တောင်​ အဆင်​းလမ်​းမှာ ကားဘီး ​ရေ​လောင်​းတာ ဘာ့​ကြောင်​့လဲ။ အရမ်းကောင်းလို့ ေ၀မျှပေးခြင်းပါ

မူလဆိုက်တွင်ဖတ်ရန် >>>



(​အော်​တိုဂီယာ ကား​လေးများ အဆင်​းကြီးရင်​ဂီယာကြီးနဲ့ ဆင်​းကြပါ)

ပြင်​ဦးလွင်​ က​နေ မန္တ​လေး ကို အဆင်​းလမ်​းမှာတွဲကားကြီး​တွေ၊ ၁၂ ဘီးကားကြီး​တွေ

ဆင်​းလာရာမှာ လမ်​းတ​လျှောက်​ ကားဘီးကို​ရေဖြန်​းပြီး ဆင်​းလာကြပါတယ်​။ ဘာ့​ကြောင်​့ပါလည်​း….?

​တောင်​အဆင်​းလမ်​းမှာ” ဂီယာကြီးနဲ့ ဆင်​းပါလို့ ” သတိ​ပေးဆိုင်​းဘုတ်​​တွေ ​ခြောက်​ထပ်​​ကွေ့မီးသတ်​​ကွေ့ အဆင်​းမှာ ​တွေ့ရတယ်​။

အဆင်​းကြီး​/အဆင်းရှည် ​​တော့ ဘရိတ်​်တအားသုံးရတယ်​ ၊ ဘရိတ်​ဆိုတဲ့အမျိုးကပူလာရင်​ ​ပျောက်​တတ်​တယ်​၊ သတင်​း

​တွေမှာ​ရေးသလို “ဘရိတ်​ ​ပေါက်​တာမဟုတ်​ဘူး​ဗျ၊” ဘရိတ်​​ပျောက်​သွားကြတာ။

အဲသလို ပူပြီး ဘရိတ်​မ​ပျောက်​​အောင်​ကားဘီးကို ​ရေ​လောင်​းပြီး ဆင်​းကြတာ။

​အော်​တိုဂီယာ ကား​လေး​တွေလည်​း ​ဂီယာကြီးပြောင်​းသင်​့တယ်​။

12.4.2019 ကျ​နော် ​​ပြင်​ဦးလွင်​က ဆင်​းလာရာမှာ၁၈ မိုင်​ ​ကွေ့အဆင်​းမှာ အိမ်​စီးကား Suzukiကားအနက်​​ရောင်​ ​တဖက်​ယာဉ်​​ကြော၀င်​ပြီးကျောက်​နံရံဘက်​ ဦးတိုက်​ ဖင်​​ထောင်​ ​နေပါတယ်​။

အရှိန်​မထိန်​းနိုင်​ဘဲ ​ဂျောက်​ထဲ ကျမှာ​ကြောင်​့တဖက်​နံရံ ကို ​ပြေး​ဆောင်​့တဲ့သ​ဘောပါဘဲ။

​အော်​တိုဂီယာ ဆိုပြီး အဆင်​းမှာ ဂီယာကြီး ကိုကားက ​အော်​တို​ပြောင်​းမ​ပေးပါ၊ ဂီယာကြီး 2သို့မဟုတ်​ ၀ိတ်​များရင်​ L ကို ​ပြောင်​း​ပေးရပါမယ်​။အများစုက D ဖြင်​့ ဆင်​း​နေတာ ​တွေ့ရပါတယ်​။

(တချို့က OD သုံးပြီးဆင်​းတယ်​လို့ ဆိုတယ်​)

ကျ​နော်​က​တော့ အဆင်​းကြီးရင်​ ဂီယာ နံပါတ်​ 2 ကို ဘရိတ်​ထိန်​း ပြီးမှ ထည်​့ပါတယ်​၊ အရှိန်​ထိန်​းသွားတာ အရမ်​းသိသာပါတယ်​ ။

