NEED FOR SPEED : Payback Preview:

မူလဆိုက်တွင်ဖတ်ရန် >>>

:::NEED FOR SPEED : Payback Preview:::
Initial release date: November 10, 2017
Developer: Ghost Games
Engine: Frostbite
Genre: Racing video game
Publisher: Electronic Arts
Designer: Riley Cooper
Platforms: PlayStation 4, Xbox One, Microsoft Windows

Need for Speed : Payback ဟာဇူလိုင်လမှာ အလန်းစား trailer နဲ့အတူ ပွဲထွက်ခဲ့ပြီး Novemberလ 10ရက်နေ့မှာ platform သုံးခုလုံး အတွက်စတင်ဖြန့်ချီမယ့် Racing အမျိုးအစား Game တစ်ခုဖြစ်ပါတယ်။ Ford Mustang GT ကြီးတစ်စီး ရဲကားတွေ explosion တွေကြားထဲမှာ ဒရာမာဆန်ဆန် မောင်းနှင်နေပြီး heist mission လုပ်နေတာဟာ Fast & Furious movie trailer ကြည့်နေရသလား အောက်မေ့ရလောက်အောင် ကောင်းမွန်လှပါတယ်။ သို့သော် trailer လောက် game ထွက်ရှိလာတဲ့အခါ စွဲဆောင်နိုင်ပါ့ မလားဆိုတာကို ကျွန်တော်တို့တွေ တစ်ချက်လောက် လေ့လာကြည့်ကြ ရအောင်။

Need For Speed ဂိမ်းကောင်းကောင်း နောက်ပိုင်း မတွေ့ရတော့တဲ့နောက်ပိုင်းမှာ latest အနေနဲ့ထွက်ရှိလာမယ့် Payback ကရောကောင်းပါ့မလား ဆိုတာကို အခုအချိန်မှာ NFS fan အားလုံးနီးပါးကစောင့်မျှော် ရင်ခုန်နေကြပါပြီ။ 2015 မှာထွက်ရှိခဲ့တဲ့ Need For Speed reboot ဟာ Need For Speed Rival လောက်တောင် အားမရခဲ့ကြလို့ fan တွေအနေနဲ့ Payback ကို တော်တော်ကြီး မျှော်လင့်ထားကြတယ် ဆိုတာကတော့ အံ့သြစရာမရှိပါဘူး။ အဲ့ဒါဆိုရင် Need For Speed Rival မှာ ဘာတွေပါလာသလဲ၊ ဘာတွေပါလာနိုင်ချေ ရှိသလဲဆိုတာ ဆက်ကြည့် ကြည့်ကြရအောင်။

Need For Speed Rival မှာကတော့ အရင်အတိုင်း open-world ပါဘဲ။ လက်ရှိထွက်ထားတဲ့ သတင်းတွေအရ Rival ဟာ Need For Speed တွေထဲမှာ open-world map အကြီးဆုံးလို့ ပြောလို့ရပါတယ်။ Need For Speed Rival ရဲ့ဇာတ်အိမ်ကို Fortune Valley လို့ခေါ်တဲ့ နေရာမှာ အခြေတည်ထားပါတယ်။ Rival ရဲ့ map မှာအဓိကအနေနဲ့ region လေးခုပါဝင်မှာပါ။ Street race တွေရှိရာ မြို့တွင်းဧရိယာ ဖြစ်တဲ့ Siler Rock region ၊တောင်တတ် တောင်ဆင်းလမ်းတွေရှိတဲ့ Mount Providence region ၊ off-road car တွေ မောင်းနှင်နိုင်မယ့် သဲကန္တာရဒေသဖြစ်တဲ့ Liberty Desert region ၊ ချောက်ကမ်းပါးတွေရှိရာ အကွေ့အကောက်လမ်းတွေ ရှိတဲ့ Silver Canyon region စသည်ဖြင့် region လေးခု ပါဝင်ပါမယ်။

