Pay-to-Win စနစ်လို့ ဝေဖန်ခံနေရတဲ့ EA ရဲ့ မကြာမီထွက်ရှိလာမည့် Star Wars Battlefront II

မူလဆိုက်တွင်ဖတ်ရန် >>>

မကြာသေးမှီထွက်ရှိလာမဲ့ EA ရဲ့ နာမည်ကြီး Star Wars Battlefront II ဟာ ဂိမ်း critic တွေနဲ့ ဂိမ်းကစားသူတွေကြားမှာ ဂိမ်းကဆော့ကောင်း သော်လည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ EA ရဲ့ထုံးစံ အတိုင်း Micro-transaction ဆိုတဲ့ ဂိမ်းထဲမှာ ငွေထပ်သုံးခိုင်းတဲ့ lootbox concept ကြောင့်ဖြစ်ပါတယ်။ အများအားဖြင့် cosmetic item လို့ခေါ်တဲ့ ဂိမ်းထဲမှာ gameplay အပေါ်သက်ရောက်မှု မရှိတဲ့ item တွေကို lootbox ထဲမှာ ပေးလေ့ရှိပေမယ့် အခု နောက်ဆုံးထွက် Star Wars Battlefront II မှာတော့ gameplay ကို တိုက်ရိုက် သက်ရောက်တဲ့ item တွေ တကယ့်ပိုက်ဆံနဲ့ ဝယ်လို့ရတဲ့ lootbox ထဲကနေ ရနိုင်တာကြောင့် အပြိုင်အဆိုင် ကစားလိုတဲ့ ဂိမ်းမာတွေကြားမှာ Pay-to-Win စနစ်ရယ်ဆိုပြီး ဝေဖန်သံတွေ ထွက်လာပါတယ်။

Lootbox ဆိုတာ ဂိမ်ဆော့ကစားသူတွေ အတွက် စိမ်းနေတဲ့ အရာတော့ မဟုတ်ပါဘူး။ Free to Play ဂိမ်းတွေဖြစ်တဲ့ DoTA, LoL လို Buy to Play ဖြစ်တဲ့ Overwatch လို ၊ အဆုံးပြောရရင် Mobile ဂိမ်းတွေမှာပါ ပေါပေါများများ တွေ့နေရတဲ့ စနစ်ပဲဖြစ်တယ်။ သင်ကို့ တကယ့်ပိုက်ဆံ သုံးခိုင်းပြီး ဂိမ်းထဲမှာ အသုံးပြုရတဲ့ item တွေ ကျဘမ်းပါတဲ့ lootbox ကိုဝယ်ခိုင်းတာဖြစ်တယ်။ သင်ကရှားပါးတဲ့ Item တွေလိုချင်ရင်တော့ ငွေကိုသုံးပြီး လောင်းကစား ဆန်ဆန်ရှာရမှာဖြစ်တယ်။ များသောအားဖြင့် အပြိုင်အဆိုင်ကစားရတဲ့ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တဲ့ ဂိမ်းတွေမှာ lootbox ထဲက ကြတဲ့ ပစ္စည်းတွေကို Gameplay ပေါ်မှာ သက်ရောက်မှု မရှိစေပဲ အလှ cosmetic item တွေအနေနဲ့သာ ထားကြပါတယ်။ မဟုတ်ရင် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲမှာ ငွေသုံးနိုင်သောသူ က ပိုက်ဆံနဲ့ပေါက်ပြီး ထိပ်ရောက်လာ နိုင်လို့ပါပဲ။

ဒီနေရာမှာ EA က သူ့ရဲ့ AAA ဂိမ်းဖြစ်တဲ့ Star Wars Battlefront II မှာ သူများထက် တမူထူးပြီး Gameplay ကိုတိုက်ရိုက် သက်ရောက်စေမယ့် item တွေကို Lootbox ထဲမှ ကျအောင်လုပ်ထား တာဖြစ်တယ်။ ဆိုပါစို့ သင့်ဟာ ငွေ ၁၀၀$ ဖိုး lootbox တွေဝယ် ဖောက်တယ် ကံကောင်းလို့ အပြာရောင် Star Card ရတယ်ဆိုပါဆို့။ ကဒ်က Tactical Jammer ဆိုတဲ့ ကဒ်ပါ။ ဒါဆိုရင် သင့်ရဲ့ Starfighter မှာ အဲ့ဒီ ကဒ်တပ်လိုက်ရင် ရန်သူတွေက သင့်ကို ချိန်ပြီး Homing Missle ပြစ်ဖို့ lock-on လုပ်ရမယ့် အချိန်က သိသိသာသာကို ကြာသွားမှာ ဖြစ်တယ်။ အဲ့လို HP 25% card, Regen 25% card စသည်ဖြင့် ငွေသုံးပြီး lootfarm ထားတဲ့သူက Multiplayer competitive ဆော့တဲ့အခါမှာ သိသိသာသာကြီးကို ငွေမသုံးထားသူထက် ပိုပြီး အသာရနေမှာဖြစ်တယ်။ ဆော့သူရဲ့ Skil က အဓိက ဆိုပေမယ့် skill ချင်းတူတဲ့သူ နှစ်ယောက် တွေ့ရင် ငွေပိုသုံးသူက အသာရနေမှာဖြစ်လို့ 60$ ပေးဝယ်ထားသူချင်း အတူတူ အခွင့်အရေးအတူတူမရတဲ့အတွက် အပြိုင်အဆိုင် Multiplayer ဆော့ရတဲ့ အရသာပျက်ပြီလို့ game critic တွေ ဝေဖန်နေကြတာ ဖြစ်တယ်။

