Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကမ္ဘာစစ်အတွင်းက လူသိနည်းတဲ့ ဖြစ်ရပ် (သို့) ကိုယ့်အသက်စွန့်ကာ ဂျူးလူမျိုး ၆၀၀၀ကျော်ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ ဂျူးတွေရဲ့ကယ်တင်ရှင်

Image



ကျုပ်က ကိုယ့်အစိုးရကိုယ်ဆန့်ကျင်ချင် ဆန့်ကျင်မယ် ။ ကိုယ့်ဘုရားသခင် ကိုယ်မဆန့်ကျင်နိုင်ဘူး လို့ ဆိုတဲ့သူ

ဒုတိယကမ႓ာစစ်အတွင်းက ဂျာမန်စက်မှုလုပ်ငန်းရှင် အော်စကာရှင်းဒလားဟာ သူ့ရဲ့ စက်ရုံလုပ်ငန်းမှာ ဂျူ းလူမျ ို း ( ၁၂၀၀ ) ကျော်ကို အလုပ်ခန့်ထားပေးခြင်း အားဖြင့် နာဇီတို့ရဲ့ မျိုးဖြုတ် သုတ်သင်မှုဘေးက လွတ်မြောက်အောင် ကယ်တင်ခဲ့ပါတယ် ။ ဒီဖြစ်ရပ်မှန် ကို Schindler’s List ရုပ်ရှင်ကားနဲ့ ကမ႓ာသိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဂျပန်သံတမန်တယောက် ဖြစ်တဲ့ ချိယုနဲ ဆုဂိဟယ ( Chiune Sugihara ) ကို ” ဂျပန် ရှင်းဒလား ” လို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ် ။ သူ့ရဲ့ ဒုတိယကမ႓ာစစ်အတွင်း စွမ်းဆောင်ချက်တွေကိုတော့ လူသိနည်းနေတုန်း ပါပဲ။

ဆုဂိဟယ ကို ( ၂၀ ) ရာစုနှစ်ရဲ့ ပထမဆုံးနေ့မှာ ဖွားမြင်ပါတယ် ။ သူ့ဖခင်က ထင်ရှားတဲ့ အထူးကုဆရာဝန်ကြီး ပါ ။ ဖခင်ကြီး ဆန္ဒအတိုင်း ဆေးတက္ကသိုလ် တက်ရောက်နေတုန်းမှာပဲ သူဟာ နိုင်ငံခြားဘာသာစကားတွေမှာ ထူးချွ န်သူဖြစ်ပြီး သူ တကယ်ဖြစ်ချင်တဲ့ဘဝ က နိုင်ငံပေါင်းစုံကို လှည့်ပတ်သွားလာနေရတဲ့ ဘဝမျိုးပဲ ဆိုတာ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားတယ် ။ ဒါနဲ့ပဲ ဆေးတက္ကသိုလ်စာမေးပွဲကို တမင်ကျအောင် ဖြေလိုက်တယ် ။ ပြီးတော့ နိုင်ငံခြားသံတမန် သင်တန်းကျောင်းကို ပြောင်းတက်တယ် ။ ဆိုဗီယက်ရပ်ရှား ဆိုင်ရာ အထူးကျွ မ်းကျင်သူအဖြစ် လေ့လာသင်ယူခဲ့ရတယ် ။ ဒါပေမယ့် အလုပ်စဝင်ဝင်ချင်းမှာ ဆိုဗီယက်ရပ်ရှား ကို မသွားရသေးဘူး ။ အဲ့အချိန်က ဂျပန်လက်အောက်ခံ နယ်မြေဖြစ်တဲ့ တရုတ်ပြည်မန်ချူ းရီးယားနယ်က မန်ချူးကိုး ရုပ်သေးအစိုးရ ရဲ့ ဂျပန်သံရုံးမှာအမှုထမ်းရတယ် ။

၁၉၃၉ ခုနှစ် နိုဝင်ဘာလ ရောက်မှ အဲ့အချိန်က ဆိုဗီယက်ရပ်ရှားပြည်ထောင်စုရဲ့ ပြည်နယ်တခုဖြစ်တဲ့ လစ်သူယေးနီးယား ( ယနေ့ခေတ် လစ်သူယေးနီးယားနိုင်ငံ ) ရဲ့ မြို့တော် ကောနပ်စ် ကို ဂျပန် လက်ထောက်ကောင်စစ်ဝန် အဖြစ် ပြောင်းရွှေ့ အမှုထမ်းရတယ် ။ နောက် ၂ လ အကြာမှာ နာဇီဂျာမနီ က ပိုလန်နိုင်ငံကို ကျ ူ းကျော်သိမ်းပိုက်ပြီး ဒုတိယကမ႓ာစစ်ကြီး စတင်ပါတော့တယ် ။ ဆုဂိဟယ ဟာ ကိုယ့်သဘောနဲ့ ကိုယ် နာဇီဆန့်ကျင်ရေး ပိုလန်မြေအောက် တော်လှန်ရေးသမားတွေနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တယ် ။

