“တူမလေးကို လက်တွဲခေါ်ပြီး ပွဲထုတ်ထားတဲ့ အူ၀ဲ ပါ၀င်မယ့် ရုပ်ရှင်ကား”

မူလဆိုက်တွင်ဖတ်ရန် >>>



ရူးအောင်ချစ်ကြမယ့် နေတိုးနဲ့ အူ၀ဲတို့ တူ၀ရီးနှစ်ယောက်

ပရိသတ်တွေတော့မသိဘူး အက်ဒမင်ကတော့ ဒီဇာတ်ကားကို အရမ်းကြည့်ချင်နေပါပြီ။

အကယ်ဒမီဆုကိုပူပူနွေးနွေးရရှိထားတဲ့ မြန်မာပြည်ရဲ့ ၀ါရင့် ထိပ်တန်းမင်းသမီး အိနြ္ဒာကျော်ဇင် ကတော့ ရှေ့နှစ်မှာ ဇာတ်ပို့ဆုအနေနဲ့ အလားလာရှိတဲ့ ရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးထားပါတယ်။

လက်တလောရိုက်ကူးထားတဲ့ ရူးအောင်ချစ်မယ့်သူ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာတော့ အူ၀ဲက သူမရဲ့ တူမလေးမေတိုးခိုင်ကို ပထမဆုံးအကြိမ်ပွဲထုတ်ထားပြီး နေတိုးနဲ့အတူ ပါ၀င်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အကယ်ဒမီဆုကို လောလောလတ်လတ်ရရှိထားတဲ့ အူ၀ဲနဲ့ နေတိုးတို့ကို အတူတူမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်သလို ပရိသတ်အချစ်တော်နှစ်ယောက် ဘယ်လိုမျိုးအပီအပြင်ကြိုစားထားကြမလဲဆိုတာ အားလုံးက စိတ်၀င်စားနေကြပါတယ်။

အူ၀ဲ နဲ့ ရုပ်ချင်းဆင်လွန်းတဲ့ တူမလေး မေတိုးခိုင် တို့ ပထမဆုံးအတူတူပါ၀င်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးမို့ ပရိသတ်တွေကတော့ ရုံတင်မယ့်ရက်ကို စောင့်မျှော်နေကြပါတယ်။

ချစ်စရာကောင်းတဲ့ တူ၀ရီးနှစ်ယောက်နဲ့နိုင်ငံကျော်မင်းသားအကယ်ဒမီနေတိုးတို့ ဘယ်လိုမျိုးဇာတ်ရုပ်တွေနဲ့ ပါ၀င်သရုပ်ဆောင်ကြမလဲဆိုတာကတော့ စိတ်၀င်စားဖို့ကောင်းနေပါပြီ။

တူမဖြစ်သူ မေတိုးခိုင်ဟာ အနုပညာလောကရဲ့ တက်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အဒေါ်ဖြစ်သူအူ၀ဲရဲ့ ကိုယ်ပွားလေးလို့တောင် ပရိသတ်တွေက တင်စားကြပါတယ်။

သူတို့(၃)ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်တွေကိုကြည့်ပြီး ပရိသတ်တွေလည်း ဒီကားလေးကို အားပေးလိုက်ပါဦးနော်။

Source : we love Eaindra kyaw zin

ဖိုးသူတော် (www.phothutaw.com)

Credit: yawthama

#

Latest Comments

Leave a Comment