အစောပိုင်း Beta ထွက်စဉ်ကာလ မှာထဲက ဆော့ကစားသူတွေက Pay to Win ပုံစံဖြစ်နေတယ်လို့ အပြင်းအထန်ထောက်ပြခဲ့လို့ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ထိရောက်တဲ့ပြောင်းလည်းမှု မဖြစ်ခဲ့ပါဘူးလို့ နာမည်ကျော် Forbes က ဝေဖန်ထားပါတယ်။ အလားတူပဲ Kotaku ၊ Gamespot စသည့်နာမည်ကြီး ဂိမ်းမီဒီယာ များကလည်း ကောင်းမွန်တဲ့ gameplay ရှိပါရက်နဲ့ Multi Player ပြိုင်ဆိုင်တဲ့ တန်ဖိုးကို နိမ့်ကျအောင် လုပ်ထားသလို ဖြစ်နေတဲ့ အဆိုပါ စနစ်ကို ထောက်ပြပြောဆိုတာရှိပါတယ်။

Image

Xfactorgaming ဆိုတဲ့ youtube channel ကတော့ အဆိုပါ Star Wars Battlefront II ဂိမ်းကို ဒေါ်လာ ၉၀ဖိုး lootbox တွေဝယ်ပြီး ဂိမ်းဟာ balance မဖြစ်ကြောင်း သက်သေထူထားတဲ့ Video ကိုတင်ထားပါတယ်။ အဆိုပါ Video မှာ EA က အစောပိုင်း Beta သမားတွေ ထောက်ပြလို့ Pay to Win မဖြစ်အောင် ပြင်ထားသည်များ မှာ လက်တွေ့မှာ အများကြီး အရာမရောက်တာ ထောက်ပြထားပါတယ်။ နာရီအနည်းငယ် အတွင်းမှာပဲ ငွေသုံးထားတဲ့ Xfactorgaming ကသူတွေဟာ အစိမ်းရောင် star card တွေရပြီး သာမာန် player တွေထက် ကြမ်းလာတာကို တွေ့ရပါတယ်။ နောက်ထက် နာရီအနည်းငယ် အကြာမှာတော့ အပြာရောင် Star Card တွေကြလာပြီး ငွေလုံးဝမသုံးထားသူ တွေထက်ကို သိသိသာသာကြီး အသာရလာပါတယ်။

သူတို့ရဲ့ အဆိုအရ သိသာတဲ့ တိုက်ရိုက် ပါဝါတက်စေတဲ့ item တွေကို တိုက်ရိုက် တကယ့်ပိုက်ဆံနဲ့ ဝယ်ရတဲ့ lootbox ကနေ ရအောင်လုပ်ထားတာဟာ ဂိမ်းရဲ့ Overall Balance ကို ထိမ်းမရအောင် ဖြစ်စေနိုင်တယ်တဲ့။ 10% damage increase, 20% HP regen, 30% fire rate စသည်ဖြင့် တိုက်ရိုက် သက်ရောက်ပါဝါတက်စေတဲ့ အဆိုပါ Item များဟာ ငွေပေးသူများ အလွယ်ရစေချင်းဖြင့် Pay-to-Win စနစ်ကို သိသိသာသာဖြစ်စေတယ်တဲ့။

Image

EA လို့ဆိုလိုက်ရင် ငွေကြေးနဲ့ပတ်သတ်လို့ အငြင်းပွားဖွယ်ရာ စနစ်တွေပြုလုပ်လေ့ ရှိတဲ့အတွက် ဂိမ်းကစားသူတွေ အကြားမှာ အမြဲလိုလို ကတောက်ကစ ဖြစ်စရာကြုံလေ့ရှိတဲ့ company ဆိုတာ ငြင်းမရပါဘူး။ သို့သော်လည်း ဂိမ်းတွေရဲ့ quality က ရောင်းတန်းဝင် ကောင်းနေလေတော့ ဆော့ဖို့ကလွဲပြီး တခြားဟာတွေ သိပ်ခေါင်းထဲမထည့်တဲ့ casual gamer တွေရဲ့ အားပေးမှုက အင်နဲ့အားနဲကိုရှိပါတယ်။ ဆိုတော့ EA ရဲ့ Pay to Win လမ်းဖက်ကို သိသိသာသာ ယိမ်းနေတဲ့ Star Wars Battlefront II ဟာလည်း အပျော်ဆော့မယ့် လူတွေ ကြားမှာ ပေါက်မလားဆိုတာတော့ ထွက်လာမှပဲ ပိတ်ကာပေါ်မှာ ဆက်လက်ရှုစားကြလေသတည်းပေါ့ဗျာ။

Star Wars Battlefront II ကို PS4/PC/Xbox One တို့မှာ လာမည့် နိုဝင်ဘာ ၁ရနှရက်နေ့ မှာ ထွက်ရှိမည်လို့ ကြေငြာထားပါတယ်။
Author: Chit Ko

Latest Comments

Leave a Comment