Ember Spirit New Meta by Ko Boo (Yahoo Yeeha)

မူလဆိုက်တွင်ဖတ်ရန် >>>

Ember Spirit ဟာ ၂ဝ၁၄၊ ၂ဝ၁၅ လောက်မှာ အရမ်းပေါ်ပြူလာဖြစ်ခဲ့ကာ TI4, TI5 တို့မှာလည်း Tournament Choice Hero တစ်ကောင်ဖြစ်ခဲ့ပေမယ့် ၂ဝ၁၆ မှာတော့ ၄င်းဟာ Unit Hero များဖြစ်တဲ့ Meepo, Broodmother, Chen, Nature’s Prophet စသည်တို့ပါဝင်လာမှာသာ Pick ဖို့ စဉ်းစားခံရတဲ့ Situational Hero တစ်ကောင်အဖြစ်သို့ မသိမသာကျရောက်ခဲ့ပါတယ်။ အခုချိန်မှာတော့ Ember Spirit ဟာ ပြောင်းလဲလာတဲ့ Talent အခြေအနေတွေကြောင့် ယခင်ထက် ပိုမို ရွေးချယ်ခံရတဲ့အပြင် Item Build ဟာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။

ယခင် Ember Spirit ဟာ Fury + Daedalus + Divine Rapier ပုံစံနဲ့ ကစားကြတာမျိူးကနေ ယခုမှာတော့ လုံးဝ ပြောင်းလဲသွားပြီး 7k average Game များကနေ စပြီး under 3k အထိ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ Veil of Discord + Dagon + Octarien Core + Radiance စတဲ့ Spell Caster တွေထည့်လေ့ရှိတဲ့ Item များနဲ့ ဆော့ကစားကြတာကို အားလုံးသိပြီး ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် Top Player များကစပြီး ပြောင်းလဲသွားရတဲ့ ဒီ ကစားပုံဟာ ယခင် ကစားပုံထက် ဘာတွေ အားသာချက် ရှိလို့ အဆန်းထွင်ပြီး ကစားခဲ့ကြသလိုဆိုတာနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။


Overview

ဒီလို အပြောင်းအလဲ ဖြစ်လာရတဲ့ အဓိက အကြောင်းပြချက်ကတော့ သူ့ရဲ့ Talent Tree ကြောင့်ပါပဲ။ Ember Spirit ဟာ Active Ability (၄) ခုနဲ့ ဖွဲ့စည်းထားတဲ့ Hard Carry Hero တစ်ကောင် ဖြစ်ပေမယ့် သတိထားကြည့်တဲ့အခါ အဆိုပါ Active Ability (၄) ခုထဲမှာ (၃) ခုဟာ “Magic” damage ability တွေပဲ ဖြစ်ပါတယ်။ ဒီလို Magic Damage Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ Ember Spirit အတွက် အသစ်ပါဝင်လာတဲ့ Talent Tree ရဲ့ ပထမဦးဆုံး lvl 10 talent မှာ +15% Spell Amplification ပါဝင်နေခြင်းကနေ စပြီး Ember Spirit ဟာ Spell Caster Aggressive Carry တစ်ကောင် ဖြစ်သွားပါတော့တယ်။



