Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကချင်စစ်ဘေးရှောင်တွေကို ဌာနဆိုင်ရာထောက်ပံ့

Image



ပြည်သူတွေကို ကချင်ပြည်နယ်အစိုးရက ကြီးကြပ် ကူညီပေးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်။

ကချင်ပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ကချင်ပြည်နယ်အစိုးရက ကြီးကြပ် ကူညီပေးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နဲ့ ကချင်ပြည်နယ်အစိုးရက ညှိနှိုင်းပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် ဆန်။ ဆီ။ ဆေးဝါးရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

IDP စခန်းတွေကိုလည်း ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ အစိုးရဌာနတွေအပြင် ပြည်တွင်းပြည်ပ NGO အဖွဲ့တွေ။ လူထုအခြေပြုအဖွဲ့တွေက လုံခြုံစွာနေထိုင်နိုင်ရေး။ အစားအသောက်နဲ့ အဝတ်အထည်တွေကို ထောက်ပံ့ကူညီပေးနေတယ်လို့ဆိုပါတယ်။ IDP စခန်းတွေမှာရောက်နေတဲ့ ဒုက္ခသည်တွေကို နယ်မြေအေးချမ်မှုအပေါ် မူတည်ပြီး သူတို့ ဒေသမှာ ပြန်လည်နေထိုင်နိုင်ဖို့ စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။

နိုင်ငံတော်အစိုးရကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိုှုနှိုင်းပြီး ကချင်ပြည်နယ်ထဲက IDP စခန်းတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ကာ ရှောင်တိမ်းနေရတဲ့ ပြည်သူတွေ အေးချမ်းတည်ငြိမ် လုံခြုံအောင် ဆောင်ရွက်ပေးနေတယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်ထဲက လိုင်ဇာ၊ ဖားကန့်၊ တနိုင်း၊ နမ္မတီး၊ ကာမိုင်း၊ မိုးကောင်းနဲ့ အင်ဂျန်းယန်တို့မှာ အစိုးရတပ်တွေနဲ့ KIA ကချင်လက်နက်ကိုင်တပ်တွေကြား ပြီးခဲ့တဲ့လက စတဲ့ တိုက်ပွဲတွေ အတွင်း တောထဲမှာ ဒေသခံ ထောင်နဲ့ချီ ပိတ်မိနေကြပါတယ်။

တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ပေးဖို့အပြင် လူထုရဲ့ဘေးကင်းလုံခြုံမှုနဲ့ ဒေသတွင်း တည်ငြိမ်မှုရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးဖို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ဆီကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စာပေးပို့တောင်းဆိုခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com







Latest Comments

Leave a Comment

Related News