:::New Sony Playstation 4 Controllers:::

မူလဆိုက်တွင်ဖတ်ရန် >>>

:::New Sony Playstation 4 Controllers:::
Sony က Playstation 4 အတွက် Controller အသစ် ၃ ခုကိုအရင်လ က official Blog မှာမိတ်ဆက်ပေးခဲ့ပါတယ်။ Design ပုံစံကတော့ original Ps4 ကိုမှ အသက်ငယ်ရွယ်တဲ့ Players တွေအတွက် ဦးစားပေးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ယခု November လကစပြီးစတင် လုပ်မယ်လို့ရေးသားဖော်ပြထားပါတယ်။

Nacon Wired Compact Controller
ယခင်က Ps4 အတွက် Revolution Pro Controller ထုတ်လုပ်ခဲ့တဲ့ Nacon ကယခုတစ်ခါ Design ပိုမို ကျစ်လစ်ပြီး လက်ကိုင်အထိုင် ခပ်သေးသေး လူငယ်/ကလေး တွေပိုသက်သက်သာသာ ကိုင်နိုင်ရန်အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားကြောင်းဖော် ပြထားပါတယ်။

Design လေးကို အသေးစိတ်ကြည့်မယ်ဆိုရင် original PS4 Controller မှာပာတဲ့ Touch Pad ကိုချုုံထားတယ်၊ Action buttons လေးတွေရဲ့တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးကို ခပ်စိ်တ်စိတ် လေးလုပ်ထားတာတွေ့ရတယ်၊ ထုံးစံ အတိုင်း vibration ပါမယ်၊ headphone jack နဲ့ ၃မီတာ အရှည်ရှိတဲ့ကြိုးပါ၀င်မှာ ဖြစ်ပါတယ်။ ပုံမှန် Ps4 Controller မှာ LED က Controller ရဲ့ ထိပ် မှာထည့်ထားတယ် ဒီ Nacon Wired Compact Controller ရဲ့ထူးခြားချက်က LED က Playstation Home key button အောက်မှာ ထည့်သွင်းပေးထားတာကြောင့် Players’ Character ရဲ့ Health နဲ့ Status ကိုဖော်ပြပေးတာကို လွယ်လွယ်ကူကူ မြင်ရမှာဖြစ်ပါတယ်။ ဥပမာ ပေးရရင် စာဖတ်သူက Witcher III ဆော့တယ်ထားပါတော့ Geralt ရဲ့ Health 100% ဆို အပြာရောင်လေးပြမယ် 99% နေ ရ၀% ထိဆို အစိမ်းရောင်လေးပြမယ် စသည်ဖြင့်။ Controller Colour ကိုတော့ Black, Blue, Grey, Orange နဲ့ Red စုစုပေါင်း ၅ ရောင် ထွက်ရှိမှာဖြစ်ပြီး November လထဲမှာ ဖြန့်ချီသွားမှာ ဖြစ်ပါတယ် လို့ official PS4 blog ကကြေညာထားပါတယ်။

@PLAY Wired Compact Controller
နောက်ထပ်ကြေညာထားတဲ့ Model က နာမည်ကြီး Game accessories တွေထုတ်တဲ့ @PLAY က PS4 controller ဖြစ်ပါတယ်။ Design ကိုကြည့်ရရင် original PS4 controller ထက် လက်ကိုင်အထိုင် နည်းနည်းပိုကြီးတာကိုတွေ့ရတယ်။ Share နဲ့ Option button က အရင် Ps1 to Ps3 controllers တွေလိုမျိုး Analog နှစ်ခုာကြားမှာ ထည့်သွင်းထားပါတယ်။ ကျန်တာက တော့ ထုံးစံ အတိုင်း headphone jack ပါမယ်၊ touchpad၊ vibration နဲ့ ၃မီတာ အရှည်ရှိတဲ့ကြိုးပါ၀င်မှာ ဖြစ်ပါတယ်။ Colour ကတော့ Blue, Black, Grey နဲ့ White တို့ရှိမှာ ဖြစ်ပြီး December လမှာစတင် ဖြန့်ချည်သွားမှာ ဖြစ်ပါတယ်။