+20 Damage 10 +15% Spell Amplification

+6 All Stats 15 +20 Movement Speed

+8 Armor 20 15% Cooldown Reduction

+2s Searing Chains 25 +500 Flame Guard Absorption


lvl 10 talent choice

ယေဘုယျတွက်ချက်ရရင် lvl 5 ရောက်နေတဲ့ Ember Spirit အနေနဲ့ Null Talisman ၂ ခုသာ ဆက်ထားမယ်ဆိုရင် Avg Damage ဟာ 73 Damage အထိရှိနေပါတယ်။ ဒီလောက်နဲ့တင် Carry Hero တစ်ကောင်အတွက် Last Hit လုပ်ဖို့အတွက် လုံးဝ လုံလောက်တဲ့ Damage ပမာဏရှိပြီးဖြစ်လို့ Phase Boots, Power Tread တို့လို့ Item တွေလည်း တကူးတက ထည့်စရာမလိုသေးပါဘူး။ ဒီကနေ Helm of Iron Will ကနေ ရမယ့် +3 Hp Regen န့ +5 Armor ကလည်း Bottle + Ember Spirit ကို အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပြီးသား ဖြစ်နေပါတယ်။ ဆိုလိုတာကတော့ lvl 10 talent မှာ +20 Damage ဟာ +15% Spell Amplification နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ပွဲပြီးတဲ့အထိ အကျိူးပေးမယ့် ယှဉ်နောက်လောက်တဲ့ အချက်မရှိပါဘူး။ ဒီလို +15 Spell Amplification ကို lvl 10 လောက်မှာ ချပေးထားခြင်းက Ember Spirit ကို Overpower ဖြစ်နေစေတဲ့ အဓိက အချက်ဖြစ်လို့ လက်ရှိမှာလည်း 77% သော ကစားသမားများက +15% Spell Amplification ကို ရွေးချယ်လျက်ရှိပါတယ်။



Advantages of +15% Spell Amplification

ဒီလို 15% တိုးသွားမယ့် Magic Damage တွေဟာ Ember Spirit Ability တွေဖြစ်တဲ့ Searing Chain, Flame Guard, Fire Remnant တို့အပြင် Magic Damage ပေးမယ့် Item တွေ ဖြစ်တဲ့ Radiance နဲ့ Dagon တို့ကိုပါ တိုးသွားစေမယ့် အားသာချက်ရှိနေပါတယ်။

ember_spirit_dota_2_flames_of_prosperity_set_93714_1920x1080

ဒါကြောင့် ဒီအခြေအနေမှာ ember spirit ရဲ့ Magic Ability, Magic Item တွေကို ဘယ်လောက်ထိ Damage တိုးသွားစေမလဲ ဆိုတာကို တွက်ချက်ကြည့်ပါမယ်။



Level 10 Ember Spirit

lvl 4 Searing Chain + lvl 4 Flame Guard + lvl 1 Fire Remnant

lvl 4 Searing Chain ဟာ Normal Damage အနေနဲ့ 300 Damage ကို သတ်ရောက်စေပါတယ်။ +15% Amplification နဲ့ပေါင်းစပ်သွားတဲ့အခါ 345 Magic Damage ကို သတ်ရောက်စေပါမယ်။ lvl 4 Flame Guard ကတော့ ၁ စက္ကန့်ကို 60 Damage သတ်ရောက်ရာကနေ 69 Damage ကို AoE 400 အတွင်းမှာ လောင်ကျွမ်းစေပါမယ်။ ဒီအပိုင်းမှာ 3 seconds Duration နဲ့ တွက်ချက်ကြည့်မှာဖြစ်လို့ 207 Magic Damage ကို သတ်ရောက်စေမှာပါ။ ၄င်းရဲ့ Fire Remnant ဟာ lvl 1 မှာ 100 Damage ရှိလို့ 3 Remnant စလုံးကို အသုံးပြုတဲ့အခါ 300 Damage ကို သတ်ရောက်စေမှာပါ။ Spell Amplification +15% နဲ့ ပေါင်းစပ်တဲ့အခါ စုစုပေါင်း 345 Damage ကို သတ်ရောက်စေပါဦးမယ်။ ဒါကြောင့် lvl 10 မှာ Ember Spirit ဆီကနေ ထွက်သွားနိုင်မယ့် စုစုပေါင်း Damage ပမာဏဟာ

345 + 207 + 345 = 897 Magic Damage အထိ ရှိနိုင်ပါတယ်။



+Veil of Discord

ဒီလို အခြေအနေမှာ 2240 Gold သာ ကုန်ကျမယ့် Veil of Discord နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အတိုက်ခိုက်ခံရမယ့် Unit ဟာ 25% Magic Amplification ကို ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြန်လည်တွက်ချက်ကြည့်တဲ့အခါမှာ

