သင် ဖောက်ပြန်နေပြီလား… ဖောက်ပြန်မိတော့မှာလား ဒါလေးဖတ်ပြီး ဆင်ခြင်ပါ…

မူလဆိုက်တွင်ဖတ်ရန် >>>



သင် ဖောက်ပြန်နေပြီလား…

ဖောက်ပြန်မိတော့မှာလား

ဒါလေးဖတ်ပြီး ဆင်ခြင်ပါ…👇

(၁) စိတ်ကြောင့်ပါ။ အဓိက အဲ့ဒါပါပဲ။

တစ်ခြားဘာမှ တရားခံမဟုတ်ပါဘူး။

သမီးရည်းစား အိမ်ထောင်သည်အားလုံး

ကိုယ့် လက်တွဲဖော်ကို စိတ်ကုန်သွားတယ်ဆိုတာနဲ့ ကြည့်ကို မကြည့်ချင်ကြတော့တာပါ။

စိတ်ကို ပြန်လည် ပြင်ဆင်ရင်တော့ ရပါတယ်။

မိန်းမ၊ ယောကျ်ားအားလုံး စိတ်ကို အလိုလိုက်လို့ ဖောက်ပြန်မှုတွေ ဖြစ်နေကြတာပါ။

အတော်များများ ဖောက်ပြန်နေသူတွေဟာ သူတို့ မှားတာကို သူတို့သိကြပါတယ်။ နောင်တလဲ ရကြပါတယ်။ ခက်တာက သူတို့ နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ ဖြစ်နေကြတာပါ။ တကယ်က ရဲရဲသာ နောက်ပြန်လှည့်လိုက်ပါ။ အသစ်ပြန်စပါ။ ရပါတယ်။

သာယာတတ်သော စိတ်ကို ပြုပြင်ရမှာပါ။

ခဏတာ သာယာမိတာပါ။ ကိုယ့် လက်တွဲဖော်

ကိုယ်နဲ့ အတူတူ တိုက်ပွဲ၀င်ခဲ့တဲ့ အိမ်ထောင်ရေးတလျှောက်ကို ပြန်စဉ်းစားကြည့်ပါ။

စိတ်နာစရာ စိတ်ဆိုးစရာ ဆိုတာ တခါ ၂ခါပါ။ ပြန်ဖြည့်တွေးပြီး ဆင်ခြင်ကြည့်ပါ။

(၂)တန်ဖိုးခြင်း ယှဉ်ကြည့်ပါ။

ကိုယ့် လက်တွဲဖော်ကို အခုအသစ်ရထားတဲ့ သူလောက် လွယ်လွယ်ရခဲ့တာလား စဉ်းစားကြည့်ပါ။ အညှာလွယ်တတ်သူလား ပြန်တွေးပါ။ အသစ်က အခုကိုယ်နဲ့ အညှာလွယ်သလို တခြားသူတွေကိုလဲ အညှာလွယ်မယ်ဆိုတာ ပြန်သုံးသပ်ပြီး ဆင်ခြင်ပါ။

(၃)သင် ဘယ်လောက် ဒုက္ခရောက်နေ ရောက်နေ။ အမြဲတမ်း ပွစိပွစိပြောနေတတ် အပြစ်တင်နေတတ်ပေမယ့် အေ၀းထွက်မသွားတတ်တဲ့သူနဲ့။ အခုခဏလေးမှ ရောက်လာပြီး ချိုသာပြနေတဲ့သူ ယှဉ်ကြည့်ပါ။ ဘယ်နှစ်ရက်ချိုသာပြနိုင်မလဲလို့။

(၄)လှတာလိုချင်တာလား။ ပိုက်ဆံရှာလိုက်ပါ။ ပြီးရင် စိတ်ကြိုက် ကိုယ့်လက်တွဲဖော်ကို ပြုပြင်လိုက်ပါ။ လိုသလို ပုံစံရပါတယ်။

လုံး၀ ကိုယ့်အပေါ် မကောင်းသူဆိုရင်တော့ တစ်မျိုးပေါ့။ အမှန်တရားကို မြင်ကြပါ👌👌👌

ဖိုးသူတော် (www.phothutaw.com)

Credit: CREDIT”TO

#

Latest Comments

Yahoo (2017-12-10 08:45:45)

မွတ္ထား

Leave a Comment