Windows ပေါ်ကိုရောက်လာတော့မယ့် Final Fantasy XV

မူလဆိုက်တွင်ဖတ်ရန် >>>

နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ Final Fantasy X ဟာ Playstation 4 ပေါ်မှာ ပြီးတဲ့ နိုဝင်ဘာလကုန်မှာ ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီကတည်းက ဒါရိုက်တာ Tabata Hajime က Windows ပေါ်မှာပါ ထွက်ရှိလာအောင် ကြိုးစားပါမယ်ဆိုပြီး ပြောထားတာ အခုဆိုရင်တော့ Windows Edition အနေနဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းမှာ ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

Windows 10 အတွက်သီးသန့်မို့လို့ အရင် Windows 8, 7, XP တို့မှာ ဆော့နိုင်မယ်လို့တော့ မထင်မိဘူး။ Game ကို Square Enix ရဲ့ Official Store မှာရောင်းချပေးမယ့်အပြင် Windows Store, Steam နဲ့ Origin တို့မှာပါ ဝယ်ယူဆော့ကစားနိုင်မှာပဲ ဖ​ြစ်ပါတယ်။ Console ပေါ်မှာထွက်ရှိသားပြီးသား DLC တွေအကုန်လုံးပါ ပါဝင်လာမှာပါ။ Steam store မှာဆိုရင် Game ကိုတောင် သွားရောက် follow ထားနေနိုင်ပါြပီ။

PC ပေါ်မှာဆိုပေမယ့် PS4 Game ဆိုတော့ graphic တွေအရမ်းကြီးကောင်းမှာမဟုတ်ဘူးလို့ ထင်နေကြမှာပါ။ ဒါပေမယ့် Native 4K, 8K resolution တွေအပြင် HDR10 နဲ့ Dolby Atoms ကိုပါ FFXV က အပြည့်ပေးနိုင်မယ်လို့ မနေ့ကပြီးသွားတဲ့ Gamescom မှာ ပြောကြားသွားခဲ့ပါတယ်။ ဒါအပြင် Nvidia ကိုယ်တိုင်က သူတို့ရဲ့ GameWorks နည်းပညာဟာ Final Fantasy XV ရဲ့ visual effects တွေကို ပိုပြီးတော့ ကြည့်ကောင်းလာစေပါမယ်လို့ ဂုဏ်ယူစွာနဲ့ ပြောထားပါသေးတယ်။

Latest Comments

Leave a Comment