PC နဲ့ Xbox One player တွေအတူတူကစားလို့ရမယ့် Sea of Thieves

မူလဆိုက်တွင်ဖတ်ရန် >>>

Developer Rare က သူတို့ရဲ့ pirate game ဖြစ်တဲ့ Sea of Thieves ကို PC gamer တွေအနေနဲ့ သူတို့ရဲ့ Xbox ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ကစားနိုင်တော့မှာပဲ ဖြစ်ပါတယ်လို့ မနေ့က ပြီးသွားခဲ့တဲ့ Microsoft ရဲ့ Gamescom မှာ ပြောကြားခဲပါတယ်။ ဒီဂိမ်းဟာဆိုရင် လာမည့် ၂၀၁၈ ခုနှစ်အတွင်း Xbox One နဲ့ PC အတွက်ထွက်ရှိလာမှာဖြစ်ပါတယ်။


ပြောရမယ်ဆိုရင် player အားလုံးက ဘယ် platform ကနေပဲ ကစားနေပါစေ ကျယ်ပြောလှတဲ့ပင်လယ်ပြင်ကြီးထဲမှာ အချင်းချင်း ဓားချင်းယှဉ်၊ ရတနာသေတ္တာတွေ ဓားပြတိုက်လူယူတာတွေကို ပြုလုပ်နိုင်မှာပါ။ တခြား ဂီမ်းတွေလို platform မတူလို့ သူငယ်ချင်း အချင်းချင်း အတူတူ မကစားနိုင်တာတွေမရှိတဲ့အပြင် ကိုယ့်သူငယ်ချင်းတွေနဲ့ အတူတူ ယုံကြည်စိတ်ချရတဲ့ crew ဖွဲ့စည်းပြီး ပင်လယ်ပြင်ထဲ ရွက်လွှင့်ရမယ့် ခံစားချက်ကတော့ တော်တော်ပျော်ဖို့ ကောင်းမှာပါ။

နောက်တစ်ခုက အကယ်လို့ ကိုယ့်မှာလက်နှက်မရှိဘူးဆိုရင်တောင် ကိုယ့်ရဲ့အံဖက်တွေကို ပုံးထဲထည့်ပြီး ရန်သူ့ကို လှမ်းပက်လို့ပါရသေးတယ်လို့ Rare ကိုပြောထားပါသေးတယ်။ စိတ်ဝင်စားစရာပါပဲ!

Latest Comments

Leave a Comment