မတူညီတဲ့ ဇာတ်လမ်းတွဲနှစ်ခုထဲက မမချောချောနှစ်ဦးနဲ့ ကျော်ဆု

မူလဆိုက်တွင်ဖတ်ရန် >>>



တည်ငြိမ်တဲ့မျက်နှာနဲ့ အေးဆေးပိုင်နိုင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ ကျော်ဆုကတော့ ဇာတ်လမ်းတွဲတွေတော်တော်များများမှာ နေရာယူထားတာနိုင်တာပဲဖြစ်ပါတယ်။ကျော်ဆုခေါင်းဆောင်ပါဝင်ဖူးခဲ့တဲ့ ဇတ်လမ်းတွဲနှစ်ခုဖြစ်တဲ့ “ချစ်သူထွင်းတဲ့အက္ခရာ” နဲ့ “ဥယျဉ်မှူးဖြစ်ဖူးချင်သည်” ဆိုတဲ့ဇာတ်ကားတွေမှာတော့ မတူညီတဲ့ဇာတ်ရုပ်နှစ်ခုကို ပီပြင်ခဲ့တဲ့အပြင် မင်းသမီးတွေနဲ့လည်း အပေးအယူမျှမျှသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇာတ်လမ်းနဲ့တသားတည်းကျခဲ့တာပဲဖြစ်ပါတယ်။တစ်မျိုးစီလှကြတဲ့ မင်းသမီးချောချောလေးနှစ်ဦးနဲ့ ကျော်ဆုရဲ့ပုံရိပ်တွေကိုတော့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ဦးဟာဆိုရင်တော့ “ချစ်သူထွင်းတဲ့အက္ခရာ”ဇာတ်လမ်းတွဲထဲမှာ နန္ဒနဲ့ မမလေးမေထိပ်ထားစံအဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ခုချိန်ထိ ပရိသတ်တွေကသတိရနေကြတာပဲဖြစ်ပါတယ်။လိုက်ဖက်ညီတဲ့ အနုပညာမောင်နှမနှစ်ဦးဖြစ်တဲ့ သူတို့နှစ်ဦးကိုတော့ “ပျော်ရွှင်ခြင်းဝိညာဉ်” ဇာတ်လမ်းတွဲထဲမှာ ရဲနောင်နှင့်မေရှားစံအဖြစ်နဲ့ ပြန်မြင်တွေ့ကြရဦးမှာပဲဖြစ်ပါတယ်။ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ဦးကတော့ အပေးအယူမျှမျှနဲ့သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက အရမ်းချစ်ကြတဲ့ စုံတွဲလေးပါပဲနော်။

လတ်တလောမှာပြသပြီးခဲ့တဲ့ “ဥယျာဉ်မှူးဖြစ်ဖူးချင်တယ်” ဇာတ်လမ်းတွဲထဲမှာတော့ ကျော်ဆုက ဂျစ်ကန်ကန်ကောင်လေးရဲဂျာအနေနဲ့ ဆရာမလေးမဝေအပေါ်ထားတဲ့အချစ်တွေကို အကောင်းဆုံးပုံဖော်နိုင်ခဲ့တာကြောင့် ပရိသတ်တွေကတောင် မျက်ရည်လည်ခဲ့ရတဲ့အထိပါပဲနော်။ဆရာမလေးမဝေအဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ ပိုးကြာဖြူခင်နဲ့ ကျော်ဆုတို့နှစ်ဦးကတော့ အေးချမ်းလွန်းတဲ့မျက်နှာပိုင်ရှင်လေးတွေမို့ လိုက်ဖက်ညီနေတာပဲဖြစ်ပါတယ်။မင်းသမီးလေးပိုးကြာဖြူခင်ကိုတော့ “မိုးကောင်းကင်အိမ်မက်”ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေက ထပ်မံတွေ့ရှိကြရဦးမှာပါနော်။ချစ်ပရိသတ်တွေလည်း နန္ဒနဲ့မေထိပ်ထားစံတို့စုံတွဲနဲ့ ရဲဂျာနဲ့မမဝေ တို့စုံတွဲနှစ်တွဲထဲက ဘယ်အတွဲလေးကိုပိုသဘောကျလဲဆိုတာ ပြောသွားခဲ့ကြပါဦးနော်။

Myint Myat

ဖိုးသူတော် (www.phothutaw.com)

Credit: millionlike

#

Latest Comments

Leave a Comment