ရုံတင်တော့မယ့် မြန်မာ့ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား

မူလဆိုက်တွင်ဖတ်ရန် >>>



ဖိုးသူတော် ကနေ တစ်ဆင့် ပြောပြပေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတယ် ဆိုတဲ့ အကြောင်းကို ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားနာမည်ကိုတော့ “အနန္တ” ( ANANDA ) လို့ အမည်ပေးထားပြီး ဒီဇာတ်ကား ကြော်ငြာကို လည်း ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ Facebook အကောင့်ကနေ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက် တရားဝင် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒီဇာတ်ကားကို ထုတ်လုပ်ပြသ သွားမှာ ဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကို အချိန်ကာလ ၂ နှစ်တာ လောက် အချိန်ယူ ကြိုတင်ပြင်ဆင် ရိုက်ကူးခဲ့တယ် လို့လည်း သိရပါတယ်။

ထူးခြားချက်ကတော့ ဇာတ်ကားတစ်ခုလုံး ကို CGI အထူးပြုလုပ်ချက်တွေနဲ့ အကောင်းဆုံး ပုံဖော် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကား ကို Online မှာ အမြည်း သဘောအနေနဲ့ ပြသလိုက်ချိန် မှာ လည်း ပရိသတ်တွေ အားလုံးက စိတ်ဝင်တစား နဲ့ အကြိုက်တွေ့ခဲ့ပါတယ်။



ဒီဇာတ်ကားနဲ့ ပက်သက်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ Facebook အကောင့်မှာ ” ကျနော်တို့ မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ရည်ရွယ်ချက်နဲ့ ကျန်တာ ဘာမှ မစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီ ၇၀ အထိ ယူပြီး အချိန်ယူကာ သေချာ ဖန်တီးခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ။

နောင်အနာဂတ်မှာ မြန်မာလူငယ်တွေ ရိုက်ကူးတဲ့ သိပ္ပံ ဇာတ်ကားတွေ ၊ VFX အသားပေး ဇာတ်ကားတွေ ဖွံဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ဘူးလို့ စောင့်ကြည့်နေတဲ့ ကြားက မရရအောင် ကြိုးစားယူခဲ့တဲ့ ဇာတ်ကား တစ်ခုလည်း ဖြစ်ပါတယ် ။ မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်။ မရဘူးလား ဆိုရင်တော့ ရတာပါပဲ ။ မြန်မာ့ရုပ်ရှင် အနာဂတ်ကို ကျနော်တို့အားလုံး အတူတကွ ပြောင်းလဲ ကြရအောင် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကတော့ ဖြိုးငွေစိုး ၊ စိုင်းလွှမ်း ၊ နေဝင်း ၊ ကျော်ကိုကိုဝေ ၊ နန်းဆုဦး ၊ သက်ထားဝေဇင် တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ “အနန္တ” ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ဒီနှစ် မိုးရာသီ အကုန် ပြသမှာဖြစ်တယ် လို့ လည်း သိရပါတယ်။

ကဲ ….. အခုပြောပြပေးလိုက်တဲ့ ဒီဇာတ်ကားနဲ့ ပက်သက်တဲ့ အကြောင်းအရာလေးကို မသိရှိသေးတဲ့ သူတွေအတွက် ရုံတင်ရင် အတူတူ အားပေးလို့ရအောင် လက်တို့ ပြီး မျှဝေ ပေးလိုက်ကြပါ ဦး ။

ဖိုးသူတော် (www.phothutaw.com)

Credit: pMk (ပြောချင်လွန်းလို့)

#

Latest Comments

Leave a Comment