Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကင်ညာနိုင်ငံ Rift မြစ်၀ှမ်း ရေကာတာကျိုးပေါက်မှု လူ ၂၇ ဦးထက်နည်း သေဆုံး

Image



ကင်ညာနိုင်ငံ Rift မြစ်၀ှမ်း ရေကာတာကျိုးပေါက် ( မေလ ၁၀-၂၀၁၈)

ကင်ညာနိုင်ငံ Rift မြစ်၀ှမ်းမှာ မနေ့ညပိုင်းက ရေကာတာတခု ကျိုးပေါက်ရာက လူ ၂၇ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ Nairobi မြို့တော်ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၅၀ လောက်အကွာမှာရှိတဲ့ Solai မြို့က Patel ရေကာတာ ကျိုးပေါက်ရာက နေအိမ်တွေနဲ့ ဆိုင်တွေ၊ လုပ်ငန်းတွေ ရေနောက်မျောပါသွားခဲ့ကြတာပါ။

လူ ၄၀ လောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့သလို၊ ရေဘေးသင့်သူတွေကို ကယ်ဆယ်နိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေးတွေ ဒီကနေ့အထိ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်းလည်း တာ၀န်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လအတွင်း မိုးသည်းထန်ရွာသွန်းမှုတွေ ကြုံခဲ့ရတဲ့ ဒီဒေသမှာ ရေကြီးမှုတွေ၊ ရွှံ့မြေပြိုကျမှုတွေကြောင့် လူ ၁၃၀ ကျော် သေဆုံးခဲ့ရတာပါ။ မိုးသည်းထန်မှုတွေကြောင့် လူပေါင်း ၂ သိန်း ၂ သောင်း လောက်ဟာ အိုးအိမ်စွန့်ခွာခဲ့ရကြောင်းလည်း ကင်ညာအစိုးရက မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com







Latest Comments

Leave a Comment

Related News