Searing Chain = 345 > 420 Damage

Flame Guard = 207 > 252 Damage

3 Remnant = 345 > 420 Damage



Total Damage = 897 > 1092 Magic Damage ကို စုစုပေါင်း သက်ရောက်စေပါလိမ့်မယ်။ သင့်ရဲ့ Searing Chain ဟာ Enemy Hero ၂ ကောင်လောက်ကိုသာ မိအောင် သုံးနိုင်မယ်ဆိုရင် ကစားပွဲ ၁၅ မိနစ် မတိုင်ခင်မှာ Enemy Hero ၂ ကောင်လောက်ကို ၃ စက္ကန့်လောက်အတွင်းမှာ အသေသတ်နိုင်မယ့် အားသာချက်ရှိနေမှာဖြစ်ပါတယ်။



+ Dagon

ဒါကြောင့် Sumail လို ကစားသမားကတော့ Veil of Discord ဆက်ပြီးတာနဲ့ Dagon ကို ဆက်ရခြင်းကို တွေ့နေရခြင်းပဲဖြစ်ပါတယ်။ +15% Spell Amplification အပြင် Veil of Discord ကနေ ရရှိမယ့် +25 Amplification ကြောင့် lvl 1 Dagon တစ်ခုကနေ သတ်ရောက်မယ့် Damage ဟာ

400 + 60 (Talent) + 100 (Veil) = 560 Damage အထိ သတ်ရောက်နိုင်သွားတာကို တွေ့ရမှာပါ။ ဒါကြောင့် သင်က Dagon ချည်းပဲ ဆက်တိုက်တင်သွားမယ်ဆိုရင်တောင်

lvl 1 Dagon = 560 Damage

lvl 2 Dagon = 700 Damage

lvl 3 Dagon = 840 Damage

lvl 4 Dagon = 980 Damage

lvl 5 Dagon = 1120 Damage ဆိုပြီး တိုးသွားစေမှာဖြစ်ပါတယ်။

credit - google image
credit – google image
+Radiance

Radiance ရဲ့ 60 Burn Damage ကတော့ Ember Spirit ရဲ့ Flame Guard ရဲ့ Damage output နဲ့ အတူတူပဲဖြစ်ပါတယ်။ +15 Amplification ကြောင့် 69 Damage, Veil ပါ ထပ်မံပေါင်းစပ်လိုက်တဲ့အခါ 84 Total Burn Damage Per Second အဖြစ် သတ်ရောက်နေတာကို တွေ့ရမှာပါ။ ဒါကြောင့် ကစားပွဲနောက်ပိုင်းမှာ Flame Guard ကို သုံးထားရုံနဲ့ Ember Spirit ရဲ့ 400 AoE အတွင်းမှာ 138 Dps သတ်ရောက်နေမှာဖြစ်ပြီး Veil နဲ့ တွဲဖက်လိုက်တဲ့အခါ 168 Dps သတ်ရောက်နေမှာနဲ့ ညီမျှပါတယ်။



+Octarine Core

ဒါဟာ Flame Guard ကနေ 500 Magic Damage Protection ရတဲ့ Ember Spirit ကို Octarine Core နဲ့ ပေါင်းစပ်ပေးလိုက်တဲ့အခါ ရရှိလာမယ့် Spell Vamp ဟာ Ember Spirit ကို Battle အတွင်းမှာ အသက်ရှည်စေမယ့် များပြားတဲ့ Spell Life Steal ကို ရရှိစေမယ့် ကွင်းဆက်နဲ့ ချိတ်မိသွားစေပါတယ်။ 15% Cooldown Reduction နဲ့ Octarine Core တို့ကြောင့် Searing Chains ဟာ နောက်ဆုံးအဆင့်မှာ 5.1 seconds သာ Cooldown ရှိတော့မှာဖြစ်လို့ 5 seconds Duration ရှိသွားပြီဖြစ်တဲ့ Searing Chain ဟာ perma root ability တစ်ခုဖြစ်သွားစေမှာပါ။



