နွံအိုင်ကြီး စတင်ပွင့်ထွက်သွားသည့်နေရာနှင့် လူအများအပြားသေဆုံးခဲ့ရသည့် အကြောင်းအရင်း

မူလဆိုက်တွင်ဖတ်ရန် >>>



နွံကန် ဘယ်နေရာကနေ စပွင့်သွားသလဲဆိုတာ သိနိုင်ဘို့ မပြိုခင်အနေအထားနှင့် ပွင့်ထွက်သွားတဲ့ အနေအထားပြ ဓါတ်ပုံမှတ်တမ်းပါ ။

နွံကန်ဟာ ထုထည်ပါးတဲ့ ဒိုချန်( လုပ်ကွက်တခုနှင့်တခုကြားက ကမ်းပါး) ပါးတဲ့ဘက်ကို ထိုးဖွင့်သွားတယ်လို့ ဆိုပါတယ် ။ အဆိုပါ နွံအိုင်ကို ကာရန်ထားတဲ့ ကျောက်ကမ်းပါးကို လှိုက်စားရာကနေ ပွင့်ထွက်သွားတဲ့ ပြဿနာပါ ။

အောက်မှာ တူးနေတဲ့ ကုမ္မဏီတွေဟာ တူးရင်းတူရင်းနဲ့ နွံအိုင်ကို ဒိုင်ချန်က ထမ်းထားရသလို ဖြစ်နေတာပါ ။ တံတိုင်းသဖွယ် ချန်ထားတဲ့ နံရံဟာ သူ့ဘေးက ကုမ္မဏီတွေ တူးလို့နက်သထက်နက်လေ နွံအိုင်ကို ထမ်းထားရသလို ဖြစ်လာလေပါပဲ ။ အနီးအနားက ကုမ္မဏီတွေရဲ့ ကျောက်မိုင်းခွဲတဲ့ တုန်ခါမှုကြောင့်ရယ် ၊အချိန်ခါမဲ့ မိုးရွာသွန်မှုကြောင့်ရယ် ၊ နွံအိုင်ကို ထမ်းထားရတဲ့ မြေသားတွေ တဖြည်းဖြည်း နက်သွားတာရယ် ၊နွံအိုင်ထဲကို မြေစာပစ်တာတွေကြောင့် နွံအိုင်ဟာ မူလ ရေဝိတ်အပြင် မြေစာဝိတ်ပါ ပိုလာတာရယ်ကြောင့် ပူပေါင်းခွဲသလို ပွင့်ထွက် သွားရတာပါ ။ နွံအိုင်ဟာ အနက်ပေ အနည်းဆုံး ပေတရာအထက်ရှိပြီး ၊အကျယ် သုံးဧက လောက်ရှိပါတယ် ။

 ဒီလိုအန္တရာကျရောက်နိုင်တဲ့ နေရာတွေ များစွာ ကျန်နေပါသေးတယ် ။ သက်ဆိုင်ရာ ဌာနတွေက အထက်လူကြီးလာတိုင်း အားလုံးကောင်းပါသည်ဆိုတဲ့ အာလဝီ မောင်ရွှီးတွေကြောင့် ဒီလိုတွေ ဖြစ်ရတာပါ ။ လူကြီးသူတွေ လာတိုင်း အောက်ကလူတွေ ကျွေးတဲ့ မုသားတွေ တဝကြီးစားပြီး ပြန်သွားကြခြင်းရဲ့ ရလဒ်ပါပဲ ။

ဒီဖြစ်စဉ်တွေဖြစ်ရခြင်း နောက်ခံ အကြောင်းတခု လုပ်ကွက်လိုင်စင်တွေ တိုးမပေးပဲထားတာ ကြာခြင်းပါပဲ ။ လိုင်စင်သက်တမ်းကုန်တဲ့ ကုမ္မဏီတွေဟာ တူးစရာလုပ်ကွက်မရှိတော့ လုပ်ငန်းအရှိန်မပျက်ဘို့ မရ /ရတဲ့နေရာတွေမှာ အစုစပ်ရှယ်သဘောမျိုးတွေတူးလာရတယ် ။အန္တရာယ်ရှိခြင်း/မရှိခြင်းကို ရွေးချယ်ခွင့်မရှိတော့ဘူး ။အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင်တော့ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်နေကြရတယ် ။နောက်ဆုံးတော့ ရလဒ်က ……

ဖိုးသူတော် (www.phothutaw.com)

Credit:xyznews

#

Latest Comments

Leave a Comment