သို့သော်လည်း open-world map မည်မျှပင်ကြီးစေကာမူ world map ကိုအသက်ဝင်အောင် လုပ်ရန် event များ ထည့်ထားပါ့မလားဆိုတာကတော NFS fan များသိချင်သော အချက်ဖြစ်သည်။ EA အနေဖြင့် region အလိုက် street race challenges, off-road races, drift races များကိုပါဝင်အောင်ထည့်ပေးထားမည်ကို သိသော်ငြား challenge နဲ့ race events တွေကို စိတ်ဝင်စားအောင် လုံလောက်အောင် ထည့်ပေးထားပါ့မလား ကိုတော့ရင်တမ,မနဲ့ စောင့်ကြည့်ရဦးမည်။ အရင်ဂိမ်းတွေတုန်းကလို empty map ကြီးဖြစ်နေရင်တော့ Open world map ဘယ်လောက်ကြီးကြီး ဘယ်သူမှမထင်ကြီးလိမ့်မယ် မထင်မိပါ။ Map develop လုပ်ရတာ အချိန်ကုန်လူပန်းရုံ သက်သက်လောက်သာ ဖြစ်သွားလိမ့်မည်။ ထိုအမှားမျိုးကိုတော့ EA အနေနဲ့ မကျူးလွန်လောက်ပါဘူး လို့တော့ မျှော်လင့်မိပါတယ်။ Need For Speed Payback မှာကတော့ အခုအချိန်မှာ အရင်းဂိမ်းတွေထဲကအတိုင်း Drift zones, speed traps, speed runs အစရှိတဲ့ event တွေကတော့ ပါဝင်ဦးမှာပါ။ ကြီးမားလှသော open-world အပြင် Need For Speed Payback မှာပါလာတာကတော့ 24-hour day and night cycle ဘဲဖြစ်ပါတယ်။ မြို့တွင်း traffic တွေ၊ race event တွေဟာ time cycle ပေါ်မှာမူတည်နေမလား၊ ရဲတွေ racer တွေရဲ့ activity တွေကလည်း အချိန်နဲ့ အလိုက်ပြောင်းလဲမလား ဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦးမည်။ ရာသီဥတု ကရော အခြေအနေနဲ့အလိုက် ပြောင်းမပြောင်းကတော့ သေသေချာချာ မသိရသေးမယ့် တခြား ဂိမ်းတွေက Weather graphic ကိုမှီဖို့ အတွက်တော့ ဖိအားများနဲ့ ကြိုးစားရမှာပါ။

Image

Need For Speed Payback မှာကတော့ playable character အနေနဲ့ character သုံးယောက်ပါဝင်ပြီး ကစားသူဟာ character သုံးယောက်လုံးကို မျှကစားနိုင်မှာဖြစ်ပါတယ်။ Tyler Morgan (The Racer), Mac (The Showman), Jess(The Wheelman) သုံးယောက်လုံးကို အခြေအနေ အလိုက် ပြောင်းကစားနိုင်မှာ ဖြစ်ပါတယ်။ Character သုံးယောက်စလုံးမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ unique specialization skill တွေနဲ့ Driving style တွေရှိတာကြောင့် အခြေအနေနဲ့ event တွေအလိုက် character ပြောင်းလဲဆော့နိုင်ပါတယ်။

