နာနတ်သီးစားပြီး ၀ိတ်ချကြရအောင်...

မူလဆိုက်တွင်ဖတ်ရန် >>>



ဗီတာမင်အေ၊ စီ၊ အသားဓာတ်၊ အမျှင်ဓာတ်၊ မဂ္ဂနိစ်နဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ   စတာတွေ ကြွယ်၀တဲ့ နာနတ်သီးက ကိုယ် အလေးချိန် လျှော့ချလိုသူတွေအ တွက် မိတ်ဆွေကောင်းပါပဲ။

နာနတ်သီးက အစာချေဖျက် အားကောင်းဖို့ ထောက်ကူပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း အကျိုးပြုကာ   ၀မ်းချုပ်တာကို ကာကွယ်ပေးနိုင်တဲ့ သဘာ၀ ၀မ်းနုတ်ဆေး တစ်လက်ဖြစ်တဲ့အ ပြင် သန်ကောင်ရောဂါတွေကို လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ  ကြွယ်၀တာကြောင့် ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိပြီး အအေးမိ၊ တုပ်ကွေး၊ နားရောဂါတွေနဲ့ တခြားကူးစက် ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါ တယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကင်ဆာရောဂါဖြစ်ပွားတာ၊ ခန္ဓာကိုယ်တွင်း ဆဲလ်တွေပျက်စီး တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားတာတွေကို ကာ ကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါတွေ၊ ရောင်ရမ်းတာတွေ လျော့ပါးသက်သာ စေပါတယ်။

နာနတ်သီးမှာပါတဲ့ ဗီတာ မင်အေက အမြင်အာရုံအတွက် အကျိုးပြုတဲ့အပြင် အရိုးကျန်းမာ ရေးအတွက်ပါ ကောင်းစေပြီး အရိုးပွတာကိုလည်း ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နာနတ်သီးက အကောင်းဆုံးကူ ညီပေးနိုင်မှာဖြစ်ပြီး ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေ၊ တစ်ရှူးတွေ ကို ပြန်လည်ပြုပြင်ပေးပြီး အသား အရောင်ဖြူ၀င်းစေနိုင်ကာ အ ရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ ကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။ ဒါ့အပြင် သွားတွေခိုင်မာ စေပြီး ခံတွင်းကျန်းမာရေးအတွက် လည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ အခုဆို နာနတ်သီး ပေါ်ချိန်လည်း ဖြစ်တာကြောင့် ကောင်းကျိုးတွေ တစ်ပုံကြီးရှိတဲ့ နာနတ်သီးကို မမေ့မလျော့စား ရင်း ကျန်းမာသော ဘ၀ကိုဖြတ် သန်းကြရအောင်ပါ။

ဖိုးသူတော် (www.phothutaw.com)

Credit:7day daily

Latest Comments

Leave a Comment