ရုပ်ရှင်လက်မှတ်ဖိုး မတတ်နိုင်၍ ၂ ယောက်ဆင့်ပြီး လှည့်ဖျားခဲ့သည့် ကလေး ၂ ဦးရုပ်သံ ရေပန်းစား

မူလဆိုက်တွင်ဖတ်ရန် >>>



# ZawGyi Version ဖြင့်ဖတ်ရန် #

အရပ်ရှည်ရှည် လူကြီးတဦးပုံစံ နှစ်ယောက်ဆင့်ပြီး တယောက်စာပေးကာ ရုံထဲဝင်နိုင်ဖို့ လက်မှတ်စစ်ကို လှည့်ဖျားခဲ့ကြတဲ့ ကလေးနှစ်ဦး ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။

အဲဒီကလေးငယ်နှစ်ဦးဟာ လက်ရှိ နာမည်ကြီး Black Panther ရုပ်ရှင်ပရိသတ်တွေဖြစ်ပြီး ရုပ်ရှင်လက်မှတ်ဖိုး မတတ်နိုင်တဲ့အတွက် ခုလို ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အရပ်ရှည်ရှည်မားမားကြီးနဲ့ လက်မှတ်တန်းစီနေသူတွေကြားမှာ ရှိနေခဲ့ကြပြီး ဘေးကလူတွေ သတိထားမိသွားခဲ့ကြချိန်မှာ ရယ်မောစရာဖြစ်ခဲ့ကာ အားထုတ်မှု မအောင်မြင်ဘဲ ဖြစ်ခဲ့တာပါ။

ဒီအဖြစ်အပျက်ကို ရုပ်သံမှတ်တမ်းရိုက်ယူထားခဲ့သူ ပီလ်စ်ဘူရီကတော့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့ပါတယ်။

“ကျနော်တို့ Black Panther ကိုကြည့်ဖို့ နှစ်ယောက်စာ တယောက်ပဲ ပေးရအောင် ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ဘူးဗျာ” လို့ အရွှန်းဖောက် ရေးသားခဲ့တာပါ။

အွန်လိုင်းပရိသတ်တွေကတော့ ကလေးငယ်နှစ်ဦးရဲ့ ကြိုးပမ်းမှုကို ချီးကျူးနေကြပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: DVB

#

Latest Comments

Leave a Comment