စီးပွားရေး ကျန်းမာရေး ချို့တဲ့နေတဲ့ ရုပ်ရှင်လောကသားတွေအတွက် အကယ်ဒမီဆုတစ်ဆုထပ်တိုးလိုက်တဲ့ မြန်မာ့ရုပ်ရှင်လောက

မူလဆိုက်တွင်ဖတ်ရန် >>>



မြန်မာ့ရုပ်ရှင်လောကဟာ လက်ရှိမှာဆိုရင် တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာပြီပဲဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်းပေးအပ်ခဲ့တဲ့ အကယ်ဒမီတွေဟာ ဆိုရင်လည်း တကယ့်ကို အရည် အချင်းပြည့်ဝတဲ့ သရုပ်ဆောင်တွေကိုရွေးချယ်ပြီး ထူးချွန်ဆုပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

ကယ်ဒမီ ဆုပေါင်း ၁၁ ဆု ရှိရာကနေ ယခုနောက်ထပ်အသစ်တစ်ခုအနေနဲ့ ” ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင် ” ဆုကိုပေးအပ်တော့မှာပဲဖြစ်ပါတယ်။ ဒီဆုပေးအပ် ဖို့အကြောင်းကို ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေဟာ ပေးအပ်ချင်တဲ့ဆန္ဒလည်းရှိပြီး အဆိုတင်သွင်းမှုတွေလည်း ရောက်ရှိလာ တာကြောင့် ပေးအပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ မကြာခင်မှာကျင်းပတော့မယ့် 2017 ခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား မှာ ဒီဆုကိုစတင်ပေးအပ်တော့မှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို အကယ်ဒမီဦးဇင်ဝိုင်းက Interview တစ်ခုမှာဖြေကြားခဲ့တာဖြစ်ပါ တယ်။ ဒီဆုကိုရရှိပိုင်ဆိုင်မယ့် အနုပညာရှင်တွေကို ရွေးချယ်ရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်အချို့လည်းရှိပါတယ်။ ဒါတွေကတော့ ရုပ်ရှင်လောကထဲမှာ ဖြတ်သန်းခဲ့တဲ့ နှစ်အတိုင်းအတာ၊ ရုပ်ရှင်လောကအတွက် ပံ့ပိုးပေးနိုင်မယ့်သူ စတဲ့အချက်တွေပေါ်မူတည် ပြီး ပေးအပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီ ” ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင် ” ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ သက်ကြီးဝါကြီး ပညာကြီးတဲ့ အနုပညာရှင်ဟာဆိုရင် ရွှေစင်ကြယ် ငါးကျပ်သားပါဝင်တဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုကိုပိုင်ဆိုင်ရရှိမည့်အပြင် သက်ရှိထင်ရှား ရှိစဉ် ကာလပတ်လုံး တစ်လကို ဂုဏ်ပြုချီးမြှင့်ငွေ ငါးသိန်းကျပ်ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့် အသက်ရွယ်ကြီးရင့်ပြီး အလုပ်မလုပ်နိုင်တော့ပဲ စီးပွားရေး ကျန်းမာရေးချို့တဲ့နေတဲ့ ရုပ်ရှင်လောကသားတွေအဖို့ အများကြီးအဆင်ပြေတဲ့ အတိုင်း အတာတစ်ခုထိ ရောက်ရှိသွားနိုင်တာကြောင့် မွန်မြတ်တဲ့အလှူတစ်ခုလို့လည်းဆိုနိုင်ပါ တယ်။ ပြီးခဲ့တဲ့ 2012 ခုနှစ်တုန်းကလည်း မြန်မာ့ရုပ်ရှင်နေ့မှာ ရုပ်ရှင်ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခဲ့ဖူးတာရှိတယ်လို့လည်းဆိုပါတယ်။ ထိုအချိန်တုန်းကတော့ ဆုသပ်သပ်အနေနဲ့သာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ယခုအချိန်မှသာ ထူးချွန်ဆုတစ်ခုအဖြစ် တခမ်းတနားပေးအပ်မှာ ဖြစ်ပါ တယ်။ ဒီလိုလုပ်ပေးတာဟာ အနုပညာလောကသားတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တာကြောင့် အားလုံးရဲ့ဆန္ဒကိုအကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပါတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အကယ်ဒမီဇင်ဝိုင်းက Interview တစ်ခုမှာဖြေကြားခဲ့ပါတယ်

ဖိုးသူတော် (www.phothutaw.com)

Credit: Myanmar Celebrity

Latest Comments

Leave a Comment