Mobile Legends အသုံးဝင်သော Custom Chat များ

မူလဆိုက်တွင်ဖတ်ရန် >>>

🔰 အသုံးဝင်သော Custom Chat များ 🔰
**********************************
အခုနောက်ပိုင်း ဖုန်း အများစုမှာ မြန်မာလို့ ရနေပြီးဖြစ်ပေးမယ့် မရသေးတဲ့ ဖုန်း User တွေ နဲ့ မသိသေးတဲ့ Player တွေ အတွက် အသုံးဝင်သော Custom Chat တွေ ကို တင်ဆက်ပေးလိုက်ပါသည်။

I’ll Jungle.
တောထဲက Monster တွေကိုသူစားမယ်လို ့ပြောချင်တာပါ။ တောတိုးချင်တာပေါ့။ Haya , Karina တို ့က I’ll Jungle လို ့အော်ရင် တော monster တွေကို သူတို ့အတွက် ချန်ထားပေးလိုက်ပါ။

Jungling / Jungler
တောတိုးနေတဲ့သူ၊ တောထဲက Monster ကိုပဲစားနေတဲ့သူ။ တစ်ခါတစ်လေ ကိုယ့်အသင်းက ကိုယ့်ကို တောတိုးစေချင်ရင် go jungling လို ့သုံးတက်ပါသေးတယ်။

Top lane , Bot lane , Mid lane
အပေါ်လမ်း၊ အောက်လမ်း၊ အလယ်လမ်း ကိုပြောတာပါ။

Kite / Kitting
ပစ်ပြေးပါ။ Marksman တွေရန်သူကို ပစ်လိုက်ပြေးလိုက်လုပ်တာကိုပြောချင်တာပါ။ ခြုံထဲကနေ ရန်သူကိုပစ်မယ် ရန်သူလာရင် ပြန်ဆုတ်မယ် ပြေးဖို ့နေရာရှာထားမယ် ပြီးရင် ပြန်လိုက်ပစ်မယ်။ MM go kitting the tank.

Gank / Ganking
ရန်သူ hero တွေကို လုပ်ကြံ တာကိုပြောချင်တာပါ။ ကိုယ့်ဖက်က အသင်းဖော်တွေနဲ ့ပူပေါင်းပြီး တစ်ဖက် ရန်သူ သို ့ ရန်သူများကို လုပ်ကြံ သွားသတ်တာပါ။ Cyclops go gank mid။ cyclops ကို အလယ်က ရန်သူကို သွားလုပ်ကြံခိုင်းတာပါ။ Karina don’t say in lane, go gank around။ Karina ကို လမ်းမကာပဲ ရန်သူကို လိုက်သတ်ခိုင်းတာပါ။ Beware ganking။ ငါတို ့ကို လုပ်ကြံခံရမှာကို သတိထားကြဟေ့ … !!

Farm / Farming
ပိုက်ဆံရှာခိုင်းတာပါ။ တောထဲက monster စားယုံတင်မဟုတ်ပဲ။ လမ်းပေါ်က minions တွေပါရရင် ရသလိုစားပြီးပိုက်ဆံရှာ levelရှာခိုင်းတာပါ။ Alcuard go farm။ Alucard ပိုက်ဆံသွားရှာ တောတိုးလို ့ပြောတာ။

Alucard stop farm။ Alucard ပိုက်ဆံ ရှာမနေနဲ ့တော့ battle လိုက်ဟ…

Overfarm
ကိုယ့်တောထဲ ကိုယ်ဘက် လမ်းမှာ ပိုက်ဆံရှာရတာအားမရလို ့ရန်သူ ့တောတွေ ရန်သူ ့လမ်းဘက်မှာပါ monster နဲ ့minions တွေသွားသတ်နေတာမျိုး။

Dive
ကျွန်တော်ဆို အမြဲအပြောခံရတယ်။ Gatotkaca go dive။ ရန်သူကို သတ်ဖို ့ရန်သူ ့တာဝါတိုင် area ထဲထိ၀င်ချခိုင်းတာပါ။

Roaming
လမ်းတစ်ခုထဲ အသေမကစားခိုင်းတာပါ။ Zilong play roaming။ Zilong ကို အပေါ်တက်လိုက် အောက်သွားလိုက်နဲ ့လမ်းပတ်တွန်း၊ ရန်သူ လိုက်သတ်ခိုင်းနဲ ့မြေပုံတစ်ခုလုံး ခြံုကစားခိုင်းတာပါ။