အဲ့အချိန်က ဂျပန်ဟာ ဒုတိယကမ႓ာစစ်မှာ ဝင်မပါသေးဘူး ။ ဒါကြောင့် နာဇီဂျာမနီနဲ့ရော ။ ဆိုဗီယက်ရပ်ရှားနဲ့ရော သင့်မြတ်အောင် ဆက်ဆံဖို့ ဆုဂိဟယ ကို သူ့အထက်အရာရှိတွေက ညွှန်ကြားထားတယ် ။ ဒါပေမယ့် ဆုဂိဟယ က နာဇီလက်က လွတ်အောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပိုလန်တော်လှန်ရေးသမား တချို့ကို ဂျ ပန်ပြည်ဝင်ခွင့် ဗီဇာ ရရှိအောင် သူ့လုပ်ပိုင်ခွင့်ဘောင်အတွင်းက ကူညီလိုက်တယ် ။ ဒီသတင်းဟာ နာဇီလက်က လွတ်အောင် သေပြေးရှင်ပြေးတိမ်းရှောင်နေရတဲ့ ဂျူ းဒုက္ခသည်တွေ ဆီကို ရောက်သွားတယ် ။ မကြာခင်မှာပဲ ဆုဂိဟယ ရဲ့ လစ်သူယေးနီးယား ဂျပန်ကောင်စစ်ဝန်ရုံးရှေ့မှာ ဂျပန်ဗီဇာ လာလျှောက်တဲ့ ဂျူ းလူမျိုးတွေ စုပြုံ နေတော့တယ် ။ အဲ့အချိန်က နာဇီလက်အောက် ကျ ရောက်သွားပြီဖြစ်တဲ့ ပိုလန် ။ ဟော်လန် စတဲ့ တိုင်းပြည်တွေက ဂျူ းလူမျို းတွေဟာ နာဇီရန်က လွတ်အောင် ဘဲလ်တစ်ဒေသ ကို စုပြုံ ပြေးလာကြတယ်။ နောက်က ထပ်ချပ်မကွာလိုက်လာနေတဲ့ နာဇီဂျာမနီရန် ကြောင့် လတ်ဗီးယား ။ လစ်သူယေးနီးယား စတဲ့ ဘဲလ်တစ်ဂျူ း တွေဟာလည်း ပြည်ပကို ထွက်ပြေးချ င်နေကြတယ်။ ဒါပေမယ့် သူတို့ကို ဘယ်သူကမှ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးကြဘူး။ လုပ်ပေးတဲ့သူဟာ အသက်နိုင်တဲ့အထိ ကြီးလေးတဲ့ပြစ်ဒဏ်ခံရနိုင်ပါတယ်။

ဆုဂိဟယ ဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အထက်ကို ၃ ကြိမ်တိုင်တိုင် အစီရင်ခံခဲ့တယ် ။ တိကျတဲ့ ညွှန်ကြားချက်မရတဲ့အဆုံး ကိုယ့်သဘောနဲ့ ကိုယ် ဂျူးတွေကို ဂျပန်ဗီဇာ ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ တော်ရုံသတ္တိနဲ့တော့ ဒီလိုစွန့်စားဖို့ဆိုတာ မလွယ်ကူလှပါဘူး။

” ကျု ပ်က ကိုယ့်အစိုးရကိုယ် ဆန့်ကျင်ချင် ဆန့်ကျင်မယ် ။ ကိုယ့် ဘုရားသခင် ကိုယ် မဆန့်ကျင်နိုင်ဘူး “ လို့သူ့ကိုယ်ရေးမှတ်တမ်း စာအုပ်မှာ ရေးခဲ့တယ် ။

ဒါနဲ့ပဲ ဆုဂိဟယ ဟာ ၁၉၄၀ ခုနှစ် ဇွန်လ က စက်တင်ဘာလ အတွင်း ဂျူ းတွေအတွက် ဂျပန်ပြည်ဝင်ခွင့်ဗီဇာကို မရပ်မနား ထုတ်ပေးပါတော့တယ် ။ ဗီဇာ စာရွက်စာတမ်းတွေ အပေါ်မှာ လက်မှတ်ထိုးဖို့ နေ့ရော ညရော အလုပ်လုပ်ရတယ် ။ တနေ့ကို ၄ နာရီက ၆ နာရီပဲ အိပ်စက်အနားယူပြီး ဗီဇာစာရွက်စာတမ်းတွေ အပေါ်မှာ မနေမနား လက်မှတ်ထိုးပေးခဲ့တယ်လို့ ဆိုပါတယ် ။ ဗီဇာ ရဖို့ မဖြစ်နိုင်တဲ့ ဂျူ းတွေကိုလည်း ဆိုဗီယက်ရပ်ရှား အရာရှိတချို ့နဲ့ ညှိနှိုင်းပြီး ဆိုက်ဘေးရီးယားဖြတ် ရထား စီးနင်းခွင့်လက်မှတ်ရအောင် ကူညီပေးခဲ့ပါသေးတယ် ။ သူတို့ဟာ အဲ့ဒီရထား စီးနင်းပြီး ဆိုဗီယက်ရပ်ရှားပြည်ထောင်စု အရှေ့ခြမ်း ပစိဖိတ်သမုဒ္ဒရာကမ်းခြေ ဗလာဒီဗော့စတော့မြို ့ကို အရောက်သွားနိုင်ကြလို့ စစ်အတွင်း နာဇီဘေးရန်က ဝေးရာကို ရောက်သွားနိုင်ခဲ့ကြတယ် ။

