အဆိပ်သင့်စေသော မြန်မာ့ ဗီဒီယို ရုပ်​ရှင်​ ဇာတ်​ကားများ

မူလဆိုက်တွင်ဖတ်ရန် >>>



အဆိပ်သင့် မြန်မာ့ ဗီဒီယို ရုပ်​ရှင်​ ဇာတ်​ကားများ

(1) ပထမ ကားက ' အက်တိုးပစ် အပျိုစင် ' ။

အရမ်းချော အရမ်းလှပြီး ချစ်စရာ aကာင်းတဲ့၊ ဆရာဝန်မ ချောချောလေး နန်းခင်ဇေယျာ ရဲ့ အချစ်ကို ကြိုးစားလို့ မရတဲ့ အဆုံး ဆေးခပ်ပြီး မုဒိန်းကျင့် လိုက်တယ်။ မုဒိန်းကောင် က ထောင် မကျဘူး။ အရေးယူ မခံရဘူး။ တစ်ရှက်ကနေ (၂) ရှက် ဖြစ်မှာ စိုးလို့ ဆိုပြီး မိဘတွေက မင်္ဂလာဆောင်ပြီး ပေးစား လိုက်တယ်။ ကဲ မုဒိန်းကျင့် ကြဖို့ မကောင်းဘူးလား? ချစ်ရင် လိုက် ။ အနုနည်း နဲ့ လိုက်လို့ မရရင် အကြမ်းနည်း သုံးပြီး မုဒိန်းသာ ကျင့်လိုက်။ ချစ်တဲ့သူ ကို မဆုံးရှုံး စေရဘူး။

(2) ဟော နောက်တကား က " ဤမှန်သော အမုန်း တရားကြောင့် " တဲ့။

စိုးပြည့်သဇင် ရဲ့ ရန်လိုမှု ကို ချိုးချင် တာနဲ့ ဟိန်းဝေယံက ကားတင်ပြေးပြီး မုဒိန်းကျင့် လိုက်တယ်။ ထောင်မကျဘူး။ အရေးယူ မခံရ ဘူး။ ' မုဒိန်းမှုနဲ့ ဟိန်းဝေယံက ထောင်ကျလည်း စိုးပြည့် က အပျိုမှ ပြန်မဖြစ်တာ ' တဲ့ ။ ကဲ ဘယ်လောက် မှန်လိုက် သလဲ။ ကွဲပြီးတဲ့ ကြက်ဥ ပြန်ဆက် မရသလို ... ပါပြီးတဲ့ ချေး ဖင်ထဲပြန်မဝင် သလို ... ထွက်ပြီးတဲ့ သေး ဆက်မပေါက်ရင် အဆင်မပြေ သလို ... ' မုဒိန်းကျင့် ခံရပြီးမှတော့ မုဒိန်းသမား လူဆိုးကို လက်ထပ် ပေတော့ ' လို့ ဆိုတဲ့ အဆိပ်သင့် အတွေးတွေ လူငယ်တွေ၊ ပညာနည်း သူတွေကို တလွဲ သင်ပေး သလို ဖြစ်နေတယ်။

ကမ႓ာကျော် မင်းသမီး UMA Thur Man ရဲ့ kill bill ဇာတ်ကားမှာ ... မုဒိန်းကျင့်ဖို့ ကြိုးစားသူကို မိန်းခလေးက သတ်ပစ် လိုက်တယ်။ ဘာဖြစ်သေးလဲ? မိန်းကလေး တစ်ယောက်က မိမိရဲ့ အရှက်ကို ကာကွယ်ရင်း လက်လွန် သွားတယ်။ မိန်းခလေးမှာ အပြစ် မရှိဘူး။ မိမိ ကိုယ်ကိုယ် ခုခံ ကာကွယ်ခွင့် ဆိုတာ လူတိုင်းမှာ ရှိတယ်။ Hollywood ကားတွေ ကမ႓ာကျော်တာ ကျော် ထိုက်တယ်။ ဒါရိုက်တာတွေ ၊ ဇာတ်ညွှန်းရေး ဆရာတွေရဲ့ ဦးနှောက်ဉာဏ် က လူစင် မီတာကိုးဗျ ။

ချစ်စရာ မိန်းမလှ ကလေး တစ်ယောက်ရဲ့ အချစ်ကို လိုချင်ရင် လူကြီး လူကောင်းလို ကျင့်စရာ မလိုဘူး၊ အနုကြမ်း စီိးပြီး လူသား မဆန်စွာ မုဒိန်းသာ ကျင့်။ ညားပြီးရင် အသည်းကွဲပြ ... အရက်တွေ ဖိပြီးသောက်ပြ ... မုဒိန်းကျင့် ခံခဲ့ရပြီးတဲ့ ကိုယ့်မိန်းမပဲ ။ အဆုံးသတ်မှာ ပုံပြင်တွေ ထဲကလို မင်းသမီး နှင့် မင်းသားတို့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင် သွားကြလေ သတည်း တဲ့။

' ကြက်တူရွေး စနစ် ပညာရေး ' မှာတောင် ကြက်တူရွေး ဦးနှောက်လောက် မရှိလို့ (၁၀) တန်း ( ၂ ခါ - ၃ ခါ ) ဖြေပြီး မအောင်တဲ့ သူတွေ ဒုနဲ့ဒေး ဖြစ်နေတဲ့ နိုင်ငံမှာ .. မိဘတွေ ည့ံဖျင်းလို့ ကလေးဘဝမှာ ကျောင်းပြင်ပ စာ ဖတ်ဖို့ မသင်ခဲ့ရတဲ့ နိုင်ငံမှာ ... ကျောင်းစာကို အောင်မှတ် ရဖို့ ကျက်ပြီး ပြင်ပ ဗဟုသုတ လုံးဝ မဖတ်တဲ့ ၊ မလေ့လာတဲ့ သူတွေ များလို့ အတွေး အခေါ် ဗဟုသုတ ရှိတဲ့ လူငယ်တွေ နည်းပါး နေတဲ့ အချိန်မှာ .. ပေါက်ကရ တွေ၊ အဆိပ်သင့် အတွေးအခေါ်တွေကို လူငယ် အများစု အားကျ အတုယူ ကြည့်ရှုကြတဲ့ ရုပ်ရှင် ဗီဒီယိုတွေ ကနေ ဖြန့်ဝေ နေတာကို အလွန်အမင်း စိတ်ပျက် မိပါကြောင်း။

ဖိုးသူတော် (www.phothutaw.com)

Credit:  Original Writer

Latest Comments

Leave a Comment