သင်ပြဿနာမရှိပါဘူးလို့ထင်နေတဲ့ သင်တို့နှစ်ယောက်ဆက်ဆံရေးကို ထိခိုက်စေတဲ့ အမူအကျင့်တွေ

မူလဆိုက်တွင်ဖတ်ရန် >>>



လူတစ်ယောက်နဲ့တစ်ယောက်ချစ်မိပြီး ချစ်သူဖြစ်သွားကြတဲ့အခါ အခုအောက်မှာဖော်ပြမယ့်အချက်တွေထဲက တစ်ခုမဟုတ်တစ်ခုတော့ အားလုံးနီးပါးမှာရှိကြမယ်လို့ထင်မိပါတယ်။ ဒီအမူအကျင့်တွေဟာ သင့်အနေနဲ့ ပြဿနာမရှိပါဘူးလို့ ထင်ရပေမယ့် ကြာလာရင်တော့ သင်တို့နှစ်ယောက်ဆက်ဆံရေးကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေပါ။

၁။ သ၀န်တိုခြင်း

သ၀န်တိုတယ်ဆိုတာကို ချစ်သူစုံတွဲတိုင်း သာမန်လို့ထင်ကြပါလိမ့်မယ်။ သူ့အပေါ်သ၀န်တိုတာဟာ ချစ်လို့လို့ပဲ သင်ယူဆမိနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံသ၀န်တိုလာတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘာလုပ်လုပ်အဆင်ပြေလာတော့မှာမဟုတ်ပါဘူး။ သ၀န်တိုခြင်းကနေစပြီး သူ့အပေါ် ကန့်သတ်ချုပ်ချယ်ခြင်းတွေ ပြုလုပ်လာနိုင်တာကြောင့် သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခု ရရှိလာမှာမဟုတ်ပါဘူး။

၂။ အမှား၀န်မခံခြင်း

တခါတလေမှာ သင့်ချစ်သူကို သင်စိတ်ဆိုးဒေါသထွက်အောင်ပြုလုပ်မိတဲ့အခါလည်းရှိမှာပါ။ အဲဒီအခါ သင်မှားတယ်ဆိုတာကို ၀န်ခံဖို့ တခါတလေ ခက်ခဲတတ်ကြပါတယ်။  သင်ဟာ အမှားကို လုံး၀၀န်ခံလေ့မရှိဘူးဆိုတာဟာ ပြဿနာတစ်ခုပါပဲ။ သင့်ချစ်သူ ့အပေါ်တကယ်ချင်ရင် သင့်အနေနဲ့ အမှားလုပ်မိတဲ့အကြောင်း၀န်ခံပါ။ ချစ်သူကို တောင်းပန်လိုက်ပါ။

၃။ အတိတ်ကိုပြန်တူးဆွခြင်း

လက်ရှိပစ္ဆုပ္ပာန်မှာ သင့်ချစ်သူအဖြစ်ရှိနေတဲ့သူ့ကို အတိတ်က အမှားတွေ၊ အားနည်းချက်တွေကိုထောက်ပြီး အပြစ်ရှိသလိုခံစားရအောင်မလုပ်သင့်ပါဘူး။ အခွင့်အရေးရတိုင်း အတိတ်ကိုတူးဆွပြီး ချစ်သူကိုဒဏ်ရာမပေးသင့်ပါဘူး။

၄။ တဖန်ပြန်ပြီးရန်လိုတတ်ခြင်း

တခါတလေမှာ သင်သူ့အပေါ် မကျေမနပ်ဖြစ်တာကို ဘာလို့လဲလို့ အဖြေရှာမယ့်အစား သင့်အပေါ် စိတ်ဆိုးစိတ်ကောက်လိုက်ရော။ အခုလို စိတ်ကောက်ရမလားဆိုပြီး သူကစိတ်ဆိုးသွားပြန်ရော။ ဒီလိုအပြုအမူတွေလည်းစုံတွဲတိုင်းလိုလိုမှာ ရှိတတ်ကြတယ်နော်။ ကိုယ်ကချစ်လွန်းလို့ အစကအလိုလိုက်ထားပေမယ့် တစ်သက်လုံးလက်တွဲသွားဖို့ရည်ရွယ်ရင် အခုလိုမျိုးလုပ်မယ့်အစား ချစ်သူကိုယ့်အပေါ် ဘာလို့မကျေမနပ်ဖြစ်တာလဲဆိုတာကို ရှာဖွေပြီး၊ စိတ်ကျေနပ်အောင် ချော့သင့်ပါတယ်။

၅။ သင်တို့နှစ်ယောက်ဆက်ဆံရေးကို ဓားစားခံလို ထားခြင်း

သင်ပြဿနာမရှိပါဘူးလို့ထင်နေတဲ့ သင်တို့နှစ်ယောက်ဆက်ဆံရေးကို ထိခိုက်စေတဲ့ အမူအကျင့်တွေ

တစ်ခုခုရန်ဖြစ်စကားများပြီဆိုရင် တော်ပြီ လမ်းခွဲလို်က်တော့မယ်။ ပြတ်လိုက်တော့မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး မလုပ်သင့်ပါဘူး။ သူကိုယ့်အပေါ်အရမ်းချစ်တာကို သိလို့ တမင်အနိုင်ယူပြီး အခုလိုမျိုးပြောတာမျိုးဟာ တဖြည်းဖြည်းနဲ့ သင်တို့နှစ်ယောက်ဆက်ဆံေ၇းကို ထိခိုက်လာစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: mystyle

Latest Comments

Leave a Comment