HORI Wired Mini Gamepad
နောက်ဆုံးအနေနဲ့ ကြေညာထားတဲ့ ထူးထူးဆန်းဆန်း design ရှိတဲ့ Controller လေးကတော့ Japanese accessory ထုတ်လုပ်တဲ့ HORI Wired Mini Gamepad ဖြစ်ပါတယ်။ Design က Retro game controller ပုံစံလေးဖြစ်ပြီးတော့ original ps4 controller ထက်အနည်းငယ်သေးပါတယ်။ ကလေးငယ်များ controller ကိုအဆင်ပြေပြေကိုင်နိုင်အောင် အဓိက ရည်ရွယ်ပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Share, Option နဲ့ Home key Button တွေကို ခပ်သေးသေးခြံု့ထားတာတွေ့ရပါတယ်။ ၃မီတာ အရှည်ရှိတဲ့ ကြိုးပါမယ်၊ Touch Pad ကိုကျတော့ original controller လိုလက် နဲ့ ပွတ်ထိမ်းစရာ မလိုပဲ Touch Pad Button ပြောင်းထည့်ပေးထားတာတွေ့ရတယ်၊ Touch Pad button ကိုနှိပ်ပြီး Analog နှစ်ခုာကြားမှာ ရှိတဲ့ TP stick လေးကို အသုံးပြုပြီး control လုပ်နိုင်မှာ ဖြစ်ပါတယ်။ Vibration ပါတယ်လို့ထည့်သွင်း ရေးသားထားတာမတွေ့ပါ၊ HORI Wired Mini gamepad ကိုတော့ November 6th မှာဖြန့်ချီမှာ ဖြစ်ပြီး colour ကတော့ Blue, Black နဲ့ Red ဆိုပြီး ၃ ရောင်ရှိရွှေးချယ်နိုင်ပါတယ်။

Image

Speculation
ဒီ Controller Model အသစ်၃ခုကို ကြည့်ပြီး speculate လုပ်ရရင်၊ controller ၃ ခုစလုံးက ကြိုးမဲ့ (Wireless) မဟုတ်ပါဘူး အဲ့အတွက်ကြောင့် Battery မပါတော့ ကိုင်ရတာ original controller ထက်ပိုမိုပေါ့ပါးမယ် ထင်ပါတယ်။ @PLAY ကထုတ်တဲ့ Controller ကတော့ unique feature ပါ၀င်တာမတွေ့ရဘူး Directional Button တွေက အထဲခွက်ဝင်တဲ့ design လုပ်ထားတာလွဲပြီး ကျန်တာဘာမှသိပ် မထူးခြားပါဘူး၊ Design ကိုကြည့်မယ်ဆိုရင်လဲ စာရေးသူ အမြင်မှာတော့ အသစ်မိတ်ဆက် တဲ့ ၃ခုထဲမှာ ရုပ်အဆိုးဆုံးလို့ထင်ပါတယ်။ Nacon ရဲ့ Design ကတော့ ပိုသေသပ်ပါတယ် နောက်ပြီး LED ကို Controller အရှေ့မှာ ထည့်ပေးထားတဲ့ အတွက် player တွေအတွက် အဆင်ပိုပြေစေမယ်လို့ ထင်ပါတယ်။ နောက်ဆုံး HORI ကထုတ်တဲ့ controller လေးကတော့ ကလေးတွေဆော့ရတာ ပိုအဆင်ပြေစေမယ့် အပြင် Retro ခေတ်ထဲက game ဆော့လာတဲ့ Antique Gamers ကြီးတွေကို မျက်စိကျစေမယ့် Design လဲဖြစ်ပါတယ်။ အကောင်းဆုံး အချက်ကတော့ wireless မဟုတ်တဲ့ အတွက် စျေးသက်သာမယ် လို့ဖော်ပြထားတာတွေ့ရပါတယ်။ အားလုံး “Happy Gaming” ပါဗျာ!!
Author: Shin The Gaming Minstrel

Image

Latest Comments

Leave a Comment