Gameplay အနေနဲ့ကတော့ racing simulation ထက် racing action ဘက်ကို ပိုဦးတည်ထားတာကို တွေ့ရပါတယ်။ Need For Speed Payback ရဲ့ trailer အရရော EA ကတရားဝင် ထုတ်လွွှင့်ခဲ့တဲ့ Gameplay အရရောက gameplay ဟာ Fast & Furious ပုံစံလို အက်ရှင်ဆန်တယ်ဆိုတာ သိသာပါတယ်။ ဒါဟာ ရှေ့ Need For Speed ဂိမ်းတွေအတိုင်း ထပ်တူ လိုက်ရင် ပရိတ်သတ် အားပေးမှုလျော့ကျသွားမှာစိုးတာရယ်၊ တစ်ချိန်က Need For Speed အရှိန်အဝါ ကိုပြန်ယူဖို့ risk လုပ်တာရယ်၊ Fast & Furious franchise ရဲ့အောင်မြင်မှုကို မြင်ပြီး EA ရဲ့ စျေးကွက်ရှာတဲ့ market strategy ရယ်ကြောင့် စသော ကိစ္စရပ်တွေကြောင့်ဖြစ်ဖို့များပါတယ်။ မည်သို့ပင်ဆိုစေကာမူ Fast & Furious ရဲ့အငွေ့အသက်တွေ ရှိတယ်ဆိုတာကတော့ trailer အရရော Gameplay အရရော ကိုထောက်ပြီး ငြင်းဆိုလို့မရ ပါဘူး။ Ford Mustang GT အပေါ်ကနေပြီး Jess တစ်ယောက် convy track အပေါ်ကို အချိန်မှီခုန်တတ်ပြီး convy truck အပျက်အစီးတွေကြားက Koenigsegg Regra ကြီးစီးပြီးပြန်ထွက်လာတဲ့ အခန်းဟာဆိုရင် Paul Walker တို့ crew အဖွဲ့များလားဆိုပြီး ထင်ရလောက်အောင် ကောင်းမွန်လှပလွန်း ပါတယ်။ Fast & Furious အငွေ့အသက်တွေ မည်မျှပင်ပါစေကာမူ EA ဟာ Need For Speed ရဲ့ အနှစ်သာရကို ပျောက်အောင် မိုက်ရူးရဲ ဆန်တဲ့ကိစ္စရပ်တွေ မကျူးလွန်လောက်ဘူး လို့တော့ထင်မိပါတယ်။ သေချာတာကတော့ Need For Speed Payback ဟာ racing simulation ထက် action ဘက်ကို ပိုအသားပေးလာသည်ဟု လောလောဆည်အနေအထား အရယူဆရပါတယ်။ Payback ဟာမျှော်လင့်ထားသလောက် မကောင်းခဲ့ဘူး ဆိုရင်တောင်မှ Fast & Furious fan တွေအတွက်ကတော့ game ကောင်းတစ်ခု အဖြစ်ကျန်ခဲ့ဖို့ အလားအလာ များပါတယ်။ ဒါကတော့ Fast & Furious fan တွေအတွက် သတင်းကောင်း တစ်ရပ်ပါဘဲ။

Action အသားပေးဖြစ်လာတဲ့ အတွက် သူနဲ့ မရှေးမနှောင်း အချိန်ကာလလို့ ပြောလို့ရနိုင်သေးတဲ့ Setember 2016 တုန်းကထွက်ရှိ ခဲ့တဲ့ Forza Horizon 3 တို့၊ သိပ်မကြာခင် ကာလ Setember 2017 တုန်းကထွက်ရှိ ခဲ့တဲ့ Project CARS 2 တို့၊ October 2017 ကထွက်ရှိခဲ့တဲ့ Forza Motorsport 7 တို့နဲ့ မတူတဲ့ ရသ တစ်မျိူးကို Racing games ကြိုက်ပရိတ်သတ် တွေအား ပေးစွမ်းနိုင်မှာပါ။ သို့ပေမယ့် Action အသာပေး game ဖြစ်တာကြောင့် ရယ်ဆိုပြီးတော့ 2015 လောက်တုန်းက ထွက်ခဲ့တဲ့ Gas Guzzlers Extreme ဂိမ်းလို၊ Death Race ရုပ်ရှင်ထဲကလိုမျိုး Mini-gun တွေ၊ Rocket luncher တွေတပ်ထားတဲ့ ပြိုင်ကားကြီးတွေကိုတော့ မမျှော်လင့်စေချင်သေးဘူး။ (Need For Speed Payback ကြီး success ဖြစ်သွားပြီး ငွေရှာစက်ကြီး ဖြစ်လာတဲ့အခါကျရင်တော့ ဘာedition ညာedition ဆိုပြီးပါလာရင်တော့ မပြောတတ်ဘူး၊ စစထွက်ခြင်းတော့ မပါမှာ သေချာသလောက်ဘဲ )

