နာရီလက်ဆောင်တစ်ခုရဲ့နောက်ဝယ်

မူလဆိုက်တွင်ဖတ်ရန် >>>

💕 #ကောင်လေးက ချစ်သူကောင်မလေးကို

နာရီလက်ဆောင်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်က

"ကိုယ်တို့ နာရီစက္ကန့်တိုင်းတူတူရှိနေကြမယ်နော်၊

ကိုယ့်ရဲ့ အချိန်တွေက မင်းလေးအတွက်ပါပဲကွာ"

လို့ ပြောတာနဲ့ တူတူပါပဲတဲ့။

💕 #ကောင်မလေးက

ချစ်သူကောင်လေးကို နာရီလက်ဆောင်ပေးတယ်ဆိုတာက

"ကျွန်မ ရှင့်ဘက်မှာ အမြဲရှိတယ်

ကျွန်မအချိန်တွေက ရှင့်အတွက်

ရှင့်အချိန်က ကျွန်မအတွက်

ရှင် ကျွန်မကို သတိရနေတဲ့ မိနစ်စက္ကန့်တိုင်း

ကျွန်မလည်း သတိရနေတယ်"

လို့ အဓိပ္ပာယ်ရပါတယ်။

💕 #သူငယ်ချင်းကောင်းယောက်မဖြစ်သူက

ကိုယ့်ကို နာရီလက်ဆောင်လေးပေးတယ်ဆိုတဲ့

အဓိပ္ပာယ်ကတော့

"ကမရေ ငါတို့နှစ်ယောက်ရဲ့ အချိန်တွေက တန်ဖိုးရှိတယ်နော်။

အကြာကြီးခင်သွားကြရအောင်ဟာ။

ငါ နင့်ဘေးမှာ အမြဲရှိနေချင်တယ်။

နင့်ကို နေ့တိုင်းပျော်ရွှင်စေချင်တယ်"

လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်တဲ့။

💕 #လူကြီးမိဘတွေက ကိုယ့်ကို နာရီလှလှလေးတစ်လုံး

လက်ဆောင်ပေးလာတယ်ဆိုရင်တော့

ကိုယ့်အပေါ်သူတို့ထားရှိတဲ့ မျှော်လင့်ချက်ကို ထွင်းဖောက်မြင်နိုင်ပါတယ်။

"အချိန်ကို တန်ဖိုးထား အသုံးချပြီး အောင်မြင်မှုသရဖူကို ဆောင်းပါကလေး"

လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader

Latest Comments

Leave a Comment