ပရိသတ်တွေကြားမှာနာမည်ကြီးနေတဲ့ “အနမ်းဝို်င်”ဇာတ်ကားရဲ့ဒါရိုက်တာ အောင်မြတ်

မူလဆိုက်တွင်ဖတ်ရန် >>>



ဖေဖေါ်ဝါရီလ ၂ရက်နေ့မှာရုံတင်မယ့် “အနမ်းဝိုင်”ဇာတ်ကားကြီးကတော့ ရုံမတင်ခင် ရုပ်ရှင်ထွေလာ ထွက်လာတဲ့ အချိန်ကစပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကျော်မှုနဲ့ အတူ “အနမ်းဝိုင်”ဇာတ်ကားကို ဖန်တီးပုံဖေါ်ခဲ့တဲ့ ဒါရိုက်တာ အောင်မြတ်ကလည်း ပရိသတ်တွေကြားမှာ အရမ််းကို ရေပန်းစားနေပါတယ်။

ဒါရိုက်တာအောင်မြတ်ကတော့ အရင်ကလည်း သူများနဲ့ မတူတဲ့ အိုင်ဒီယာ အသစ်အဆန်းတွေနဲ့ ကြော်ငြာတွေ၊ သီချင်းဗီဒီယိုတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ B sox ရဲ့`မြန်မြန်ချစ်ရင်ချစ်တယ်ပြော’ သီချင်းဗီဒီယိုကိုလည်း ရိုက်ကူးခဲ့ပါတယ်။

ဒါ့အပြင် ကြည့်ရှုသူနှုန်းအရမ်းမြင့်ခဲ့တဲ့့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ဇာတ်လမ်းဇာတ်ကွက်ကျကျ တာဝန်ယူ ပုံဖော်ခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါရိုက်တာ အောင်မြတ်ကတော့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲမှာကလည်းက ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိလာတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီီး “အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ ဒုတိယမြောက် အောင်မြင်မှု ဖြစ်လာနိုင်တယ်လို့ ပြောလို့ရပါတယ်။

အရည်အချင်းရှိတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ရုံသာမက မင်းသားလားလို့ အထင်မှားစရာ ဥပဓိရုပ်ကိုလည်း ပိိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် မိန်းကလေးပရိသတ်တွေကတော့ ထုနဲ့ထေးပါပဲ။ ဒါရိုက်တာအောင်မြတ်ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ဓါတ်ပုံတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Aung Myat

ဖိုးသူတော် (www.phothutaw.com)

Credit: millionlike

#

Latest Comments

Leave a Comment