Action ပုံစံသွားဖို့ အလားအလာ များသည်အတွက် Need For Speed ရဲ့ icon တစ်ခုဖြစ်တဲ့ police chasing ကရော အရင်ဂိမ်းတွေလိုဘဲ ဆက်သွားဦးမလား၊ ပိုမိုကောင်းမွန်တဲ့ AIတွေ ဖြစ်လာပြီး pursuit mission တွေမှာ ပိုမို challenging ဖြစ်လာမလားဆိုတာကတော့ အဓိကစောင့်ကြည့်ရမယ့် အချက်တစ်ခုဖြစ်ပါတယ်။လောလောဆည် အနေအထား အရတော့ Police Force ဘက်က Chevrolet Corvette, Dodge Charger တို့ ပါဝင်ဆဲဖြစ်ပြီး Supercar တွေဖြစ်တဲ့ Lamborghini, McLaren တို့လို ကားတွေကိုလည်း Police side ဘက်ကို ထည့်ပေးထားမလား ဆိုတာကတော့ မသိရသေးပါဘူး။ Off-road မှာဆိုရင်လည်း police chasing ကကောင်းမွန်ပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါဘဲ။ Police chasing ကလည်း Need For Speed ဂိမ်းအတွက် အရေးကြီးတဲ့ feature တစ်ခုဖြစ်တာကတော့ ငြင်းလို့မရပါဘူး။ Action အသားပေးဖြစ်တဲ့အတွက် ပိုက်ဆံ reward ကတော့ ကားကိုမြန်မြန်မောင်းနိုင်လေ ပိုရလေ၊ Stun တွေလုပ်၊ opponent car တွေကို crush ဖြစ်အောင်လုပ်နိုင်လေ reward ပိုရလေပါဘဲ။

Need For Speed Payback မှာ တခြားဝမ်းသာစရာ အချက်ကတော့ သူ့ရှေ့ကထွက်ခဲ့တဲ့ Need For Speed reboot လို Singleplayer play ဖို့အတွက် တချိန်လုံးအင်တာနက် ချိတ်ထားရပြီး အမြဲ online ဖြစ်နေဖို့ မလိုတော့ပါဘူး။ ပုံမှန်အတိုင်း Multiplayer play အတွက်သာ အင်တာနက် လိုအပ်တော့မှာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ မြန်မာနိုင်ငံက gamer တွေအတွက်ပါ မက တစ်ကမ္ဘာလုံးက gamer တွေအတွက်ပါ အဆင်ပြေစေမယ့် တစ်ချက်ဖြစ်ပါတယ်။ (Need For Speed reboot တုန်းက review တွေ ဝေဖန်မှုတွေ ကြောင့်ပြန်လည်ပြင်ဆင်တာ ဆိုရင်တော့ review အစွမ်းအံ့မခန်း လို့ဆိုရမှာပါဘဲ။)