ကား​အ​​သေး ဘီးကို ​ရေ​လောင်​းတာ မတူတဲဲ့အမြင်​တချို့။(အပူကျင်​့/အ​အေးကျင်​့တဲ့)

ပြင်​ဦးလွင်​ လမ်​းအဆင်​း ၂၁ မိုင်​မှာ လူတချို့ကားဘီး​ရေ​လောင်​းတယ်​။(ကျ​နော်​လည်​းလောင်​းပါတယ်​)။ ကားစက်​ရပ်​ပြီး ချက်​ချင်​းမ​လောင်​းဘဲ ငါးမိနစ်​ခန်​့ ကြာမှ ​နောက်​တာယာကို အရင်​​လောင်​းပါတယ်​၊ ပြီးမှ ကား​ဂွေ ကို​လောင်​းတယ်​၊ ​နောက်​ဆုံးမှ ဟတ်​ဒရမ်​ကို ​လောင်​းတယ်​။

​ရှေ့ဘီး​လောင်​းရင်​ ညာဘက်​ဘီးက အပူချိန်​အရမ်​းများတယ်​၊ ​ရှေ့ ဘယ်​ဘက်​က ဘီးကိုတာယာ၊ ဘက်​ပလိတ်​ပြား၊ ကား​ဂွေ၊ ​နောက်​်ကား ဘရိတ် ​disc ပြား အစဉ်​လိုက် ​​ရေ​​​လောင်​းပါတယ်​။

“​နောက်​ဆုံး မှ ညာဘက်​ဘီးကို ​ဖော်​ပြပါအတိုင်​း​လောင်​းပြီး “အဆုံးသတ်​ ပါတယ်​။

(ပူလွန်​းလို့ ​ရေ​တွေ အ​ငွေ့ပြန်​ တဲ့ ​အထိပါဘဲ)

တချို့က ​ရေ​လောင်​းတာ လက်​မခံ မကြိုက်​ကြပါဘူးဘရိတ်​ disc ​တွေ drum ​တွေ “လန်​့” ပြီးကွဲတတ်​လို့ပါတဲ့။ (ဒီအတိုင်​း ဆင်​းကြပါတယ်​)။

ဘရိတ်​​ပျောက်​သွားတဲ့ ကျ​နော့သူငယ်​ချင်​း ။

ဘရိတ်​ ရှုးခြမ်​း ပါးရင်​ / ဘရိတ်​ သုံးတာများရင်​်ဘရိတ်​​ပျောက်​သွားတတ်​တယ်​။ကျ​နော့သူငယ်​ချင်​းတ​ယောက်​ ပြင်​ဦးလွင်​ အဆင်​း ဘရိတ်​​ပျောက်​သွားဘူတယ်​။ (​တောင်​​ခြေ ၁၆ မိုင်​မှာ ဖြစ်​လို့ ​တော်​​သေးတာ​ပေါ့) ။

ဘရိတ်​​ပျောက်​ရင်​ ကားဘီး ကို အ​အေးခံ/ခန အနား​ပေးပြီးမှ ပြန်​​မောင်​း သင်​့ပါတယ်​။​ရေ​လောင်​းပြီး ပြန်​ထွက်​မယ်​ဆိုရင်​….

ကားဘီး​ရေ​လောင်​းပြီးရင်​ စက်​နိုး ကာချက်​ချင်​း မထွက်​သင်​့ပါ…ဘရိတ်​ကိုနှစ်​ချက်​​လောက်​ မိ/မမိ အရင်​ စမ်​းကြည်​့ပြီးမှဆက်​ပြီး ဆင်​းသင်​့ပါ​ကြောင်​းအကြံပြု​ရေးသားလိုက်​ရပါတယ်​။

ဖိုးသူတော်(www.phothutaw.com)

Credit:Tin Lay Zaw

Latest Comments

Leave a Comment