၁၉၄၀ စက်တင်ဘာလမှာ ဆိုးဝါးလာတဲ့ ကမ႓ာစစ်အခြေအနေ ကြောင့် လစ်သူယေးနီးယားက ကောင်စစ်ဝန်ရုံးကို ပိတ်လိုက်ဖို့ ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ် ။ ဆုဂိဟယ ဟာ ပြည်တော်ပြန်ဖို့ ရထားဘူတာရုံကို သွားနေချ ိန်အထိ ဗီဇာစာရွက်တွေ အပေါ်မှာ လက်မှတ်ထိုးပေးနေတုန်းပဲလို့ မျက်မြင်တွေ့ဖူးသူတွေက ပြောပြပါတယ် ။ ရထားထွက်တဲ့အခါ သူ လက်မှတ်ထိုးပြီး နောက်ဆုံးကျ န်တဲ့ ဗီဇာစာရွက်စာတမ်း တချို့ကို စောင့်ဆိုင်းနေတဲ့ ဂျူ းဒုက္ခသည် လူအုပ်ကြီးထဲ ကြဲချ ပေးခဲ့တယ် ။ ပြီးတော့ လူအုပ်ကြီးဘက် ဦးညွှတ်နှုတ်ဆက်ပြီး ” ခွင့်လွှတ်ပါဗျာ ။ ကျွန်တော် ဒီထက်ပိုပြီး မကူညီနိုင်တော့ပါဘူး ” လို့ နှုတ်ဆက်စကား ပြောခဲ့တယ် ဆိုပါတယ် ။

ဒီအချိန်တိုလေးအတွင်းမှာ ဆုဂိဟယ ဟာ ဂျ ပန် ပြည်ဝင်ခွင့်ဗီဇာ ( ၂၁၃၉ ) စောင် ထုတ်ပေးနိုင်ခဲ့တယ် ။ သူ့သဘောနဲ့ သူ ထုတ်ပေးလိုက်တဲ့ ဒီ ဗီဇာတွေကြောင့် ခလေးငယ်တွေ အပါအဝင် ဂျူ းလူမျို း ( ၆၀၀၀ ) ကျော် ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။ဒုတိယကမ႓ာစစ် အပြီးမှာ သူဟာ မဟာမိတ်စစ်သုံ့ပန်း စခန်းမှာ ( ၁၈ ) လကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ် ။ အဲ့ဒိနောက် ဒုတိယကမ႓ာစစ်မတိုင်ခင် ကာလက အထက်ကခွင့်ပြုချက် မရှိပဲ မိမိတဦးတည်းသဘောနဲ့ပြည်ဝင်ခွင့်ဗီဇာတွေ ထုတ်ပေးခဲ့တဲ့အတွက် ဆိုပြီး နိုင်ငံခြားရေးဌာနက သူ့ကို အလုပ်ထုတ်ပစ်လိုက်တယ်။ ဆုဂိဟယ ဟာ သူ့ဘဝ ကျန်ရှိတဲ့အချိန်တွေမှာ တဝမ်းတခါးအတွက် လျှပ်စစ်မီးသီးတွေ တအိမ်ဝင်တအိမ်ထွက် ရောင်းရတဲ့ အရောင်းသမားအဖြစ် ခက်ခဲပင်ပန်းစွာ အသက်မွေးခဲ့ရပါတယ် ။

ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ချက်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှု ကို ဆုဂိဟယ မသေမီ တွေ့မြင်ခွင့်ရသွားခဲ့တယ် ။ ၁၉၈၄ ခုနှစ်မှာ အစ္စရေးနိုင်ငံက သူ့ကို ဂုဏ်ထူးဆောင်နိုင်ငံသား အဖြစ် ဂုဏ်ပြု ခဲ့တာဖြစ်တယ် ။ ကျန်းမာရေးဆိုးရွားနေတာကြောင့် ဇနီးနဲ့သား သာ သူ့ကိုယ်စားတက်ရောက် ဆုယူနိုင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ သူကွယ်လွန် ခဲ့ပါတယ် ။ သူကွယ်လွန်ချိန်အထိ ဂျပန်နိုင်ငံသားတွေဟာ သူ့ရဲ့မေတ္တာစေတနာကြီးမြတ်မှုတွေကို မသိကြသေးပါဘူး။ ကွယ်လွန်ပြီးမှသာ သူ့ရဲ့ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက်များကို သိရှိခဲ့ရကြပြီး ဘ၀ကိုခက်ခဲစွာဖြတ်သန်းခဲ့တဲ့ သူ့အတွက် ယူကြုံးမရဖြစ်ခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: thutazone

ဦးကိုကိုဦး ( သာယာဝတီ )

( ref : The Daily Beast ” Lessons from Japan’s Schindler ” )

Latest Comments

Leave a Comment

Related News