Image

Need For Speed Payback မှာ ကားများကို အဓိက အမျိုးအစား ငါးမျိုးခွဲထားပါတယ်။ Race, Off-road, drift, drag, and runner ဆိုပြီးတော့ ကားအမျိုးအစားပေါ်မူတည်ပြီးဆော့ကစားနိုင်မှာဖြစ်ပါတယ်။Need For Speed Payback မှာ ပါဝင်မယ့် ကားအမျိူးအစား အရေအတွက်ကို သေချာမသိရသေးသော်လည်း JDM တွေဖြစ်တဲ့ GTR-35, GTR-34, Mazda RX-7, NSX, 350-Z, European ကားတွေဖြစ်တဲ့ Porsche Cayman GT4, 918 Spyder, BMW M2, BMW M3, Audi R8, American muscle တွေဖြစ်တဲ့ Dodge Charger, Dodge Challenger, Chevrolet Corvette, Chevrolet Camaro , Ford Mustang GT, Supercar တွေဖြစ်တဲ့ Lamborghini Aventador, McLaren P1, Koenigsegg Regra, Lamborghini Diablo အစရှိသဖြင့် အရင် Need For Speed ဂိမ်းများမှာ ပါဝင်သောကားများအပြင် Offroad ကားများဖြစ်တဲ့ Mercedes-AMG G 63, Land-Rover Defender စသောကားများပါ Off-road mission များအတွက် ပါဝင်လာပြီဖြစ်ပါတယ်။
သို့သော် Need For Speed Payback မှာလည်း Forza 7 ကဲ့သို့ Toyota ကားများပါဝင်ခြင်း မရှိသောကြောင့် Supra, GT86 များကို မျှော်လင့်ထားသော fan များအဖို့တော့ စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ဖြစ်မှာပါ။ Toyota အပြင် အခုထိမတွေ့ရသေးတာကတော့ Ferrari တွေပါဘဲ။ Ferrari ပါမပါဘူးဆိုရင်တော့ နည်းနည်းစိတ်ပျက်စရာ ဖြစ်မိမှာပါ။
Car visual customization အပိုင်းမှာလည်း အရင်ကထက်ပိုမို ကောင်းမွန်အောင် ပြုလုပ်လာမယ်လို့ မျှော်လင့်မိပါတယ်။ Performance customization ကတော့ ပုံမှန်ဂိမ်းတွေမှာ ပါတဲ့ tuning ပုံစံ upgrade မျိုးအစား "Speed Card" လို့ခေါ်တဲ့ card တွေနဲ့ car performance မြှင့်တင်ရတာကတော့ တချို့သောသူတွေအတွက် စိတ်ပျက်စရာဖြစ်မိမှာပါ။ အရင်လို ကားရဲ့ speed ကို မြှင့်တင်ချင်ရင် Engine လဲ turbo ဝယ်မယ့် အစား Player မှာပါဝင်တဲ့ Empty slot 6 ခုထဲမှာ Speed Card လေးတွေထည့်ပြီးတော့ upgrade လုပ်ရမှာပါ။ ထို speed card တွေကို race မှာနိုင်တာဖြစ်ဖြစ်၊ Auto-shop တွေကဝယ်ယူတာဖြစ်ဖြစ်၊ Slot machine မှာ spinလှည့်ပြီးဘဲ ဖြစ်ဖြစ်ရယူနိုင်ပါတယ်။ Forza ဆော့ဖူးတဲ့သူတွေကတော့ ဒီ performance tuning ကို အရမ်းကြီးစိမ်းမယ်မထင်ပါဘူး။ Customize လုပ်ဖို့လိုအပ်တဲ့ ပိုက်ဆံကတော့ Event တွေ race တွေကနေ ရမှာပါ။

