့ ဆုံးဖြတ်​လို့ မရပါဘူး။

၈။ က​လေးလှုပ်​ရှားမှုနဲ့ ပတ်​သတ်​ပြီး ဘယ်​အချိန်​မှာ စိုးရိမ်​သင်​့သလဲ?

      ကိုယ်၀န်လရင့်လာတဲ့အချိန်မှာ၂နာရီပြည်​့သည်​အထိ က​လေးလှုပ်​တာ ၁၀ကြိမ်​မပြည်​့တဲ့အခါ နာရီအနည်​းငယ်​မျှ​စောင်​့ပြီး ​နောက်​တစ်​ခါ​ရေတွက်​ကြည်​့လိုက်​ပါ။ ​နောက်​တစ်​ခါမှာလည်​း ၂နာရီအတွင်​း ၁၀ကြိမ်​မပြည်​့ခဲ့ရင်​ နီးစပ်​ရာကျန်​းမာ​ရေးဌာနကို ​သွားပါ။

       ဒါ့အပြင် ဆူညံသံတွေကို ခါတိုင်​းလိုမဟုတ်ဘဲ တုံ့ပြန်​မှု​လျော့နည်​းလာခြင်း၊ ၂ရက်​ဆက်​တိုက်​ က​လေးလှုပ်​ရှားမှု တစ်​ဖြည်​းဖြည်​း ​လျော့နည်​းလာခြင်​းတို့ ကြုံရပါကလည်း ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားသင့်ပါတယ်။

၉။ က​လေးလှုပ်​​ရှားမှုနည်းလာတယ်လို့ထင်တဲ့အခါ အိမ်မှာဘာလုပ်ကြည့်သင့်သလဲ?

      က​လေးလှုပ်​ရှားမှု​လျော့နည်​းတဲ့အခါ

    စိတ်​ကို​လျော့ချပြီး ​ခေတ္တခဏထိုင်​လိုက်​ပါ။

    အ​အေးနဲ့ သ​ရေစာတစ်​ခုခု စားပြီး ​ခြေ​ထောက်​ကို အ​ပေါ်​မြှောက်​ပြီး ထိုင်​ပါ။ အချိုဓာတ်​နဲ့ အ​အေးဓာတ်​က က​လေးရဲ့ တုန်​့ပြန်​မှုကို ရရှိ​စေနိုင်​ပါတယ်​။

    က​လေးဟာ လှုပ်​ခြင်​း၊ ကန်​ခြင်​း၊ တွန်​းခြင်​း၊ ပုတ်​ခြင်းစတဲ့နည်​းအမျိုးမျိုးနဲ့ တုန်​့ပြန်​ပါလိမ်​့မယ်​။

ဖိုးသူတော် (www.phothutaw.com)

Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

Latest Comments

Leave a Comment

Related News