ပိတ်ရက်မှာ အိပ်ချိန်နဲ့ စားချိန်ကလွဲလို ့ကိုရီးယားဇာတ်လမ်းတွဲတွေ အကြည့်များပြီး မျက်လုံးကန်းလုနီးပါးဖြစ်သွားခဲ့တဲ့ တရုတ်အမျိုးသမီး

မူလဆိုက်တွင်ဖတ်ရန် >>>



အိပ်ချိန်နဲ့စားချိန်ကလွဲလို့ ကိုရီးယားဇာတ်လမ်းတွဲတွေက နေရာအနှံ့၊ကမ္ဘာ့အနှံ့ကိုလွှမ်းမိုးနေပါပြီ။ကိုရီးယားကားအသည်းစွဲ ပရိသတ်တွေအတွက်လည်းကြည့်စရာကားတွေကနေ့တိုင်းလိုလိုပေါ်ထွက်နေတာပါ။ တရုတ်အမျိုးသမီးတစ်ယောက်ဟာလည်း ဇာတ်လမ်းတွဲအကြည့်ကောင်းတာကြောင့် မျက်လုံးကန်းလုနီးပါးတောင်ဖြစ်သွားခဲ့ပါတယ်။

Nanjingမြို့မှာနေထိုင်တဲ့ အသက်၂၀အရွယ်တရုတ်အမျိုးသမီးတစ်ယောက်ဟာ ပိတ်ရက်အတွင်းမှာ “Cheese In The Trap” နဲ့ “Descendants of The Sun” ဆိုတဲ့နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲတွေ ကိုကြည့်ရင်းအချိန်ကုန်ဆုံးခဲ့ပါတယ်။

သူမဟာအိပ်ချိန်နဲ့စားချိန်ကလွဲလို့ တခြားလှုပ်ရှားမှုလည်းမရှိပဲ ကော်လိုပဲသူမရဲ ့Tablet နဲ့မျက်နှာနဲ့မခွာခဲ့ပါဘူး။ ဇာတ်လမ်းတွဲအားလုံးပြီးသွားတဲ့အခါမှာတော့မျက်လုံးထဲက စူးရှတဲ့နာကျင်မှုတွေဖြစ်လာပြီး အမြင်တွေလည်းေ၀၀ါးလာခဲ့ပါတယ်။ခေါင်းကလည်း အရမ်းကိုက်လာတာကြောင့် ဆေးရုံကိုအပြေးပို့ခဲ့ရတယ်လို့သိရပါတယ်။ဆရာ၀န်စစ်ဆေးကြည့်တဲ့အခါမှာတော့ မျက်လုံးကရေတိမ်လိုမျိုးတောင်ဖြစ်နေခဲ့ပါတယ်။ကံကောင်းစွာနဲ့ မျက်လုံးတော့ကန်းမသွားခဲ့ပါဘူး။

တကယ်လို့များမအိပ်ပဲမစားပဲသာ ရုပ်ရှင်တွေကြည့်နေခဲ့မယ်ဆိုရင် မျက်လုံးကန်းသွားမှာအမှန်ပါပဲ။ အခုတော့သူမကမျက်လုံးကိုသေချာဆေးကုသပြီးလို့ မျက်လုံးကန်းမယ့်အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ပါပြီ။သူမချစ်တဲ့ကိုရီးယားဇာတ်လမ်းတွဲတွေ လည်းပြန်ကြည့်လို့ရပါပြီ။ဒါပေမဲ့အချိန်အကြာကြီးတော့ကြည့်လို့မရတော့ပါဘူး။

Source:ChinaDaily

ဖိုးသူတော် (www.phothutaw.com)

Credit: millionlike

#

Latest Comments

Leave a Comment