ဒါရိုက်တာဝိုင်းနဲ့ တွဲဖက်ရိုက်ကူးရလို့ ကျေနပ်နေတဲ့ သရုပ်ဆောင်မေ

မူလဆိုက်တွင်ဖတ်ရန် >>>



သရုပ်ဆောင်မေက ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်သူဝိုင်းနဲ့ သတို့သမီးရဲ့လျို့ဝှက်ချက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးခွင့်ရလို့ကျေနပ်မိတယ်လို့ဆိုပါတယ်။

အဲဒီ သတို့သမီးရဲ့လျို့ဝှက်ချက်ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ဖွေးဖွေးတို့နဲ့အတူ မေကအတူပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

“ ညီမကိုဝိုင်းနဲ့ အရင်ကဆုံဖူးပါတယ်။ ဧည့်သည်သရုပ်ဆောင်လောက်ပဲဆုံဖူးတာဆိုတော့လေ။ အခုရိုက်ပြီးသွားတဲ့ သတို့သမီးရဲ့လျှို့ဝှက်ချက်ရုပ်ရှင်ဇာတ်ကားကြီးမှာကျတော့ဆရာတပည့်လိုပုံစံမျိုး ဖြစ်တယ်။ ဇာတ်ကောင်နဲ့ ပတ်သက်ပြီးလည်းအများကြီးလေ့လာခွင့်ရတယ်။ အဲဒီဇာတ်ကားရိုက်ရတာပျော်တယ်။ ဒါရိုက်တာကလည်း ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တယ်။ ကိုဝိုင်းကိုလည်းညီမကယုံကြည်ပြီးသားဆိုတော့သူနဲ့ဆုံရင်ပညာရတယ်။ ကိုဝိုင်းကသင်လည်းသင်ပေးတယ်။ ပြီးတော့ဒီဇာတ်ကားကပရိသတ်တွေကိုခံစားမှု အသစ်သစ် တစ်ခုချပြနိုင်ပါလိမ့်မယ်။ ဇာတ်ကိုတော့သေချာမပြောပြတော့ပါဘူး။ ရုံတင်ရင်လာရောက်ကြည့်ရှုဖို့ ကိုအခုကတည်းကဖိတ်ခေါ်ပါတယ်” လို့ သရုပ်ဆောင်မေကပြောပါတယ်။

သရုပ်ဆောင်မေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်းပါဝင်သရုပ်ဆောင်နေတာကိုတွေ့ရပြီး၊ Marry Me အမည်ရှိတဲ့တစ်ကိုယ်တော်တေးစီးရီး ကိုလည်းပရိသတ်တွေကိုချပြထားပြီးဖြစ်ပါတယ်။

Photo Credit- Candy May

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Latest Comments

Leave a Comment