မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ချီးကျူးစကားဆိုလိုက်တဲ့ “မုဒြာရဲ့ခေါ်သံ”

မူလဆိုက်တွင်ဖတ်ရန် >>>



မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို အင်မတန်သဘောကျကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ရုပ်ရှင်ကား Red Carpet Show ပြပွဲတွင်ပြောသည်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို မန္တလေးမြို့၊ မင်္ဂလာ မန္တလေးရှိ JCGV ရုပ်ရှင်ရုံတွင် Red Carpet Show ပြသခဲ့သည်။ ယခုလိုပြသမှုတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ကြည့်ရှု့ခဲ့သည်။

“မြန်မာ့ယဉ်ကျေးမှုကိုပြသွားတာ။ ဥပါယ်တံမျှဉ်ကားတော့ မကြည့်ဖူးဘူး။ ဒီဇာတ်ကားကတော့ ကောင်းပါတယ်။ တော်တော်သဘောကျပါတယ်။ ဒီလောက်ကောင်းလိမ့်မာ်ထင်မထားဘူး”ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် Platinum Award နဲ့ Silver Palm Award ဆုတွေရရှိထားသည်။

၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလ ၁၆ ရက်က စပြီးရုံတင်ပြသသွားမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)

Credit:  ပြည်စိုး

Latest Comments

Leave a Comment