Game Story ပိုင်းကတော့ Fortune Valley မှာ Tyler Morgan (The Racer), Mac (The Showman), Jess(The Wheelman) main character သုံးယောက်ဟာ သူတို့ကို တစ်ချိန်က double cross လုပ်သွားတဲ့ Fortune Valley ရဲ့ မြေအောက် gang ကြီးဖြစ်တဲ့ "The House" ကို ပြန်လည်လက်စားချေတာ ဖြစ်လို့ ထွေထွေထူးထူး ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ (ဇာတ်လမ်းရဲ့ သဘောကို မှန်းကြည့်ရမယ် ဆိုရင်ဖြင့် ဇာတ်လမ်းအဆုံးမှာ The House ရဲ့ ဂိုဏ်ချုပ်ကြီးကို အနိုင်ယူမယ်။ အဲ့ကြ The House ဂိုဏ်းကြီး ပြိုကွဲမယ်။ ပြီးရင် Happily ever after ဖြစ်မယ်။ ဒါမှမဟုတ် ကြေကွဲစရာ ဇာတ်လမ်းလေး ထည့်မယ်ဆိုရင် Character သုံးယောက်ထဲက တစ်ယောက်ကို ပေးသေမယ်။ Mac ဖြစ်ဖို့များ၊ ကျန်တဲ့နှစ်ယောက်က ညား၊ နောက်ထပ် Happily ever after လေးပေါ့။ *relax, this is not a spoiler, just my random prediction* ) ဒါမျိုး story တွေကလည်း Gameတွေ၊ ရုပ်ရှင်တွေထဲမှာ မြင်နေကြဆိုတော့ ဘယ်သူ့အတွက်မှ ထူးထူးဆန်းဆန်း မဟုတ်တော့ပါဘူး။ တကယ်လို့သာ ကိုယ်မှန်းထားတဲ့ မဟုတ်ဘဲ EA အနေနဲ့ Payback အတွက် story ကိုသေသေချာချာလေး တစ်မူထူးအောင် develop ထားပေးရင်တော့ ကျေနပ်မိမှာ အမှန်ပါဘဲ။ (ဒါလေးကတော့ မဖြစ်နိုင်လောက်ဆုံးထဲမှာ သွားကျမယ် ထင်တာဘဲ)

ကားကိုမောင်းနှင်ရတဲ့ ဖီလင်၊ handling and controlling အပိုင်းမှာရော အရင် Need For Speed ဂိမ်းတွေပုံစံ ဘဲလာမလား၊ အရင်ကထက် ပိုမို realistic ကျအောင်လုပ်လာမလားဆိုတာကလည်း စောင့်ကြည့်သင့်တဲ့ feature ထဲမှာ ပါဝင်တယ်လို့ ထင်မိပါတယ်။ ကားတစ်စီးနဲ့တစ်စီးကို ကားအမျိူးအစားပေါ်လိုက်ပြီး hanlding ကို သိသိသာသာပြောင်းလဲလာတယ် ဆိုရင်တော့ စောင့်မျှော်ရကျိုးနပ်တဲ့ game လေးတစ်ခုဖြစ်လာမှာပါ။
Graphic အပိုင်းကတော့ trailer နဲ့ gameplay အရတော့ လန်းတဲ့အဆင့်မှာရှိတယ်လို့ပြောလို့ရပါတယ်။ Off-road လမ်းတွေမှာ သွားရင် ထတဲ့ ဖုန်ပုံစံတွေ၊ explosion မီးတောက်ကြီးတွေ၊ ပြိုင်ဖက်ကားတွေ crash ဖြစ်လို့ slow-motion ပြတဲ့အခါ အသေးစိတ်တဲ့ ပျက်စီးမှုတွေ Crash cam အလန်းစားကြီးတွေ ကတော့ အားရစရာ ပါဘဲ။ ဒါပေမယ့် Trailer ဆိုတော့ မဝယ်ဝယ်ချင်အောင် မွန်းမံထားတာဆိုတော့ တကယ်ထွက်လာရင် အဲ့လောက်ကောင်းပါ့မလားဆိုတာကတော့ တွေးစရာပါဘဲ။ မြို့တွင်းတွေကရော အသက်ဝင်ပါ့မလား အရင်ဂိမ်းတွေလိုဘဲ ခြောက်တိခြောက်ကပ်နဲ့ အသက်မပါသရောင် ဖြစ်နေမလား ဆိုတာကတော့ သေသေချာချာကြီး မသိရသေးပါဘူး။ တကယ်ထွက်လာတဲ့အချိန် မှန်းချက်နဲ့ နှမ်းထွက်ကိုက်ခဲ့ရင်တော့ gamer တွေအတွက်ပါမက EA အတွက်ပါ ပျော်စရာ အခြေအနေ တစ်ရပ် ဖြစ်သွားမှာပါ။
Need For Speed Payback ဟာ PC, X-Box One, PS4 တို့အတွက် နိုဝင်ဘာ ၁၀ရက်နေ့မှာ ထွက်ဖို့ရှိပြီးတော့ နောင်တွင် X-Box One X နဲ့ PS 4 Pro အတွက်ပါထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကြေငြာပြီးသွားပါပြီ။ ဒါကတော့ X-Box One X နဲ့ PS 4 Pro ဝယ်ဖို့စောင့်နေတဲ့ Need For Speed fan တွေအတွက်တော့ ဝမ်းသာစရာ သတင်းဖြစ်မှာပါ။