Feeder
ခနခန သေပြီး ရန်သူကို Level တက်အောင်လုပ်ပေးနေတဲ့သူ။

Noob / Begineer
ဂိမ်းနဲ ့ပတ်သတ်ပြီး ဗဟုသုတ နည်းတဲ့သူ။

AFK ( Away from keyboard )
Hero ယူပြီး ဘာမှမလုပ်ပဲ ရပ်နေတဲ့သူ။
GG ( Good Game )
FU ( F*ck )
GJ ( Good Job )
GL ( Good Luck )
Lag ကစားရင် ထစ်နေတာ၊ လိုင်းမကောင်းတာ။
OOM ( Out of Mana ) Mana ကုန်သွားပြီ
------------------------------------------------------------------------------------------------------------------
ဒါလေးတွေကတော့ chat မှာပါတဲ့ shortcut လေးတွေပါ။
Defend chat
~~~~~~~~~~
Beware of the ambush
ခြံုခို တိုက်ခိုက်မှာကို သတိထားတပါ။

Enemy missing action!
ရန်သူလမ်းမှာ ပျောက်သွားပြီ မရှိတော့ဘူး။ အဲ့ဒါဆို သတိထားတော့ပေါ့နော် ကိုယ့်ကိုများလာသတ်တော့မလား။ ကိုယ့်လမ်းက ရန်သူပျောက်သွားလဲ အဲ့လိုသတိပေးလို ့ရပါတယ်။

Defend the High Ground!
ရန်သူတွေ လမ်းတက်လာရင် ကိုယ့်တာဝါ တိုင် area ကနေ ကာကွယ်တာကိုပြောတာ။ တစ်ချို ့ကလဲ နောက်ဆုံး တာဝါတိုင် base ပေါ်ကနေကာတာလို ့ပြောတယ်။

Need assistance!!
ကိုယ့်အသင်းဖော်က အကူအညီတောင်းနေတာ.. မြန်မြန်သာသွားလိုက်ပေတော့။

Be low key and farm
ရန်သူတွေကို အတင်းကာရော လိုက်မသတ်ပဲ ထိမ်းကစားရင် ပို်က်ဆံရှာပါ။ Lategame hero တွေပါရင် ပွဲစထဲ အဲ့လိုအော်တက်တယ်။

Pay attention to the jungle
တောထဲကို သတိထားပါ။ တော monster တွေကို ပစ်မထားပဲ တစ်ယောက်ယောက် စားပါ။

Protect damage dealers
ကို်ယ့်ဘက် damage ကြမ်းတဲ့သူ hero kill မဲ့သူကို ကာကွယ်ပါ။

Beware of turret stealing
တိုင်ဝါတိုင် ခိုးချိုးခံရမယ် သတိထားကြ။

Hang on and we will win
တောင့်ထား .. ငါတို ့နိုင်ရမယ်။

Follow me
ငါ့နောက်လိုက်ခဲ့ကြဟေ့။

Split up
လူခွဲကြတော့။ တစ်ခါတစ်လေ ရန်သူ ့တာဝါတိုင်ယူပြီး မပြန်ကြသေးပဲ ဝေ့လည်ဝေ့လည်လုပ်နေရင် လူခွဲခိုင်းတာ။

In a minute
ခန စောင့်ကြအုံးဟ။

Skills in cooldown
Skill မပြည့်သေးဘူး။

Attack chat
~~~~~~~~~~
Gather and gank
အတူတူသွားလုပ်ကြံကြမယ်။

Clear up lanes
လမ်းရှင်းကြဟေ့။ လမ်းပေါ်က minions တွေကို ကိုယ့်ဘက်နဲ ့ဝေးအောင် ရှင်းထုတ်ခိုင်းတာ။

I’ll take the buff
ငါကို monster buff ပေးပါ။

Gather for the team fight
အားလုံးစုပြီး battle / war စမယ်။

Stall them. I’ll steal turrets.
သူတို ့ကို နှောင့်ယှက်ထား။ ငါ တာဝါ ခိုးချိုးမလို ့။

Attack the lord
Lord ချကြဟေ့။

Attack the turtle
လိပ် သတ်ကြဟေ့။

Kill the damage dealer
ရန်သူ ဘက် damage များတဲ့သူကို သတ်။

Destroy turret first
တာဝါတိုင်ကို အရင် ချိုးကြဟ။

Prepare for tower diving
ရန်သူ တာဝါတိုင်ထဲဝင်ဖို ့ပြင်ထား။ ချမယ်။

On my way
ငါလာနေပြီ။

Go start team fight
လူစုပြီး လိုက်ချကြတော့။

Wait for me
ငါ့စောင့်အုံးဟ။

I’ll go to gank
ငါ ရန်သူတွေကို လိုက်လုပ်ကြံမယ်။

Ult is available
Spell / skill သုံးဖို ့အဆင်သင့်ပဲ။

Split up to lead lanes
လမ်းခွဲတွန်းဖို ့လူစုခွဲတော့

Someone go to gank
တစ်ယောက်ယောက် လိုက်လုပ်ကြံဟေ့။

ကျေးဇူးများကြီးတင်ပါတယ်။
#Share_By
#Mg_Ant

Latest Comments

Leave a Comment