အနှစ်ချူပ်သုံးသပ်ရမယ်ဆိုရင်

Veilf of Discord (2240 Gold) နဲ့ Dagon lvl 1 (2720 Gold) = 4960 Gold ရှိပါတယ်။

ယခင်က Ember Spirit ဆက်ခဲ့တဲ့ Battle Fury ဟာ စုစုပေါင်း ကုန်ကျစားရိတ် 4500 Gold ရှိပါတယ်။ ကစားပွဲ ၁၅ မိနစ် ဝန်းကျင်မှာ Battle Fury တစ်ခု ရခဲ့တဲ့ Ember Spirit ဟာ အခု ကုန်ကျစားရိတ် 4960 Gold လောက်နဲ့ ရရှိမယ့် Veil of Discord + Dagon ကနေ ဖြစ်ပေါ်မယ့် Damage Output ခြင်းဟာ နှိုင်းယှဉ်လို့ မရပါဘူး။



Chain + Guard + 3 Remnant + Veil + Dagon = 1092 + 560 = 1652 Magic Damage နဲ့ ညီမျှပါတယ်။

Chain + Guard + 3 Remnant + Battle Fury (128 Damage+80) = 897 + 208 = 1105 Mix Damage နဲ့ ညီမျှပါတယ်။

ဒီလောက် တွက်ချက်ကြည့်ရုံနဲ့တင် ကစားပွဲ အစောပိုင်း ၁၅ မိနစ်ဝန်းကျင်ကတည်းက Ember Spirit ဟာ စက္ကန့်ပိုင်းအတွင်းမှာ Enemy Hero ၃ ကောင်လောက်ကို သေလောက်တဲ့ Damage ပမာဏပေးနိုင်တဲ့ Nuker တစ်ကောင်အဖြစ် ပြောင်းလဲသွားစေဖို့ လုံလောက်သွားပြီဖြစ်ပါတယ်။

Ember-Spirit-9

Recommand ပေးချင်တဲ့ Talent များကတော့

lvl 10 = +15% Spell Amplification

lvl 15 = +6 All Stats

lvl 20 = 15% Cooldown Reduction

lvl 25 = +2s Searing Chains တို့ပဲဖြစ်ပါတယ်။


ဒီဆောင်းပါးကတော့ လက်ရှိ Meta မှာ လူကြိုက်များလာရတဲ့ Ember Spirit ရဲ့ Magic Damage Nuker တစ်ကောင်ဖြစ်လာပုံ အဆင့်ဆင့်ကို အကြံပြုရုံသက်သက်သာဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။



စကားချပ်

Veil of Discord ရဲ့ Damage Resistance တွက်ချက်ပုံပဲဖြစ်ပါတယ်။ Average Hero တစ်ကောင်ဟာ 25% Magic Resistance ရှိပြီးဖြစ်ပါတယ်။ Veil of Discord ဟာ 25% Spell Amplification ဖြစ်သွားမယ်လို့ ရေးထားပေမယ့် Debuff သတ်ရောက်ခံရတဲ့ Enemy ကို 25% Magic Resistance နှုတ်သွားမှာ မဟုတ်လို့ 0% Magic Resistance ဖြစ်စေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကျန်ရှိနေတဲ့ 75% သော Resistance မရှိတဲ့ ပမာဏရဲ့ 25% ကိုသာ လျှော့စေမှာဖြစ်လို့

75% x 0.25 = 18.75% = 19% သော Magic Resistance ကိုသာ ဆက်လျှော့သွားစေမှာဖြစ်ပါတယ်။

ဒါကြောင့် Veil of Discord သတ်ရောက်ခံထားရတဲ့ Unit ရဲ့ Magic Resistance ကို ထည့်သွင်း တွက်ချက်ပုံခြင်း မတူပေမယ့် လျော့သွားမယ့် Hp ပမာဏကတော့ အတူတူပဲဖြစ်ပါတယ်။


Ko Boo (Yahoo Yeeha)

Latest Comments

Leave a Comment