မင်းသားတွေကို ချစ်ဖို့အတွက် ရုပ်ရှင်ထဲမှာ ကြမ်းပြ ရမ်းပြရတဲ့ လူကြမ်း ကိုအရိုင်းမင်းရဲ့ ကြေကွဲဖွယ်ရာ အတိတ်ဇာတ်လမ်း

မူလဆိုက်တွင်ဖတ်ရန် >>>



ကျွန်တော့်အနုပညာနာမည်ကအရိုင်းမင်းပါ။ အဲ့အရိုင်းမင်းဆိုတာလည်းကျွန်တော်မြန်မာ့ရိုးရာလက်ေ၀ှ့စထိုးတည်းကအရိုင်းမင်းဘ၀နဲ့ ဒီရုပ်ရှင်လောကကကိုလည်းအရိုင်းမင်းဘ၀နဲ့ပဲ၀င်ရောက်လာတာပါ။အပြင်လောကမိုက်တာရိုင်းတာတွေမရှိပေမဲ့ရုပ်ရှင်ထဲမှာတော့မိုက်ပြရိုင်းပြရတယ် ကြာကူလီခန်းဆိုလည်းရိုက်ရတယ် ကျွန်တော်တို့လူကြမ်းတွေဆိုတာ မင်းသားတွေကိုချစ်ဖို့အတွက် ရုပ်ရှင်ထဲမှာကြမ်းပြရမ်းပြရတယ်။

ခုဆိုခြေထောက် ၂ ခါကျိုးခဲ့ပြီးပီ။ ဒူးပြုတ်တယ် လက်မောင်း ၂ ဖက်ပြုတ်ထားပြီးပြီ။ ခေါင်းကွဲထားတယ် အဲ့တာတွေက လူကြမ်းတစ်ယောက်ရဲ့ခံစားရတဲ့ေ၀ဒနာပေါ့ဒါတွေကလည်း အရင်တုန်းကဒါဏ်ရာရလို့ဆေးကုပေးမယ်ဆိုတာမရှိဘူး။ဘာဖြစ်သွားလည်းဆိုတာလည်းမမေးဘူးကိုယ့်ဘာကိုယ်ဆေးကုယူရတယ် ကိုယ့်အိမ်မီးလောင်သွားတဲ့အချိန် တစ်ပြားတစ်ချပ်မှမရှိဘူး အ၀တ်အစားတွေအကုန်လုံးမီးလောင် အိမ်တစ်အိမ်လုံးလဲမီးလောင်တယ် လူလဲဒါဏ်ရာရ လက်၀ါးကြီးဆိုလည်းဘာမှမရှိတော့ဘူး အရိုးကြီးပဲကျန်တော့တာခုမှအကုန်လုံးပြန်ပြီးတော့ကောင်းသွားတာရုပ်ရှင်လောကဖလင်တွေပျက်သွားတဲ့အချိန်မှာ ဦးတို့မိသားစုမနည်းရုန်းကန်ခဲ့ရတယ်။

အဲ့ချိန်မှာဦး တက္ကစီကားထွက်မောင်းတယ် တစ်နေ့ကို အုံနာက ၂၀၀၀ ပေးပီး အဲ့ဘ၀နဲ့၁၁ နှစ်ကျော် တက္ကစီကားမောင်းခဲ့ရတယ်။ ဗီဒီယိုတွေပျက်သုဉ်းသွားတဲ့အချိန်ကားရိုက်ကျဲလာတယ် ကားရိုက်ကျဲလာတဲ့အချိန်မှာဟာသကားတွေများလာတယ်လူရွှင်တော်တွေ အားလုံးအလုပ်ဖြစ်ကြပါတယ်။ခုဆိုလူရွှင်တော် တော်တော်များများကားစီးနိုင်ကြတယ်။ ကျွန်တော်တို့လူကြမ်းတွေကသာ ကားဆိုတာရဖို့တော်တော်ကြိုးစားယူကြရမှာပါ

စက်ဘီးတောင်၀ယ်ဖို့အဆင်မပြေနိုင်သေးဘူး။ ဒီနေ့ရလိုက်တဲ့ပိုက်ဆံက နောက်နေ့မိသားစုစားဖို့အတွက်ချိုးခြံရတယ် ရတဲ့ပိုက်ဆံကိုအလွယ်တကူသုံးလို့မှမရတာ အဲ့တော့နေ့ဖို့ညစာဆိုတာချန်ပေးရတယ်။ ခုမရိုက်ရတာ ၃ လ ကျော်သွားပြီ အဲ့တာကိုဦးရဲ့အမျိုးသမီးက ခုရှူတင်ထမင်းလိုက်ချက်ကျွေးတယ် ရှူတင်ထမင်းမရှိတဲ့အချိန်မှာ မုန့်ဟင်းခါးရောင်းတယ် အသုပ်ရောင်းတယ် အဲ့လိုမိသားစုအရေးဖြေရှင်းရတာပေါ့

အနုပညာကိုချစ်မြတ်နိုးတဲ့ပရိသတ်ကြီးခင်ဗျာကျွန်တော်တို့လူကြမ်းတွေဟာအသည်းနှလုံးကမကြမ်းပါဘူး နူးညံ့ပါတယ်။အဲ့တော့ကျွန်တော်တို့ကိုမမုန်းကြပါနဲ့ ကျွန်တော်တို့ကိုလူချောအဖွဲဲ့ကိုအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: We Love Celeml

Latest Comments

Leave a Comment