DC Legends ဂိမ်းကို Android တွေမှာစတင်ဆော့ကစားနိုင်ပြီ

မူလဆိုက်တွင်ဖတ်ရန် >>>



သင့်အနေနဲ့ DC Comic ထဲက ဇာတ်ကောင်တွေပါဝင်တဲ့ ဂိမ်းကို စောင့်မျှော်နေတယ်ဆိုရင်တော့ ထွက်ရှိလာခဲ့ပါပြီ။

‘DC Legents’ လို့ နာမည်ပေးထားတဲ့ ဒီဂိမ်းသစ်ကို မိုဘိုင်းဖုန်းတွေမှာ ဆော့ကစားသူတွေဟာ DC Universe ထဲက မတူညီတဲ့ ကာရိုက်တာ အစုံကို အတူတကွ အသင်းတစ်ခုဖွဲ့ပြီး မတူညီတဲ့ ဇာတ်လမ်းပုံစံတွေကနေ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် မစ်ရှင်တွေအနေနဲ့ ဆော့ကစားရမှာပါ။

ဒါကြောင့်သင့်အနေနဲ့ Play Store မှာစတင် ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီဖြစ်ပြီး iOS နဲ့ တခြားပလက်ဖောင်းတွေမှာလည်း ရရှိနိုင်နေပြီဖြစ်ပါတယ်။ DC Legends မှာ Batman, Supermanနဲ့ Wonder Woman တို့လို စူပါဟီးရိုးတွေအပြင်၊ The Joker အစရှိတဲ့ ဗီလိန်ဇာတ်ကောင်တွေကို ကိုင်တွယ်ပြီးလည်း ဆော့ကစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂိမ်းကို Free အနေနဲ့ ဒေါင်းနိုင်ပြီး in-app purchases တွေတော့ ပါဝင်ပါတယ်။ Purchase တွေကို ဒေါ်လာ ၁ဒေါ်လာကနေ ဒေါ်လာ ၁၀၀အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Android Police

ဖိုးသူတော် (www.phothutaw.com)

Credit: Thithtoolwin

Latest Comments

Leave a Comment