ပါတီမှားပြီး မဲထည်​့ခဲ့မိလို့ မှင်​စွန်​းတဲ့လက်​ညိုးကို ပုဆိန်​ဖြင်​့ခုတ်​ဖြတ်​ပြစ်​သူ

မူလဆိုက်တွင်ဖတ်ရန် >>>



ရွေးကောက်ပွဲမှာ အမျိုးသား ၁ ယောက်ဟာ ကိုယ်မဲပေးချင်သည့် ပါတီအဟုတ်ပဲ အခြား လိုဂို ပုံစံ ဆင်တူဖြစ်နတဲ့ ပါတီ ၁ ခုကို မှားပြီး မဲထည့်ခဲ့လို့ ကိုယ့်လက်ညှိုးကို ကိုယ်တိုင် ဖြတ်ပြစ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ အိန္ဒိယမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၂၅ နှစ်ရှိ ကူးမားလို့ အမည်ရတဲ့ အမျိုးသားဟာ မဲထည့်ပြီးနောက် အိမ်ပြန်ကာ သားစင်းတဲ့ ဓားနဲ့ ကိုယ်တိုင် ဖြတ်ခဲ့တာပါ။

မဲပေးတဲ့ စနစ်ဟာ အီလက်ထရောနစ် စနစ်ဖြစ်ပေးမယ့် မဲပေးပြီးသူတိုင်းကို မဲပေးပြီး သက်သေအဖြစ် မှင်ဖြင့် လက်ညှိုးကို မှတ်သားပါတယ်။

ဒီလိုမဲပေးတာဟာ သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး သူကြိုက်တဲ့ပါတီကို မဲပေးခဲ့ရလို့ အရမ်းပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမယ့် များမကြာမီမှာပဲ သူ မဲ ပေးခဲ့တဲ့ပါတီဟာ သူမဲပေးချင်တဲ့ ပါတီရဲ့ ပြိုင်ဘက် ပါတီဖြစ်နေမှန်းသိပြီးနောက် ခုလို လုပ်လိုက်တာပါလို့ ကူးမားရဲ့ အကိုဖြစ်သူမှ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

တကယ်တော့ သူပေးချင်တဲ့ပါတီရဲ့ပုံဟာ ဆင်ပုံဖြစ်ပြီး သူတကယ် ပေးခဲ့တာဟာ ကြာပန်းပုံစံ ပန်းပွင့်လို့ သိရပါတယ်။

အိန္ဒိယရွေးကောက်ပွဲ ဒုတိယနေ့မှာ ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲကို ဧပြီ ၁၁ ကနေ မေ ၁၉ ထိကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း ပထမဆုံး မဲပေးမည့် သူများ သင်ခန်းစား ယူနိုင်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)

Credit:Myanmar Live

Latest Comments

Leave a Comment