သင့်ချစ်သူဟာ သူ့ရဲ့အဆက်ဟောငး်ကို စိတ်မကုန်သေးမှန်း သိသာနေတဲ့ အချက် (၅) ချက်

မူလဆိုက်တွင်ဖတ်ရန် >>>



လူတိုင်းလိုလိုမှာ အဆက်ဟောင်း ဒါမှမဟုတ် ပတ်သက်ခဲ့ဖူးတဲ့သူ၊ ခံစားချက်ရှိဖူးတဲ့သူ တစ်စုံတစ်ယောက်လောက်တော့ ဘဝမှာ ရှိတတ်ကြပါတယ်။ သူတို့ကို မေ့ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပေမယ့် သူတို့ထက် ချစ်ရမယ့်သူနဲ့ တွေ့တဲ့အခါမှာတော့ မေ့နိုင်ကြပါတယ်။

ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူဟာ သူ့ရဲ့အဆက်ဟောင်းကို စိတ်မကုန်သေးမှန်း သိသာနေတဲ့အချက်တွေပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် ဆက်တွဲမလား၊ အဆက်ဖြတ်မလားဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်သွားပါပြီ။

(၁) ရိုင်းလာတယ်၊ ကြမ်းတမ်းလာတယ်

သင့်ချစ်သူဟာ အဆက်ဟောင်းနဲ့ စကားပြောတဲ့အခါတွေ၊ အဆက်ဟောင်းနဲ့တွေ့ပြီးတဲ့ အခါတွေတိုင်းမှာ သင့်အပေါ်ကို စိတ်တိုဒေါသထွက်တာတွေ လုပ်မှာဖြစ်ပါတယ်။ အကြောင်းကတော့ အဆက်ဟောင်းကို ပြန်မြင်တိုင်း နှမြောတသဖြစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ် တဲ့စိတ်တွေက ထကြွလာပြီး သင်ဟာလည်း သူတို့နှစ်ယောက်ကြားမှာ ကန့်လန့်ဖြစ်နေသလို ခံစားနေရလို့ဖြစ်ပါတယ်။

(၂) ခိုင်းနှိုင်းပြီးပြောတယ်

သင့်ချစ်သူဟာ သင်အမှားတစ်ခုခုလုပ်မိတိုင်း၊ သင်နဲ့ပတ်သက်ပြီး သူမျှော်လင့်ထားသ လိုဖြစ်မလာတိုင်း အဆက်ဟောင်းနဲ့ ခိုင်းနှိုင်းပြီးပြောတတ်တဲ့သူပါ။ သင့်ကို အပြစ်တင်ပြီး အဆက်ဟောင်းကို ချီးကျူးပြောဆိုတာမျိုးပေါ့။ ဒီလိုမျိုး သူ့အဆက်ဟောင်းနဲ့ သင့်ကို နှိုင်းနှိုင်းပြီး ပြောနေတတ်တဲ့သူဆိုရင်တော့ သေချာပါတယ်။ သူ့အဆက်ဟောင်းအပေါ်မှာ လုံးဝစိတ်မကုန်သေးပါဘူး။

(၃) Social Media မှာ ရင်းနှီးနေတယ်

သင့်ချစ်သူဟာ သူ့ရဲ့အဆက်ဟောင်းနဲ့ Friend ဖြစ်နေတာမျိုး၊ တစ်ခါတလေ ရိုးရိုးသားသား စကားပြောတာမျိုးကတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့်လည်း လိုတာထက်ပိုပြီး ရင်းနှီးနေတယ်၊ အမြဲလိုလို like တွေပေး၊ comment တွေ ရေးပြီး အမြဲလိုလိုလည်း စကားပြောတယ်၊ chatting လုပ်တယ်ဆိုရင်တော့ သေချာပါတယ်။ အဆက်ဟောင်းကို မမေ့နိုင်ဘူးဆိုတဲ့ သဘောပါ။

(၄) အဆက်ဟောငး်နာမည်ကြားရင် ခံနိုင်ရည်မရှိဘူး

လူတစ်ယောက်ကို မချစ်တော့ဘူးဆိုရင် သူနဲ့ပတ်သက်ပြီး ဘာခံစားချက်မှလည်း မရှိတော့ပါဘူး။ ဒီလိုမှမဟုတ်ဘဲ သင့်ရဲ့ ချစ်သူဟာ အဆက်ဟောင်းနာမည်ကို ကြားတိုင်း စိတ်တိုတာ၊ ဝမး်နည်းတာ၊ ငိုင်သွားတာ၊ နာကျင်သွားတာမျိုး ဖြစ်နေရင်တော့ သူ့ရင််ထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူနေဆဲမို့ပါ။

(၅) လုံးဝမပြောချင်ဘူး

ချစ်သူနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးကြားမှာ စည်းလေးတွေ၊ ကိုယ်ရေးကိုယ်တာ ဝင်ရောက်စွက်ဖက်တာမျိုးကို စောင့်စည်းသင့်တယ်ဆိုပေမယ့်လညး် လိုတာထက်ပိုပြီး စည်းတွေ တင်းကျပ်နေရင်တော့ မဟုတ်တော့ပါဘူး။

သင့်ချစ်သူဟာ အဆက်ဟောင်းနဲ့အကြောင်းကို မေးရင် မပြောချင်တာမျိုး၊ ဝေ့လည်ကြောင်ပတ်လုပ်တာမျိုး၊ စကားလမ်းကြောင်း လွှဲပစ်တာမျိုး၊ စိတ်မရှည်တဲ့ အမူအရာမျိုးတွေ ပြလာရင်တော့ မမေ့နိုင်သေးတဲ့ အဓိပ္ပါယ်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)

Credit:Em Em

#

Latest Comments

Leave a Comment