Image

နိုဝင်ဘာ ၁၀ရက်နေ့မှာ standard version အတူထွက်ဖို့ ရှိတာကတော့ Need For Speed Payback Deluxe Edition ပါ။ ဒီသတင်းကတော့ EA ရဲ့ငွေရှာ skillတွေကို နောကြေနေပြီ ဖြစ်တဲ့အတွက် သိပ်တော့အံ့သြစရာမရှိတော့ပါဘူး။ ဘာတွေပါမယ်မှန်းသေချာမသိရသေးပေမယ့် ငွေရှာဖို့ ထုတ်ထားတဲ့ Deluxe Edition ဆိုတော့ gamer တွေကို မဝယ်ဝယ်ချင်အောင်လုပ်မယ့် Exotic ကားတွေ၊ Limited kitတွေ Speed Card တွေပါဝင်မယ်ဆိုတာကတော့ အသေအချာပါဘဲ။
Electronic Arts အနေနဲ့ တစ်ဖြည်းဖြည်း weak ဖြစ်လာတဲ့ Need For Speed franchise ကြီးကို Need For Speed Payback နဲ့ တစ်ချိန်တစ်ခါလို အရှိန်အဝါကို ပြန်လည်ရယူနိုင်မလား၊ ဒါမှမဟုတ်ငွေကိုဘဲ ကြည့်လွန်းအားကြီးသွားပြီး Need for Speed မှာ နောက်ဆုံးဂိမ်းဖြစ်သွားမလားဆိုတာကတော့ ရင်တမ,မနဲ့ဘဲ စောင့်ကြည့်ရဦးမှာပါ။ ( EA ရဲ့ The most-evil gaming company ဆိုတဲ့ imfamous nickname ကြီးကို ဒီဂိမ်းနဲ့ ဖျောက်ဖျက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း) နောက်ဆုံးအနေနဲ့ Personal opinion အဖြစ်ပြောရမယ် ဆိုရင် Need For Speed Payback ဟာ pre-order မှာရလောက်အောင် ကောင်းမွန်တဲ့ဂိမ်းထဲမှာ ပါဝင်တယ်လို့မမြင်မိပါဘူး။ ဒါပေမယ့် အချိန်ပေးပြီး စောင့်ကြည့်သင့်တဲ့ game တစ်ခုဖြစ်တယ်လို့တော့ ထင်မိပါတယ်

Minimum Requirements For NEED FOR SPEED : Payback
OS: 64-bit Windows 7 or later.
CPU: Intel i3 6300 @ 3.8GHz or AMD FX 8150 @ 3.6GHz with 4 hardware threads.
RAM: 6 GB.
DISC DRIVE: DVD ROM drive required for installation only.
HARD DRIVE: 30GB.
VIDEO: NVIDIA GeForce GTX 750 Ti or GTX 1050, or equivalent.
Author: Ye Pyae Oo

Image

Latest Comments

Leave a Comment